အတုိးယူကာ အိမ္ေဆာက္ခဲ့မိတဲ့အမွား

အတုိးယူကာ အိမ္ေဆာက္ခဲ့မိတဲ့အမွား - Property Knowledge in Myanmar from iMyanmarHouse.com
17 Sep 2019 12:13 pm တွင် တင်ခဲ့သည်
2099 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

ယခုနွစ္မွာ အိမ္ျခံေျမ အေရာင္းအဝယ္နဲ႕ တိုက္ခန္းအေရာင္းအဝယ္ေတြ ေတာ္ေတာ္ေလးေအးသြားၾကတဲ့အတြက္ အိမ္ျခံေျမ ျပန္ေရာင္းခ်င္တဲ့သူေတြ ၊ ေငြေၾကးအျမန္လိုအပ္ေနတဲ့သူေတြကေတာ့ အိမ္ျခံေျမအေရာင္းအဝယ္ေတြ တိုက္ခန္းအေရာင္းအဝယ္ေတြ ေဈးေကာင္းလာမယ့္ အခ်ိန္ကို မေစာင့္ႏိုင္ၾကေတာ့ပါဘူး။

ေမတၱာျဖင့္ အတိုးမဲ့ ေငြေခ်းမယ့္ ေနရာရွိရင္ လက္တို႔ပါ

လိုအပ္ေနတဲ့ေငြေၾကးေတြကိုအျမန္ရဖို႕” ေျမြအစာရွာသလို ” အပူတျပင္းရွာေဖြၾကရေတာ့တယ္။ ဒီအခ်ိန္မ်ိဳးမွာ အသည္းအသန္လိုအပ္ေနတဲ့ သိန္း (၅၀) သိန္း (၁၀၀၀) ကို ဘယ္ေဆြမ်ိဳးကမ်ား အတိုးမဲ့ ထုတ္ေပးမလဲလို႕ ေမးၾကည့္လိုက္တဲ့အခါ ေမတၱာနဲ႕ အတိုးမဲ့ေငြေခ်းမယ့္သူမရွိတာကို ထင္ထင္ရွားရွား ေတြ႕ရပါတယ္။

ဆရာတပည့္ဆိုျပီး အတိုးမဲ့ေငြေခ်းတာမရွိေတာ့ပါ

ဒီေငြေတြကို ရွာၾကံၾကတဲ့အခါ ရပ္ကြက္အတြင္းေနသူဆိုရင္ ရပ္ကြက္ထဲမွာ အတိုးေပးစားသူထံ ခ်ဥ္းကပ္ရတာေပါ့။ ကုမၸဏီဝန္ထမ္းျဖစ္ရင္ ကုမၸဏီပိုင္ရွင္ထံ ခ်ဥ္းကပ္ျပီးေငြေခ်းရင္ရႏိုင္တာေပါ့။ ရပ္ကြက္ထဲက အတိုးေပးစားသူကလည္း အတိုးမရရင္ ေငြေခ်းေတာ့မွာ မဟုတ္ပါဘူး။ ထို႕အတူပဲ ကုမၸဏီပိုင္ရွင္ဆိုသူက လည္း သူ႕ဝန္ထမ္းျဖစ္လို႕ဆိုျပီး အတိုးမဲ့ေငြေခ်းမွာေတာ့မဟုတ္ပါဘူး။ အတိုးရမွဘဲ ေငြေခ်းၾကတာပါပဲ။

ေျမကြက္ဝယ္ ၊ ဂရန္ေပါင္ တိုက္ေဆာက္မိတဲ့ ဇနီးေမာင္နွံ

ကုမၸဏီဝန္ထမ္းတစ္ဦးျဖစ္တဲ့ မေဌးေဌးတို႕ဇနီးေမာင္နွံဟာ မိမိတို႕ၾကိဳးစား ရွာေဖြထားတဲ့ အရင္းအနီေငြမ်ားနဲ႕ ေျမာက္ဒဂံု (၄၈)ရပ္ကြက္ မွာ ေပ ၄၀ ၊ ေပ ၆၀ ေျမကြက္ တစ္ကြက္ ဝယ္ယူခဲ့ၾကတယ္။

၂၀၁၀ ခုနွစ္ေလာက္က ဝယ္ယူခဲ့ၾကတာမို႕ ေျမကြက္တစ္ကြက္မွာ သိန္း (၅၀) ေလာက္ပဲ ေပးႏိုင္ေသးေတာ့ မိဘအိမ္မွာပဲ ကပ္ေနရတာေပါ့။ ဇနီးေမာင္နွံ ရွာေဖြရတဲ့ ေငြေၾကးေလးေတြကို ျခစ္ျခဳတ္စုကာ လစာထုတ္ရင္ အိမ္ေဆာက္ဖို႔႕ သံေျပးဝယ္လိုက္ ၊ သြပ္ေျပးဝယ္လိုက္နဲ႕ စုေဆာင္းလိုက္နဲ႕ စုေဆာင္းရင္အိမ္ေဆာက္လိုက္ၾကတာေငြလိုလာေတာ့ သူေဌးဆီမွာ အိမ္ဂရန္ေပါင္ေငြေခ်းျပီး အိမ္ေဆာက္ၾကတာ အခုေတာ့ တစ္ထပ္တိုက္ကေလး အၾကမ္းထည္ေတာင္ျပီးသြားျပီ အဝီစိတြင္းလည္း တူးျပီးျပီ ေရမီးအစံုျခံစည္ရုိးအကာအရံအျပည့္နဲ႕ ေနခ်င္စဖြယ္ျဖစ္လာတဲ့ အခ်ိန္ေရာက္မွ ေယာက်္ားျဖစ္သူအလုပ္အကိုင္မေကာင္းေတာ့ အိမ္က အျပီးမသတ္ႏိုင္ျဖစ္ေနတယ္။

ေငြေခ်းျပီး တိုက္ေဆာက္ခဲ့မိတဲ့အမွား ၊ အေၾကြးနဲ႕ အသိမ္းခံရေတာ့မွာလား

အိမ္ေဆာက္ျပီဆိုကတည္းက လင္မယားနွစ္ေယာက္ေပါင္းလစာနဲ႕ မေလာက္ေတာ့ အိမ္ေဆာက္ေနခ်ိန္မွာ အိမ္ေဆာက္ပစၥည္းေတြဝယ္ဖို႕ မရွိတာနဲ႕ ကုမၸဏီပိုင္ရွင္ထံ ေျမကြက္ဂရန္ကို အေပါင္အျဖစ္ေပးထားျပီး ေငြေခ်းခဲ့ရတာ ၾကာသြားျပီး ၊ အိမ္ကလည္းလိုအပ္တဲ့ ပစၥည္းေတြထည့္ျပီး ေဆာက္ခဲ့တာ အခုဆိုရင္ သိန္း (၁၅၀) ေလာက္ကုန္သြားျပီး ေရွ႕ဆက္မတိုးႏိုင္ျဖစ္ေနျပီး ဒီအတိုင္းဆိုရင္ ကုမၸဏီသူေဌးဆီမွာ အပ္ထားတဲ့ ဂရန္ကလည္း ျပန္ေရြးဖို႕က ကမ္းမျမင္လမ္းမျမင္ ၊ ဒါ့အျပင္ အိမ္ေဆာက္ထားတာကလည္း ေငြေခ်းခဲ့တာေၾကာင့္ အတိုးေတြကိုလည္း အကုန္မဆပ္ႏိုင္ေသး ၊ အေၾကြးထူကာ လူမသိေပမယ့္ သူေဌးကေတာ့ အတိုးနဲ႕အရင္း ေပါင္းျပီး ဂရန္ကို ျပန္ေရြးခိုင္းေနျပီး လက္ရွိ အေျခအေနအရ ျပန္ေရြးနိုင္ဖို႕ လမ္းမျမင္ရ ၊ ဒီေတာ့လည္း ေျမနဲ႕အိမ္ကို သူေဌးလက္ “ ဝကြက္ ” အပ္လိုက္ရတာေပါ့။

ပါဝါမယုူခဲ့မိလို႕ ဂရန္အမည္ေပါက္ထံ အကူအညီ ေတာင္းရျပန္

လက္ရွိ ေျမာက္ဒဂံုလိုေနရာမ်ိဳးမွာ ေျမနဲ႕အိမ္ဝယ္ရင္အနည္းဆံုး သိန္း (၈၀၀) ေလာက္ေတာ့ေပးရပါတယ္။ အခုေတာ့ ဘယ္တတ္ႏိုင္မွာလဲ ေျမနဲ႔႕အိမ္တန္ဖိုး သိန္း (၆၀၀) ေလာက္ထားေပးပါလို႕ ေတာင္းပန္ရတာေပါ့။ သူေဌးက လည္းအတိုးနဲ႕ အရင္းေပါင္းရင္ သိန္း (၃၀၀) ေလာက္ပဲ ျပန္အမ္းရမွာဆုိေတာ့ ယူထားလိုက္ပါတယ္။ အဲ ဝယ္ယူလိုက္တာေတာ့ ဟုတ္ပါျပီ ပိုင္ဆိုင္မႈ ခုိင္မာဖို႕ဂရန္အမည္ေပါက္သူက ကုမၸဏိီဝန္ထမ္း “ မေဌး” အမည္မဟုတ္ဘဲ “ ေစာကလ်ာ ” အမည္ေပါက္ဂရန္ျဖစ္ေနတယ္။ “ ေစာကလ်ာ ”ထံက ေျမကြက္ ဝယ္စဥ္က အရပ္ကတိ အေရာင္းအဝယ္ စာခ်ဳပ္ခဲ့တာအခု သူေဌးက ဝယ္ျပီး နာမည္ေျပာင္းခ်င္တယ္ေျပာေနတယ္။ ဒီေတာ့ အမည္ေပါက္ ျပန္ရွာရေတာ့တာေပါ့။ အမည္ေပါက္ “ ကလ်ာ ” က ေတာင္ဥကၠလာပမွာ ေျပာင္းသြားတာ သိရေတာ့ လိုက္သြားျပီး ဝယ္သူကို Special Power (အထူးကိုယ္စားလွယ္လႊဲစာ) လႊဲေပးဖို႕ သြားျပီး အကူအညီေတာင္းပါေသးတယ္။

အားနာပါးနား ကိုယ္စားလွယ္လႊဲမေပး (၁၀)သိန္းေလာက္ေပးပါ။

အကူအညီေတာင္းတယ္သာ ေျပာတာပါ။ လက္ခ်ည္းဗလာသြားလို႕ကေတာ့ Sorry ပဲ ေျပယာလႊတ္လိုက္မွာ ။ဒီေတာ့ “ လက္ေဆာင္ပါတဲ့ ဧည့္သည္မ်ိဳးအိမ္ရွင္စိတ္မဆိုး ” ဆိုတဲ့ဆိုရုိးစကားအတိုင္းမုန္႕လက္ေဆာင္ယူသြားျပီး အကူအညီေတာင္းရတာေပါ့။ စာခ်ဳပ္ရုံးမွာ ပါဝါလိုက္လုပ္ေပးပါဆိုကတည္းက ဂရန္အမည္ေပါက္သူကလည္း သိေနတယ္ေလ။ အားနားပါးနာလိုက္လုပ္ေပးပါမယ္။ ဒါေပမဲ့ ပါဝါလႊဲခ (၁၀)သိန္းေလာက္ေပးမွ လိုက္လုပ္ေပးႏိုင္မယ္လို႕ေတာင္းဆိုပါေလေရာ ။

ကိုယ္စားလွယ္လႊဲစာမယူခဲ့မိလို႕ ေနာက္တရ ၊ ဝန္ခံခ်က္ပါထိုးလိုက္ရ

ဒီေတာ့လည္း ကုမၸဏီ ဝန္ထမ္း “ မေဌး ” မွာ အႏူးအညြတ္ေတာင္းပန္ရေတာ့တာေပါ့။ ကၽြန္မတို႕မွာ လစာနည္း ဝန္ထမ္းျဖစ္လို႕ (၅) သိန္းေလာက္ထားေပးပါေျပာေတာ့ အင္တင္တင္လုပ္ျပီးမွ လိုက္ေလ်ာပါတယ္ ။ စာခ်ဳပ္ရုံးမွာ ပါဝါလိုက္လုပ္ေပးလို႕ ေတာ္ေသးတာေပါ့။ ဒါေတာင္ “ မေဌး ” ကို ကတိ၀န္ခံခ်က္ေတြ လုပ္ခိုင္းေသးတယ္။ တကယ္လို႕မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္တဲ့အခါ ရန္ကုန္တိုင္း အခြန္ဦးစီးရုံးက အခြန္လိုက္လာရင္ ဂရန္အမည္ေပါက္သူက “ မေဌး ” ကသာ က်သင့္ေငြအားလံုးေပးေဆာင္ပါမယ္လို႕ စာခ်ဳပ္ေပၚမွာ လက္မွတ္ေရးထိုးေပးလိုက္ရပါေသးတယ္။

ဒီေတာ့ စာေရးသူစဥ္းစားၾကည့္မိတယ္။ သူကလည္း အမည္ေပါက္ ဂရန္ေျမဝယ္ထားျပီး မိမိအမည္ေပါက္အျဖစ္ ေျပာင္းမထားခဲ့ရင္ “ မေဌး ” လိုပဲ ကိုယ္စားလွယ္ပါဝါလိုခ်င္ရင္ ကိုယ္စားလွယ္လႊဲခ (၅) သိန္း ၊ (၁၀) သိန္း အပိုေဆာင္ေပးထားရဖို႕ လိုေနျပီးတကယ္လို႕ အမည္ေပါက္သူက Sp ,GP ပါဝါမေပးရင္ မွတ္ပံုတင္အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုေပးေစလိုမႈလို႕ ေခါင္းစဥ္တပ္ျပီး တရားစြဲဆို ယူရမွာေလ။

ဒါေၾကာင့္ စာဖတ္သူမ်ားကို ေျပာလိုတာက ဂရန္အမည္ေပါက္ ေျမကြက္ကို ဝယ္ယူေတာ့မယ္ဆိုရင္ ဂရန္အမည္ေပါက္ အသက္ထင္ရွားရွိဆဲမွာ သူတို႕ထံက အေထြေထြကိုယ္စားလွယိလႊဲစာ GP ျဖစ္ေစ ၊ အထူးကိုယ္စားလွယ္လႊဲ SP ျဖစ္စေရယူထားတာ အေကာင္းဆံုးပါပဲလို႕ အၾကံေပးလိုက္ရပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

အိမ္ျခံေျမတိုက္ခန္းဝယ္သူမ်ားအခက္အခဲမွန္သမွ် ေက်ာ္လႊားႏိုင္ပါေစ 

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

 

 ### Unicode Version ###

ယခုနှစ်မှာ အိမ်ခြံမြေ အရောင်းအဝယ်နဲ့ တိုက်ခန်းအရောင်းအဝယ်တွေ တော်တော်လေးအေးသွားကြတဲ့အတွက် အိမ်ခြံမြေ ပြန်ရောင်းချင်တဲ့သူတွေ ၊ ငွေကြေးအမြန်လိုအပ်နေတဲ့သူတွေကတော့ အိမ်ခြံမြေအရောင်းအဝယ်တွေ တိုက်ခန်းအရောင်းအဝယ်တွေ ဈေးကောင်းလာမယ့် အချိန်ကို မစောင့်နိုင်ကြတော့ပါဘူး။

မေတ္တာဖြင့် အတိုးမဲ့ ငွေချေးမယ့် နေရာရှိရင် လက်တို့ပါ

လိုအပ်နေတဲ့ငွေကြေးတွေကိုအမြန်ရဖို့” မြွေအစာရှာသလို ” အပူတပြင်းရှာဖွေကြရတော့တယ်။ ဒီအချိန်မျိုးမှာ အသည်းအသန်လိုအပ်နေတဲ့ သိန်း (၅၀) သိန်း (၁၀၀၀) ကို ဘယ်ဆွေမျိုးကများ အတိုးမဲ့ ထုတ်ပေးမလဲလို့ မေးကြည့်လိုက်တဲ့အခါ မေတ္တာနဲ့ အတိုးမဲ့ငွေချေးမယ့်သူမရှိတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။

ဆရာတပည့်ဆိုပြီး အတိုးမဲ့ငွေချေးတာမရှိတော့ပါ

ဒီငွေတွေကို ရှာကြံကြတဲ့အခါ ရပ်ကွက်အတွင်းနေသူဆိုရင် ရပ်ကွက်ထဲမှာ အတိုးပေးစားသူထံ ချဉ်းကပ်ရတာပေါ့။ ကုမ္ပဏီဝန်ထမ်းဖြစ်ရင် ကုမ္ပဏီပိုင်ရှင်ထံ ချဉ်းကပ်ပြီးငွေချေးရင်ရနိုင်တာပေါ့။ ရပ်ကွက်ထဲက အတိုးပေးစားသူကလည်း အတိုးမရရင် ငွေချေးတော့မှာ မဟုတ်ပါဘူး။ ထို့အတူပဲ ကုမ္ပဏီပိုင်ရှင်ဆိုသူက လည်း သူ့ဝန်ထမ်းဖြစ်လို့ဆိုပြီး အတိုးမဲ့ငွေချေးမှာတော့မဟုတ်ပါဘူး။ အတိုးရမှဘဲ ငွေချေးကြတာပါပဲ။

မြေကွက်ဝယ် ၊ ဂရန်ပေါင် တိုက်ဆောက်မိတဲ့ ဇနီးမောင်နှံ

ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်တဲ့ မဌေးဌေးတို့ဇနီးမောင်နှံဟာ မိမိတို့ကြိုးစား ရှာဖွေထားတဲ့ အရင်းအနီငွေများနဲ့ မြောက်ဒဂုံ (၄၈)ရပ်ကွက် မှာ ပေ ၄၀ ၊ ပေ ၆၀ မြေကွက် တစ်ကွက် ဝယ်ယူခဲ့ကြတယ်။

၂၀၁၀ ခုနှစ်လောက်က ဝယ်ယူခဲ့ကြတာမို့ မြေကွက်တစ်ကွက်မှာ သိန်း (၅၀) လောက်ပဲ ပေးနိုင်သေးတော့ မိဘအိမ်မှာပဲ ကပ်နေရတာပေါ့။ ဇနီးမောင်နှံ ရှာဖွေရတဲ့ ငွေကြေးလေးတွေကို ခြစ်ခြုတ်စုကာ လစာထုတ်ရင် အိမ်ဆောက်ဖို့ သံပြေးဝယ်လိုက် ၊ သွပ်ပြေးဝယ်လိုက်နဲ့ စုဆောင်းလိုက်နဲ့ စုဆောင်းရင်အိမ်ဆောက်လိုက်ကြတာငွေလိုလာတော့ သူဌေးဆီမှာ အိမ်ဂရန်ပေါင်ငွေချေးပြီး အိမ်ဆောက်ကြတာ အခုတော့ တစ်ထပ်တိုက်ကလေး အကြမ်းထည်တောင်ပြီးသွားပြီ အဝီစိတွင်းလည်း တူးပြီးပြီ ရေမီးအစုံခြံစည်ရိုးအကာအရံအပြည့်နဲ့ နေချင်စဖွယ်ဖြစ်လာတဲ့ အချိန်ရောက်မှ ယောကျ်ားဖြစ်သူအလုပ်အကိုင်မကောင်းတော့ အိမ်က အပြီးမသတ်နိုင်ဖြစ်နေတယ်။

ငွေချေးပြီး တိုက်ဆောက်ခဲ့မိတဲ့အမှား ၊ အကြွေးနဲ့ အသိမ်းခံရတော့မှာလား

အိမ်ဆောက်ပြီဆိုကတည်းက လင်မယားနှစ်ယောက်ပေါင်းလစာနဲ့ မလောက်တော့ အိမ်ဆောက်နေချိန်မှာ အိမ်ဆောက်ပစ္စည်းတွေဝယ်ဖို့ မရှိတာနဲ့ ကုမ္ပဏီပိုင်ရှင်ထံ မြေကွက်ဂရန်ကို အပေါင်အဖြစ်ပေးထားပြီး ငွေချေးခဲ့ရတာ ကြာသွားပြီး ၊ အိမ်ကလည်းလိုအပ်တဲ့ ပစ္စည်းတွေထည့်ပြီး ဆောက်ခဲ့တာ အခုဆိုရင် သိန်း (၁၅၀) လောက်ကုန်သွားပြီး ရှေ့ဆက်မတိုးနိုင်ဖြစ်နေပြီး ဒီအတိုင်းဆိုရင် ကုမ္ပဏီသူဌေးဆီမှာ အပ်ထားတဲ့ ဂရန်ကလည်း ပြန်ရွေးဖို့က ကမ်းမမြင်လမ်းမမြင် ၊ ဒါ့အပြင် အိမ်ဆောက်ထားတာကလည်း ငွေချေးခဲ့တာကြောင့် အတိုးတွေကိုလည်း အကုန်မဆပ်နိုင်သေး ၊ အကြွေးထူကာ လူမသိပေမယ့် သူဌေးကတော့ အတိုးနဲ့အရင်း ပေါင်းပြီး ဂရန်ကို ပြန်ရွေးခိုင်းနေပြီး လက်ရှိ အခြေအနေအရ ပြန်ရွေးနိုင်ဖို့ လမ်းမမြင်ရ ၊ ဒီတော့လည်း မြေနဲ့အိမ်ကို သူဌေးလက် “ ဝကွက် ” အပ်လိုက်ရတာပေါ့။

ပါဝါမယုူခဲ့မိလို့ ဂရန်အမည်ပေါက်ထံ အကူအညီ တောင်းရပြန်

လက်ရှိ မြောက်ဒဂုံလိုနေရာမျိုးမှာ မြေနဲ့အိမ်ဝယ်ရင်အနည်းဆုံး သိန်း (၈၀၀) လောက်တော့ပေးရပါတယ်။ အခုတော့ ဘယ်တတ်နိုင်မှာလဲ မြေနဲ့အိမ်တန်ဖိုး သိန်း (၆၀၀) လောက်ထားပေးပါလို့ တောင်းပန်ရတာပေါ့။ သူဌေးက လည်းအတိုးနဲ့ အရင်းပေါင်းရင် သိန်း (၃၀၀) လောက်ပဲ ပြန်အမ်းရမှာဆိုတော့ ယူထားလိုက်ပါတယ်။ အဲ ဝယ်ယူလိုက်တာတော့ ဟုတ်ပါပြီ ပိုင်ဆိုင်မှု ခိုင်မာဖို့ဂရန်အမည်ပေါက်သူက ကုမ္ပဏီဝန်ထမ်း “ မဌေး” အမည်မဟုတ်ဘဲ “ စောကလျာ ” အမည်ပေါက်ဂရန်ဖြစ်နေတယ်။ “ စောကလျာ ”ထံက မြေကွက် ဝယ်စဉ်က အရပ်ကတိ အရောင်းအဝယ် စာချုပ်ခဲ့တာအခု သူဌေးက ဝယ်ပြီး နာမည်ပြောင်းချင်တယ်ပြောနေတယ်။ ဒီတော့ အမည်ပေါက် ပြန်ရှာရတော့တာပေါ့။ အမည်ပေါက် “ ကလျာ ” က တောင်ဥက္ကလာပမှာ ပြောင်းသွားတာ သိရတော့ လိုက်သွားပြီး ဝယ်သူကို Special Power (အထူးကိုယ်စားလှယ်လွှဲစာ) လွှဲပေးဖို့ သွားပြီး အကူအညီတောင်းပါသေးတယ်။

အားနာပါးနား ကိုယ်စားလှယ်လွှဲမပေး (၁၀)သိန်းလောက်ပေးပါ။

အကူအညီတောင်းတယ်သာ ပြောတာပါ။ လက်ချည်းဗလာသွားလို့ကတော့ Sorry ပဲ ပြေယာလွှတ်လိုက်မှာ ။ဒီတော့ “ လက်ဆောင်ပါတဲ့ ဧည့်သည်မျိုးအိမ်ရှင်စိတ်မဆိုး ” ဆိုတဲ့ဆိုရိုးစကားအတိုင်းမုန့်လက်ဆောင်ယူသွားပြီး အကူအညီတောင်းရတာပေါ့။ စာချုပ်ရုံးမှာ ပါဝါလိုက်လုပ်ပေးပါဆိုကတည်းက ဂရန်အမည်ပေါက်သူကလည်း သိနေတယ်လေ။ အားနားပါးနာလိုက်လုပ်ပေးပါမယ်။ ဒါပေမဲ့ ပါဝါလွှဲခ (၁၀)သိန်းလောက်ပေးမှ လိုက်လုပ်ပေးနိုင်မယ်လို့တောင်းဆိုပါလေရော ။

ကိုယ်စားလှယ်လွှဲစာမယူခဲ့မိလို့ နောက်တရ ၊ ဝန်ခံချက်ပါထိုးလိုက်ရ

ဒီတော့လည်း ကုမ္ပဏီ ဝန်ထမ်း “ မဌေး ” မှာ အနူးအညွတ်တောင်းပန်ရတော့တာပေါ့။ ကျွန်မတို့မှာ လစာနည်း ဝန်ထမ်းဖြစ်လို့ (၅) သိန်းလောက်ထားပေးပါပြောတော့ အင်တင်တင်လုပ်ပြီးမှ လိုက်လျောပါတယ် ။ စာချုပ်ရုံးမှာ ပါဝါလိုက်လုပ်ပေးလို့ တော်သေးတာပေါ့။ ဒါတောင် “ မဌေး ” ကို ကတိဝန်ခံချက်တွေ လုပ်ခိုင်းသေးတယ်။ တကယ်လို့မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်တဲ့အခါ ရန်ကုန်တိုင်း အခွန်ဦးစီးရုံးက အခွန်လိုက်လာရင် ဂရန်အမည်ပေါက်သူက “ မဌေး ” ကသာ ကျသင့်ငွေအားလုံးပေးဆောင်ပါမယ်လို့ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးပေးလိုက်ရပါသေးတယ်။

ဒီတော့ စာရေးသူစဉ်းစားကြည့်မိတယ်။ သူကလည်း အမည်ပေါက် ဂရန်မြေဝယ်ထားပြီး မိမိအမည်ပေါက်အဖြစ် ပြောင်းမထားခဲ့ရင် “ မဌေး ” လိုပဲ ကိုယ်စားလှယ်ပါဝါလိုချင်ရင် ကိုယ်စားလှယ်လွှဲခ (၅) သိန်း ၊ (၁၀) သိန်း အပိုဆောင်ပေးထားရဖို့ လိုနေပြီးတကယ်လို့ အမည်ပေါက်သူက Sp ,GP ပါဝါမပေးရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးစေလိုမှုလို့ ခေါင်းစဉ်တပ်ပြီး တရားစွဲဆို ယူရမှာလေ။

ဒါကြောင့် စာဖတ်သူများကို ပြောလိုတာက ဂရန်အမည်ပေါက် မြေကွက်ကို ဝယ်ယူတော့မယ်ဆိုရင် ဂရန်အမည်ပေါက် အသက်ထင်ရှားရှိဆဲမှာ သူတို့ထံက အထွေထွေကိုယ်စားလှယိလွှဲစာ GP ဖြစ်စေ ၊ အထူးကိုယ်စားလှယ်လွှဲ SP ဖြစ်စရေယူထားတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ရပါတယ်။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

အိမ်ခြံမြေတိုက်ခန်းဝယ်သူများအခက်အခဲမှန်သမျှ ကျော်လွှားနိုင်ပါစေ

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service