လင္မယားနွစ္ဦးပိုင္ကို ဝယ္လွ်င္ တစ္ဦးသေဘာမတူပါက ေဝစုတစ္ဝက္သာ ပိုင္ဆိုင္ျခင္း

လင္မယားနွစ္ဦးပိုင္ကို ဝယ္လွ်င္ တစ္ဦးသေဘာမတူပါက ေဝစုတစ္ဝက္သာ ပိုင္ဆိုင္ျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2019 1:35 pm တွင် တင်ခဲ့သည်
2023 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

ကၽြန္ေတာ္၏ ေက်ာင္းေနဖက္သူငယ္ခ်င္း ေဒၚတင္တင္သိမ့္မွ ကမာရြတ္ျမိဳ႕နယ္ ဂ်န္းရွင္းစကြဲယားတြင္ ေတြ႕ ဆံုရင္း အကူအညီေတာင္းခံလာသည့္ကိစၥမွာ သူငယ္ခ်င္းမတစ္ဦးထံမွ သူမ၏အမ်ိဳးသားသေဘာမတူသည့္ ေျမကြက္တစ္ကြက္ကိုဝယ္ယူမိခဲ့ျပီး မဝယ္မွီကလည္း ထိုေျမကြက္ကို ေရာင္းခ်ရန္ သေဘာမတူေၾကာင္း သတင္းစာတြင္ ေၾကညာထားေၾကာင္း သိရ၏ ။

ယခုအခါ စာခ်ဳပ္စာတမ္းရုံးတြင္ မွတ္ပံုတင္ျပီး ဝယ္ယူထားေသာ္လည္း တစ္ဝက္ပိုင္ဆိုင္မႈ ၊ ပစၥည္းခြဲေဝေပးးေစလိုမႈမ်ားနဲ႕ တရားစြဲဆိုမည္ျဖစ္ေၾကာင္း သိရသျဖင့္ ကၽြန္ေတာ့္အား မည္သို႕ ျပဳလုပ္ရမည္ကို တိုင္ပင္လာျဖင္း ျဖစ္၏ ။

ထိုအခါ နွစ္ဦးပိုင္ပစၥည္းကို နွစ္ဦးသေဘာတူညီလွ်င္ ေရာင္းခ် ၊ ေပါင္နွံ ၊ လႊဲေျပာင္းျပဳလုပ္ပိုင္ဆိုင္ခြင့္ ရွိသလို လင္ကျဖစ္ေစ ၊ မယားကျဖစ္ေစ ၄င္း၏သေဘာဆႏၵကို အထင္အရွားမဟုတ္ဘဲ အဓိပၸာယ္သက္ေရာက္သည့္ သေဘာတူညီခ်က္ရလွ်င္လည္း လႊဲေျပာင္းေရာင္းခ်ပိုင္ခြင့္ရွိတယ္ ။ဒါေပမဲ့ လင္မယား ၂ ဦးအနက္ တစ္ဦးတည္း က်န္တစ္ဦး၏သေဘာတူညီမႈမ်ားမရလွ်င္ လႊဲေျပာင္းေရာင္းခ်ခြင့္ မျပဳႏိုင္ဘူးေလ ။

“ အခုလည္း မသိမ့္ ျဖစ္ေနတဲ့ ပံုစံမ်ိဳးကို ဆံုးျဖတ္ထားတဲ့ စီရင္ထံုးရွိတယ္ ။အဲဒီအမႈမွာဆိုရင္ လင္မယားနွစ္ဦးအတူပိုင္ဆိုင္ေသာ ေျမကြက္ကို မယားျဖစ္သူက လင္သေဘာမတူဘဲ သူတစ္စိမ္းအား မွတ္ပံုတင္စာခ်ဳပ္ ခ်ဳပ္ဆို၍ ေရာင္းခ်ခဲ့ရာ မယားျဖစ္သူ၏ေဝစုသာ အတည္ျဖစ္ျပီး ခင္ပြန္ျဖစ္သူ၏ေဝစု၏ အတည္မျဖစ္ေသာ အေျခအေနတြင္ ခင္ပြန္းျဖစ္သူနွင့္ ေျမကြက္ဝယ္ထားသူတို႕သည္ ေျမကြက္ကို တစ္ဝက္စီသာ ပိုင္ခြင့္ရွိျပီး လင္ျဖစ္သူက ေျမကြက္ဝယ္ထားသူအေပၚ အတည္မျဖစ္ေသာ ၄င္းေဝစုအတြက္ ပစၥည္းခြဲေ၀ေပးေစလိုမႈ စြဲဆိုခြင့္ရွိတယ္ဆိုျပီး “ ေဒါက္တာ ဦးတင္ဦး (၄င္း၏ကိုယ္စားလွယ္ရသူဦးေက်ာ္ေက်ာ္) နွင့္ ေဒၚေအးေအးသန္း ၊ ၂၀၀၅ ခုနွစ္ ၊ တရားမအထူးအယူခံမႈ အမွတ္ ၆ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး ၊ စား-၅၂ ” မွာ ဆံုးျဖတ္ထားတယ္ ”

“ အမႈမွာ ေဒါက္တာတင္ဦး၏ သေဘာတူညီခ်က္ မရရွိဘဲ ဇနီးျဖစ္သူ ေဒၚခင္သက္ထား (ခ) ေဒၚသက္ထား ေဒၚေအးေအးသန္းကို မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္အမွတ္ ၁၁၄၆/၉၇ ျဖင့္ အခ်င္းျဖစ္ ပစၥည္းကို ေရာင္းခ်ျခင္းသည္ ေဒၚခင္သက္ထား (ခ) ေဒၚသက္ထား၏ ေဝစုျဖစ္ေသာ အစိတ္အပိုင္းသာ အတည္ျဖစ္ေသာ္လည္း ခင္ပြန္းျဖစ္သူ ေဒါက္တာ ဦးတင္ဦး၏ေဝစုျဖစ္သည့္ အစိတ္အပိုင္းနွင့္ပတ္သက္၍ တရားဝင္လႊဲေျပာင္းေရာင္းခ်ရာ မေရာက္ေခ် ”

“ အဆိုပါ အေရာင္းအဝယ္ မွတ္ပံုတင္စာခ်ဳပ္တြင္ မူလရုံးတရားလို ေဒါက္တာဦးတင္ဦး၏ အက်ိဳးခံစားခြင့္နွင့္ သက္ဆိုင္သမွ် ပ်က္ျပယ္ေၾကာင္းကို တရားရုံးခ်ဳပ္ တရားမ ပထမအယူခံမႈ အမွတ္ ၂၇၁/ ၂၀၀၀ ၏ ဆံုးျဖတ္ခ်က္သည္ အတည္ျဖစ္လ်က္ရွိပါသည္ ။ လင္မယားနွစ္ဦးပိုင္ပစၥည္းတြင္ လင္နွင့္မယားတို႕ သည္ အညီအမွ် အက်ိဳးခံစားခြင့္ရွိေၾကာင္းကို “ မခင္ နွင့္ ေမာင္ဖိုးစိန္အမႈ ၊ (၃)၆ ရန္ကုန္ စာ-၁ ” မွာ ေတြ႕ႏိုင္ပါတယ္ ။ေရာင္းခ်ခဲ့ေသာ အခ်င္းျဖစ္ပစၥည္းေတြကို လင္ျဖစ္သူ တရားလို ေဒါက္တာဦးတင္ဦး၏ ေဝစုထက္ဝက္သည္ ပယ္ဖ်က္ခဲ့ျပီး ျဖစ္ရာ ၊ ယင္းပစၥည္းေပၚတြင္ ေဒါက္တာဦးတင္ဦးအေနျဖင့္ ေဒၚေအးေအးသန္းနွင့္အတူ ပူးတြဲပိုင္ဆိုင္ခြင့္ ရရွိသည္မွာ ထင္ရွားပါတယ္ ”

“ ဤအေျခအေနတြင္ ဝယ္ယူသူမူလရုံးတရားျပိဳင္ ေဒၚေအးေအးသန္းနွင့္မူလရုံးတရားလို ေဒါက္တာဦးတင္ဦးတို႕သည္ အခ်င္းျဖစ္ေျမကြက္ေပၚတြင္ တစ္ဝက္စီ ပူးတြဲပိုင္သူမ်ားအျဖစ္ တည္ရွိေနမွာျဖစ္တယ္ ။ အခ်င္းျဖစ္ေျမကြက္ကို ေဒၚေအးေအးသန္းက မွတ္ပံုတင္စာခ်ဳပ္ခ်ဳပ္ဆိုဝယ္ယူျပီး လက္ေရာက္ရယူထားသည္ ဟု ဆိုေသာ္လည္း အခ်င္းျဖစ္ေျမကြက္တြင္ ေဒါက္တာဦးတင္ဦးသည္ ပူးတြဲပိုင္ရွင္အျဖစ္ အခြင့္အေရးအညီအမွ် ရရွိပါတယ္ ။ထို႕ျပင္ လင္မယားနွစ္ဦးပိုင္ လက္ရွိထားေသာ ေျမကြက္ကို လင္သေဘာတူညီခ်က္မရဘဲ ေရာင္းခ်ရာတြင္ ဥပေဒသေဘာအရ လင္သည္ လက္ရွိထားျမဲျဖစ္သည္မွာ ျမင္သာပါတယ္ ။ သို႕ျဖစ္၍ အခ်င္းျဖစ္ပစၥည္းကို တရားလိုနွင့္တရားျပိဳင္တို႕ အက်ိဳးခံစားမႈ သို႕မဟုတ္္ အခြင့္အေရး အညီအမွ် ရရွိသည့္အျပင္ အခ်င္းျဖစ္ပစၥည္းတြင္ တရားလိုနွင့္တရားျပိဳင္တို႕သည္ အညီအမွ် လက္ရွိျဖစ္ေၾကာင္း ေပၚေပါက္သည့္ အေျခအေနတြင္ ပူးတြဲပိုင္ဆိုင္သူတစ္ဦးက အျခားပူးတြဲပိုင္ဆိုင္သူတစ္ဦးအေပၚ ပစၥည္းခြဲေဝေပးေစလိုမႈ စြဲဆိုရန္သာ ရွိေပေတာ့သည္ ။

“ ရန္ကုန္တိုင္း တရားရုံး ၂၀၀၃ ခုနွစ္ ၊ တရားမၾကီးမႈ အမွတ္ ၃၉၀ တြင္ တရားလို ေဒါက္တာဦးတင္ဦးက ၄င္း၏အခြင့္ရကိုယ္စာလွယ္ ဦးေက်ာ္ေက်ာ္မွ တစ္ဆင့္ တရားျပိဳင္ ေဒၚေအးေအးသန္းအေပၚ ပစၥည္းခြဲေဝေပးေစလိုမႈ စြဲဆိုရာအႏိုင္ဒီကရီရရွိတယ္ ”

“ တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ဒီကရီကို ေဒၚေအးေအးသန္းက ေက်နပ္မႈမရွိသျဖင့္ တရားရုံးခ်ဳပ္တြင္ ၂၀၀၄ ခုနွစ္ တရားမ ပထမအယူခံအမွတ္ ၁၁ အရ အယူခံဝင္ေရာက္ရာ တရားရုံးခ်ဳပ္က မူလရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို ပယ္ခ်က္ျပီး တရားလိုစြဲဆိုေသာ အမႈကို စရိတ္နွင့္တကြ ပလပ္ခဲ့တယ္”

“ ထို႕ေၾကာင့္ ေဒါက္တာဦးတင္ဦးက တရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ ဒီကရီကို ၂၀၀၀ ျပည့္နွစ္ ၊ တရားစီရင္ေရးဥပေဒပုဒ္မ ၇ အရ အထူးအယူခံဝင္ခြင့္ျပဳရန္ ေလွ်ာက္ထားသည့္အခါ တရားရုံးခ်ဳပ္အထူးခံုရုံးက ၾကားနာရန္ အထူးအယူခံ ဝင္ခြင့္ျပဳခဲ့တာပါ ”

“ အမႈျဖစ္စဥ္မွာ မူလရုံးတရားလို ေဒါက္တယဦးတင္ဦးက ရန္ကုန္တိုင္း ၊မရမ္းကုန္းျမိဳ႕နယ္ ၊ ေရႊနွင္းဆီလမ္း ၊ အမွတ္ ၁၀၀၈ အက္ဖ္ ၊ ေျမတိုင္းရပ္ကြက္ ၄၅ ၊သမိုင္း ၊ ေျမကြက္အမွတ္ ၁-ခ/၁၅၈ ဟုေခၚတြင္ေသာ ေျမကြက္ကို ၄င္းနွင့္ဇနီးေဒၚခက္သက္ထား (ခ) ေဒၚသက္ထားတို႕က တရားဝင္ပိုင္ဆိုင္ျပီး ေဒၚခင္သက္ထားက တရားျပိဳင္သို႕ မွတ္ပံုတင္စာခ်ဳပ္အမွတ္ ၁၁၄၆/၉၇ ျဖင့္ ေရာင္းခ်ခဲ့တယ္ ။ထိုသို႕ ေရာင္းဝယ္ျခင္း မျပဳမီကပင္ မူလရုံးတရားလိုျဖစ္သူက ရပ္ကြက္ရုံးနွင့္ ေန႕စဥ္ထုတ္သတင္းစာမ်ားတြင္ အေရာင္းအဝယ္မျပဳလုပ္ရန္ တရားဝင္ကန္႕ကြက္တားျမစ္ခဲ့ေၾကာင္းနွင့္ ရန္ကုန္တိုင္း တရားရုံး တရာမၾကီးမႈ အမွတ္ ၂၅၉/၉၈ တြင္ ေျမကြက္အေရာင္းအဝယ္ စာခ်ဳပ္ ပယ္ဖ်က္ေစရန္နွင့္ ေျမကြက္အား လက္ေရာက္ျပန္လည္ေပးအပ္ေစရန္ အဆိုျပဳေတာင္းဆိုခဲ့ရာ တိုင္းတရားရုံးက အေရာင္းအဝယ္စာခ်ဳပ္အား ပယ္ဖ်က္ေပးခဲေသာ္လည္း ေျမကြက္အား ျပန္လည္ေပးအပ္ရမည့္ သက္သာခြင့္ျငင္းပယ္ခဲ့ပါတယ္ ။ထိုတရားမၾကီးမႈတြင္ တရားလို၏ အက်ိဳးခံစာခြင့္ကို ရယူလိုပါက ဝယ္သူအေပၚ ပစၥည္းခြဲေဝေပးေစလိုမႈ စြဲဆိုခြင့္ရွိသည္ဟု စီရင္ဆံုးျဖတ္ခဲ့ပါတယ္ ။

“ ေနာက္ဆံုး တရားရုံးခ်ဳပ္၏ အထူးခံုရုံးက ဆံုးျဖတ္သည္မွာ ခင္ပြန္းျဖစ္သူနွင့္ ေျမကြက္ဝယ္ယူထားသူတို႕သည္ ေျမကြက္ကို ထက္ဝက္စီသာပိုင္ဆိုင္ခြင့္ ရွိေၾကာင္းနွင့္ ေျမကြက္ဝယ္ယူထားသူအေပၚ ခင္ပြန္ျဖစ္သူက အတည္မျဖစ္ေသာ၄င္း၏ေဝစုအတြက္ ပစၥည္းခြဲေဝေပးေစလိုမႈ စြဲဆိုပိုင္ခြင့္ရွိေၾကာင္းျဖင့္ ဤတရားမအထူးအယူခံမႈကို ခြင့္ျပဳျပီး တရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ ဒီကရီကို ပယ္ဖ်က္က တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို စရိတ္နွင့္တကြ ျပန္လည္အတည္ျပဳေၾကာင္း ဆံုးျဖတ္ခဲ့ပါတယ္ ။”

“ ကဲ စီရင္ထံုးကေတာ့ အဲဒီအတိုင္းပဲ မသိမ့္ေရ ။ေရာင္းခ်ခဲ့သူတို႕ရဲ႕ ဆႏၵအတိုင္းသာ လုပ္ေပးရမွာေပါ့ကြာ ။တစ္ခုေတာ့ရွိပါတယ္ ။ဝယ္ထားတဲ့ေျမကြက္ကေတ့ ျပန္ေပးရမွာ မဟုတ္ေပမယ့္ ကိုယ္ေပးခဲ့ေျမကြက္တန္ဖိုးဟာ ေျမတစ္ဝက္ကိုပဲ ရတယ္လို႕သာ မွတ္လိုက္ပါကြာ ” ဟု နွစ္သိမ့္လိုက္ရပါေတာ့သည္ ။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (ဥပေဒ)

### Unicode Version ###

ကျွန်တော်၏ ကျောင်းနေဖက်သူငယ်ချင်း ဒေါ်တင်တင်သိမ့်မှ ကမာရွတ်မြို့နယ် ဂျန်းရှင်းစကွဲယားတွင် တွေ့ ဆုံရင်း အကူအညီတောင်းခံလာသည့်ကိစ္စမှာ သူငယ်ချင်းမတစ်ဦးထံမှ သူမ၏အမျိုးသားသဘောမတူသည့် မြေကွက်တစ်ကွက်ကိုဝယ်ယူမိခဲ့ပြီး မဝယ်မှီကလည်း ထိုမြေကွက်ကို ရောင်းချရန် သဘောမတူကြောင်း သတင်းစာတွင် ကြေညာထားကြောင်း သိရ၏ ။

ယခုအခါ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင်ပြီး ဝယ်ယူထားသော်လည်း တစ်ဝက်ပိုင်ဆိုင်မှု ၊ ပစ္စည်းခွဲဝေပေးးစေလိုမှုများနဲ့ တရားစွဲဆိုမည်ဖြစ်ကြောင်း သိရသဖြင့် ကျွန်တော့်အား မည်သို့ ပြုလုပ်ရမည်ကို တိုင်ပင်လာဖြင်း ဖြစ်၏ ။

ထိုအခါ နှစ်ဦးပိုင်ပစ္စည်းကို နှစ်ဦးသဘောတူညီလျှင် ရောင်းချ ၊ ပေါင်နှံ ၊ လွှဲပြောင်းပြုလုပ်ပိုင်ဆိုင်ခွင့် ရှိသလို လင်ကဖြစ်စေ ၊ မယားကဖြစ်စေ ၎င်း၏သဘောဆန္ဒကို အထင်အရှားမဟုတ်ဘဲ အဓိပ္ပာယ်သက်ရောက်သည့် သဘောတူညီချက်ရလျှင်လည်း လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိတယ် ။ဒါပေမဲ့ လင်မယား ၂ ဦးအနက် တစ်ဦးတည်း ကျန်တစ်ဦး၏သဘောတူညီမှုများမရလျှင် လွှဲပြောင်းရောင်းချခွင့် မပြုနိုင်ဘူးလေ ။

“ အခုလည်း မသိမ့် ဖြစ်နေတဲ့ ပုံစံမျိုးကို ဆုံးဖြတ်ထားတဲ့ စီရင်ထုံးရှိတယ် ။အဲဒီအမှုမှာဆိုရင် လင်မယားနှစ်ဦးအတူပိုင်ဆိုင်သော မြေကွက်ကို မယားဖြစ်သူက လင်သဘောမတူဘဲ သူတစ်စိမ်းအား မှတ်ပုံတင်စာချုပ် ချုပ်ဆို၍ ရောင်းချခဲ့ရာ မယားဖြစ်သူ၏ဝေစုသာ အတည်ဖြစ်ပြီး ခင်ပွန်ဖြစ်သူ၏ဝေစု၏ အတည်မဖြစ်သော အခြေအနေတွင် ခင်ပွန်းဖြစ်သူနှင့် မြေကွက်ဝယ်ထားသူတို့သည် မြေကွက်ကို တစ်ဝက်စီသာ ပိုင်ခွင့်ရှိပြီး လင်ဖြစ်သူက မြေကွက်ဝယ်ထားသူအပေါ် အတည်မဖြစ်သော ၎င်းဝေစုအတွက် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုခွင့်ရှိတယ်ဆိုပြီး “ ဒေါက်တာ ဦးတင်ဦး (၎င်း၏ကိုယ်စားလှယ်ရသူဦးကျော်ကျော်) နှင့် ဒေါ်အေးအေးသန်း ၊ ၂၀၀၅ ခုနှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၆ ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စား-၅၂ ” မှာ ဆုံးဖြတ်ထားတယ် ”

“ အမှုမှာ ဒေါက်တာတင်ဦး၏ သဘောတူညီချက် မရရှိဘဲ ဇနီးဖြစ်သူ ဒေါ်ခင်သက်ထား (ခ) ဒေါ်သက်ထား ဒေါ်အေးအေးသန်းကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ် ၁၁၄၆/၉၇ ဖြင့် အချင်းဖြစ် ပစ္စည်းကို ရောင်းချခြင်းသည် ဒေါ်ခင်သက်ထား (ခ) ဒေါ်သက်ထား၏ ဝေစုဖြစ်သော အစိတ်အပိုင်းသာ အတည်ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ ဒေါက်တာ ဦးတင်ဦး၏ဝေစုဖြစ်သည့် အစိတ်အပိုင်းနှင့်ပတ်သက်၍ တရားဝင်လွှဲပြောင်းရောင်းချရာ မရောက်ချေ ”

“ အဆိုပါ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်တွင် မူလရုံးတရားလို ဒေါက်တာဦးတင်ဦး၏ အကျိုးခံစားခွင့်နှင့် သက်ဆိုင်သမျှ ပျက်ပြယ်ကြောင်းကို တရားရုံးချုပ် တရားမ ပထမအယူခံမှု အမှတ် ၂၇၁/ ၂၀၀၀ ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်လျက်ရှိပါသည် ။ လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် လင်နှင့်မယားတို့ သည် အညီအမျှ အကျိုးခံစားခွင့်ရှိကြောင်းကို “ မခင် နှင့် မောင်ဖိုးစိန်အမှု ၊ (၃)၆ ရန်ကုန် စာ-၁ ” မှာ တွေ့နိုင်ပါတယ် ။ရောင်းချခဲ့သော အချင်းဖြစ်ပစ္စည်းတွေကို လင်ဖြစ်သူ တရားလို ဒေါက်တာဦးတင်ဦး၏ ဝေစုထက်ဝက်သည် ပယ်ဖျက်ခဲ့ပြီး ဖြစ်ရာ ၊ ယင်းပစ္စည်းပေါ်တွင် ဒေါက်တာဦးတင်ဦးအနေဖြင့် ဒေါ်အေးအေးသန်းနှင့်အတူ ပူးတွဲပိုင်ဆိုင်ခွင့် ရရှိသည်မှာ ထင်ရှားပါတယ် ”

“ ဤအခြေအနေတွင် ဝယ်ယူသူမူလရုံးတရားပြိုင် ဒေါ်အေးအေးသန်းနှင့်မူလရုံးတရားလို ဒေါက်တာဦးတင်ဦးတို့သည် အချင်းဖြစ်မြေကွက်ပေါ်တွင် တစ်ဝက်စီ ပူးတွဲပိုင်သူများအဖြစ် တည်ရှိနေမှာဖြစ်တယ် ။ အချင်းဖြစ်မြေကွက်ကို ဒေါ်အေးအေးသန်းက မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူပြီး လက်ရောက်ရယူထားသည် ဟု ဆိုသော်လည်း အချင်းဖြစ်မြေကွက်တွင် ဒေါက်တာဦးတင်ဦးသည် ပူးတွဲပိုင်ရှင်အဖြစ် အခွင့်အရေးအညီအမျှ ရရှိပါတယ် ။ထို့ပြင် လင်မယားနှစ်ဦးပိုင် လက်ရှိထားသော မြေကွက်ကို လင်သဘောတူညီချက်မရဘဲ ရောင်းချရာတွင် ဥပဒေသဘောအရ လင်သည် လက်ရှိထားမြဲဖြစ်သည်မှာ မြင်သာပါတယ် ။ သို့ဖြစ်၍ အချင်းဖြစ်ပစ္စည်းကို တရားလိုနှင့်တရားပြိုင်တို့ အကျိုးခံစားမှု သို့မဟုတ် အခွင့်အရေး အညီအမျှ ရရှိသည့်အပြင် အချင်းဖြစ်ပစ္စည်းတွင် တရားလိုနှင့်တရားပြိုင်တို့သည် အညီအမျှ လက်ရှိဖြစ်ကြောင်း ပေါ်ပေါက်သည့် အခြေအနေတွင် ပူးတွဲပိုင်ဆိုင်သူတစ်ဦးက အခြားပူးတွဲပိုင်ဆိုင်သူတစ်ဦးအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုရန်သာ ရှိပေတော့သည် ။

“ ရန်ကုန်တိုင်း တရားရုံး ၂၀၀၃ ခုနှစ် ၊ တရားမကြီးမှု အမှတ် ၃၉၀ တွင် တရားလို ဒေါက်တာဦးတင်ဦးက ၎င်း၏အခွင့်ရကိုယ်စာလှယ် ဦးကျော်ကျော်မှ တစ်ဆင့် တရားပြိုင် ဒေါ်အေးအေးသန်းအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုရာအနိုင်ဒီကရီရရှိတယ် ”

“ တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို ဒေါ်အေးအေးသန်းက ကျေနပ်မှုမရှိသဖြင့် တရားရုံးချုပ်တွင် ၂၀၀၄ ခုနှစ် တရားမ ပထမအယူခံအမှတ် ၁၁ အရ အယူခံဝင်ရောက်ရာ တရားရုံးချုပ်က မူလရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ချက်ပြီး တရားလိုစွဲဆိုသော အမှုကို စရိတ်နှင့်တကွ ပလပ်ခဲ့တယ်”

“ ထို့ကြောင့် ဒေါက်တာဦးတင်ဦးက တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ၂၀၀၀ ပြည့်နှစ် ၊ တရားစီရင်ရေးဥပဒေပုဒ်မ ၇ အရ အထူးအယူခံဝင်ခွင့်ပြုရန် လျှောက်ထားသည့်အခါ တရားရုံးချုပ်အထူးခုံရုံးက ကြားနာရန် အထူးအယူခံ ဝင်ခွင့်ပြုခဲ့တာပါ ”

“ အမှုဖြစ်စဉ်မှာ မူလရုံးတရားလို ဒေါက်တယဦးတင်ဦးက ရန်ကုန်တိုင်း ၊မရမ်းကုန်းမြို့နယ် ၊ ရွှေနှင်းဆီလမ်း ၊ အမှတ် ၁၀၀၈ အက်ဖ် ၊ မြေတိုင်းရပ်ကွက် ၄၅ ၊သမိုင်း ၊ မြေကွက်အမှတ် ၁-ခ/၁၅၈ ဟုခေါ်တွင်သော မြေကွက်ကို ၎င်းနှင့်ဇနီးဒေါ်ခက်သက်ထား (ခ) ဒေါ်သက်ထားတို့က တရားဝင်ပိုင်ဆိုင်ပြီး ဒေါ်ခင်သက်ထားက တရားပြိုင်သို့ မှတ်ပုံတင်စာချုပ်အမှတ် ၁၁၄၆/၉၇ ဖြင့် ရောင်းချခဲ့တယ် ။ထိုသို့ ရောင်းဝယ်ခြင်း မပြုမီကပင် မူလရုံးတရားလိုဖြစ်သူက ရပ်ကွက်ရုံးနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် အရောင်းအဝယ်မပြုလုပ်ရန် တရားဝင်ကန့်ကွက်တားမြစ်ခဲ့ကြောင်းနှင့် ရန်ကုန်တိုင်း တရားရုံး တရာမကြီးမှု အမှတ် ၂၅၉/၉၈ တွင် မြေကွက်အရောင်းအဝယ် စာချုပ် ပယ်ဖျက်စေရန်နှင့် မြေကွက်အား လက်ရောက်ပြန်လည်ပေးအပ်စေရန် အဆိုပြုတောင်းဆိုခဲ့ရာ တိုင်းတရားရုံးက အရောင်းအဝယ်စာချုပ်အား ပယ်ဖျက်ပေးခဲသော်လည်း မြေကွက်အား ပြန်လည်ပေးအပ်ရမည့် သက်သာခွင့်ငြင်းပယ်ခဲ့ပါတယ် ။ထိုတရားမကြီးမှုတွင် တရားလို၏ အကျိုးခံစာခွင့်ကို ရယူလိုပါက ဝယ်သူအပေါ် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုခွင့်ရှိသည်ဟု စီရင်ဆုံးဖြတ်ခဲ့ပါတယ် ။

“ နောက်ဆုံး တရားရုံးချုပ်၏ အထူးခုံရုံးက ဆုံးဖြတ်သည်မှာ ခင်ပွန်းဖြစ်သူနှင့် မြေကွက်ဝယ်ယူထားသူတို့သည် မြေကွက်ကို ထက်ဝက်စီသာပိုင်ဆိုင်ခွင့် ရှိကြောင်းနှင့် မြေကွက်ဝယ်ယူထားသူအပေါ် ခင်ပွန်ဖြစ်သူက အတည်မဖြစ်သော၎င်း၏ဝေစုအတွက် ပစ္စည်းခွဲဝေပေးစေလိုမှု စွဲဆိုပိုင်ခွင့်ရှိကြောင်းဖြင့် ဤတရားမအထူးအယူခံမှုကို ခွင့်ပြုပြီး တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကို ပယ်ဖျက်က တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို စရိတ်နှင့်တကွ ပြန်လည်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ် ။”

“ ကဲ စီရင်ထုံးကတော့ အဲဒီအတိုင်းပဲ မသိမ့်ရေ ။ရောင်းချခဲ့သူတို့ရဲ့ ဆန္ဒအတိုင်းသာ လုပ်ပေးရမှာပေါ့ကွာ ။တစ်ခုတော့ရှိပါတယ် ။ဝယ်ထားတဲ့မြေကွက်ကတေ့ ပြန်ပေးရမှာ မဟုတ်ပေမယ့် ကိုယ်ပေးခဲ့မြေကွက်တန်ဖိုးဟာ မြေတစ်ဝက်ကိုပဲ ရတယ်လို့သာ မှတ်လိုက်ပါကွာ ” ဟု နှစ်သိမ့်လိုက်ရပါတော့သည် ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service