လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ

လမ္းဦးတိုက္မွာ ေနသူေတြ ခ်မ္းသာၾကပါေစ - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2019 1:46 pm တွင် တင်ခဲ့သည်
1684 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

### Zawgyi Version ###

တစ္ေန႔သ၌ ကၽြႏ္ုပ္ထံသို႔ ကၽြႏ္ုပ္၏ ေက်ာင္းေနဘက္ ငယ္သူငယ္ခ်င္းတစ္ဦးျဖစ္ေသာ ခင္မမႀကီးဆိုသူ အပ်ိဳႀကီးတစ္ဦး ေရာက္ရွိလာေလ၏။ ၎သည္ ေနျပည္ေတာ္ ပ်ဥ္းမနားဘက္၌ လုပ္ငန္းမ်ားထူေထာင္ထား၏။ ကၽြႏ္ုပ္သည္ ၎အား မေနာမယ လက္ဖက္ရည္ျဖင့္ တည္ခင္းဧည့္ခံရေလ၏။

လက္ဖက္ရည္ေသာက္ရင္း ၎က –

“နင့္ကို သတိရလုိ႔ရန္ကုန္ေရာက္တုန္း ၀င္လာခဲ့တာဟ . . .” ဟုေျပာလွ်င္ ကၽြႏ္ုပ္က ေသာက္လက္စ စီးကရက္တိုကို ေဆးလိပ္ခံခြက္အတြင္းသို႔ ထိုးေခ်လိုက္ရင္း –

“အပိုေတြေျပာမေနစမ္းပါနဲ႔ဟာ . . .၊ ငါေဗဒင္ဆရာျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာ ငါ့ဆီကို သတိရလို႔ အလည္လာတဲ့သူဆိုတာ ရွိကိုမရွိဘူး၊ ေဗဒင္ေမးခ်င္လို႔ လာတဲ့့လူပဲ ေတြ႕ဘူးတယ္ . . .” ဟု ေျပာေျပာဆိုဆို ျဖင့္ရယ္ေမာလိုက္ေလ၏။ ထိုအခါ ခင္မမႀကီးလည္း ေရွ႕သြားအားလံုးေပၚသည္အထိ ျပံဳးၿဖီးျဖီးျဖင့္ ရယ္ေလ၏။ အားရေအာင္ ရယ္ၿပီးသည့္ေနာက္တြင္မွ –

“ေအးပါဟယ္ …ေလာကႀကီးမွာ လူမႈေရးဆိုတာကလည္း ရွိေသးေလေတာ့ အဲဒီလိုေလး စကားလွေအာင္ေတာ့ ၾကည့္ေျပာရတာေပါ့ဟယ္ …၊ တကယ္ကေတာ့ ေဗဒင္ဆရာႀကီးဆီကို ေဗဒင္ကိစၥ ေမးခ်င္လို႔လာတာေပါ့ . . .” ဟုျပန္၍ေျပာေလ၏။ ကၽြႏ္ုပ္က –

“ကဲပါ ... ဘာကိစၥသိခ်င္လုိ႔တုန္း ....” ဟုေမးလိုက္ရာ သူငယ္ခ်င္းခင္မမႀကီးက –

“ဒီလိုပါဟယ္ .... ဟိုတေလာတုန္းက အေျခအေနေပးလို႔ ေျမကြက္ေလးတစ္ကြက္ ၀ယ္ျဖစ္လိုက္တယ္ဟ ၊ ေစ်းကေလးကလည္း သင့္လို႔ေပါ့ေလ ၊ ဒါေပမယ့္ အခုမွ သတိထားမိတာက အဲဒီေျမကြက္က ေရွးလူႀကီးေတြေျပာၾကတဲ့ လမ္းဦးတိုက္ဆိုတဲ့ ေျမကြက္ႀကီးျဖစ္ေနတယ္။ အဲဒီလို လမ္းဦးတိုက္ေနရာမ်ိဳးမွာ ေနရင္ ခိုက္တတ္တယ္ဆိုဟဲ့ ၊ အဲဒါ ငါဘယ္လိုလုပ္ရမွန္းမသိတာနဲ႔ ဆရာႀကီးဆီကို တကယ္သတိရၿပီး လာခဲ့တာပါတဲ့ရွင္ . . .” ဟု ရွင္းျပေလ၏။ ထို႔ေၾကာင့္ကၽြႏ္ုပ္က –

“ဒါက ဒီလိုရွိတယ္ဟ့ဲ . . .၊ ဟိုးေရွးေရွးတုန္းကေတာ့ . . . ေျမလြတ္ေတြကလည္းေပါတယ္၊ ေျမကြက္ေတြကလည္း အက်ယ္ႀကီးေတြဆိုေတာ့ အိမ္ေဆာက္ေတာ့မယ္ဆိုရင္ ဘယ္ဘက္ကိုလွည့္ၿပီး ေဆာက္မယ္၊ ဘယ္လိုေျမမ်ိဳးဆိုရင္ လူမေနဘူး …၊ အဲဒီလို ေရြးခ်ယ္ဖို႔အခြင့္အလမ္း မ်ားတာေပါ့ဟယ္ ..

ဒီေခတ္ဒီအခါမွာကေတာ့ .ကိုယ္တတ္ႏိုင္တဲ့ ပိုက္ဆံေလးနဲ႔ ၊ ကိုယ့္အလုပ္နဲ႔ သင့္ေတာ္တဲ့ေနရာေလးမွာပဲ ေျမ၀ယ္ၾက၊ အိမ္ေဆာက္ၾက လုပ္ရတာေပါ့ဟယ္ အ႐ိုးမ်ားသေလး၊ ေခ်းခါးသေလး သိပ္ၿပီး လုပ္လို႔မရေတာ့ဘူးေလ . .

အဲဒီေတာ့ အခု နင္ႀကံဳသလို ေလွဦးတိုက္ လွည္းဦးတိုက္၊ လမ္းဦးတိုက္ေနရာမ်ိဳးေတြမွာ မျဖစ္မေန ေနရေတာ့မယ္ ဆိုလာခဲ့ရင္ …ေကာင္းတာကေတာ့ အိမ္ေရွ႕ မ်က္ႏွာစာ တစ္ေနရာရာမွာ အုတ္ အေဟာင္းတို႔၊ သစ္အေဟာင္းတို႔၊ သံအေဟာင္းတို႔ စသည္ျဖင့္ ပစၥည္းအေဟာင္းတစ္ခုခုထည့္ၿပီး ေဆာက္ရတယ္။ အဲဒါဆိုရင္ လမ္းဦးတိုက္မို႔လို႔ ခိုက္တတ္တဲ့သဘာ၀ကေန သက္သာလြတ္ကင္းေစပါလိမ့္မယ္။

ေနာက္တစ္ခုကေတာ့ ကိုယ့္အိမ္ေရွ႕မ်က္ႏွာစာမွာ လမ္းဘက္ကိုလွည့္ၿပီး ၾကည့္မွန္ေသးေသးေလးတစ္ခ်ပ္ ခ်ိတ္ထား လိုက္ရတယ္။ အဲဒါဆိုရင္လည္း မေကာင္းတဲ့ အခိုက္အည့ံေတြ တန္ျပန္ ျပန္ထြက္သြားေစပါလိမ့္မယ္ ” ဟု ေျပာျပလိုက္ရေလ၏။ ထုိအခါ ကၽြႏ္ုပ္၏သူငယ္ခ်င္း ခင္မမႀကီးလည္း ရင္ဘတ္ကို လက္ကေလးျဖင့္ ဟန္ႏွင့္ပန္ႏွင့္ဖိရင္း –

“ေအာင္မယ္ေလး . . .ေတာ္ပါေသးရဲ႕ဟယ္ ၊ အဲဒီေလာက္လြယ္လြယ္ကူကူနဲ႔ ၿပီးသြားလို႔ ငါ့မွာျဖင့္ ဘယ္လိုမ်ားလုပ္ရပါ့မလဲလုိ႔ စိုးရိမ္လိုက္ရတာဆိုေတာ့ဟယ္ . . .” ဟု သက္ျပင္းကိုခ်ရင္း ေျပာေလေတာ့၏။ ထိုအခါ ကၽြႏ္ုပ္က –

“ေျပာလက္စနဲ႔ တစ္ခါတည္းေျပာလိုက္ဦးမယ္ အေကာင္းဆံုးကေတာ့ အဲဒီလို လမ္းဦးတိုက္ ေနရာေတြမွာ လူေနအိမ္သက္သက္ ေဆာက္တာထက္စာရင္ ဆိုင္တစ္ခုခု ဖြင့္လိုက္ရင္ေတာ့ အေကာင္းဆံုးပဲဟဲ့၊ နင္တို႔ပဲ ေစ်းေရာင္းတာျဖစ္ျဖစ္၊ အျခားတစ္ေယာက္ေယာက္ကို ဆိုင္ခန္းငွားထားတာပဲျဖစ္ျဖစ္၊ အဲဒီလိုလုပ္လိုက္ရင္ေတာ့ အေကာင္းဆံုးပဲဟဲ့ ။

အဲဒီလိုလုပ္လိုက္ရင္ လမ္းဦးတိုက္လို ေနရာေတြဟာ အမ်ားရဲ႕အျမင္မွာ ထင္သာျမင္သာ ရွိေနတတ္လို႔ဆိုင္ၿပိဳင္ေတြ ဘာေတြမ်ားရွိရင္ ကိုယ့္ဆိုင္ကို လူေတြကပိုၿပီးေရာက္လာတတ္တယ္။ အျခားေသာေနရာေတြထက္ ေစ်းပိုေရာင္းရေလ့ရွိတယ္။

ၿပီးေတာ့ ... ကိုယ့္မိသားစုေလးတင္ သီးသန္႔ေနတာမဟုတ္ေတာ့ဘဲ ေစ်းေရာင္းေစ်း၀ယ္လာၾကတဲ့ ခုနစ္ရက္သားသမီးေပါင္းစံု ၀င္ထြက္ပတ္သက္ေနတဲ့ ေနရာျဖစ္သြားတဲ့အတြက္ အခိုက္အညံံ့ေတြခမ်ာလည္း ဘယ္သူ႔ကိုခိုက္ရ၊ ဘယ္သူ႔ကိုညံ့ရေတာ့မွန္း မသိေတာ့ဘဲ မ်က္စိလည္ၿပီး ထြက္သြားေတာ့တာေပါ့ဟယ္။

အဲဒီေတာ့ တကယ္လို႔မ်ား ကိုယ္ဟာ လမ္းဦးတိုက္ေနရာမွာ ေနခဲ့ရမယ္ဆိုရင္ အဲဒီေနရာမွာ ေစ်းဆိုင္တစ္ခုခုသာ ဖြင့္လိုက္ေပေတာ့ . . . လုပ္ငန္းတစ္ခုခုသာ ထူေထာင္လိုက္ေပေတာ့ .အဲဒါဆိုရင္ အညံ့အခိုက္လည္း ေျပေစမယ့္အျပင္ စီးပြားတက္ခ်မ္းသာျခင္းအက်ိဳးကိုပါ ရရွိေစပါလိမ့္မယ္တဲ့ဗ်ား . . .” ဟု ေျပာလိုက္ရေလ၏။

ထုိအခါ ကၽြႏ္ုပ္၏သူငယ္ခ်င္း ခင္မမႀကီးလည္း –

“ဟုတ္ၿပီေဟ့ . . .ဟုတ္ၿပီ၊ ေနကပူ ကားကၾကပ္နဲ႔ နင့္ဆီကိုလာရတာေတာ့ လာရက်ိဳးနပ္သြားၿပီေဟ့ . . .” ဟု အားပါးတရ ေရရြတ္ရင္း သူ၏ေရွ႕မွ လက္ဖက္ရည္ခြက္ကို ေကာက္ယူကာ ခြက္ထဲမွ လက္က်န္လက္ဖက္ရည္ကို ေက်ေက်နပ္နပ္ႀကီး ေမာ့ခ်လိုက္ပါေလေတာ့သတည္း။

Credit: ဇင္ေယာ္နီ

 

### Unicode Version ###

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သော ခင်မမကြီးဆိုသူ အပျိုကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းသည် နေပြည်တော် ပျဉ်းမနားဘက်၌ လုပ်ငန်းများထူထောင်ထား၏။ ကျွန်ုပ်သည် ၎င်းအား မနောမယ လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံရလေ၏။

လက်ဖက်ရည်သောက်ရင်း ၎င်းက –

“နင့်ကို သတိရလို့ရန်ကုန်ရောက်တုန်း ဝင်လာခဲ့တာဟ . . .” ဟုပြောလျှင် ကျွန်ုပ်က သောက်လက်စ စီးကရက်တိုကို ဆေးလိပ်ခံခွက်အတွင်းသို့ ထိုးချေလိုက်ရင်း –

“အပိုတွေပြောမနေစမ်းပါနဲ့ဟာ . . .၊ ငါဗေဒင်ဆရာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ငါ့ဆီကို သတိရလို့ အလည်လာတဲ့သူဆိုတာ ရှိကိုမရှိဘူး၊ ဗေဒင်မေးချင်လို့ လာတဲ့လူပဲ တွေ့ဘူးတယ် . . .” ဟု ပြောပြောဆိုဆို ဖြင့်ရယ်မောလိုက်လေ၏။ ထိုအခါ ခင်မမကြီးလည်း ရှေ့သွားအားလုံးပေါ်သည်အထိ ပြုံးဖြီးဖြီးဖြင့် ရယ်လေ၏။ အားရအောင် ရယ်ပြီးသည့်နောက်တွင်မှ –

“အေးပါဟယ် …လောကကြီးမှာ လူမှုရေးဆိုတာကလည်း ရှိသေးလေတော့ အဲဒီလိုလေး စကားလှအောင်တော့ ကြည့်ပြောရတာပေါ့ဟယ် …၊ တကယ်ကတော့ ဗေဒင်ဆရာကြီးဆီကို ဗေဒင်ကိစ္စ မေးချင်လို့လာတာပေါ့ . . .” ဟုပြန်၍ပြောလေ၏။ ကျွန်ုပ်က –

“ကဲပါ ... ဘာကိစ္စသိချင်လို့တုန်း ....” ဟုမေးလိုက်ရာ သူငယ်ချင်းခင်မမကြီးက –

“ဒီလိုပါဟယ် .... ဟိုတလောတုန်းက အခြေအနေပေးလို့ မြေကွက်လေးတစ်ကွက် ဝယ်ဖြစ်လိုက်တယ်ဟ ၊ ဈေးကလေးကလည်း သင့်လို့ပေါ့လေ ၊ ဒါပေမယ့် အခုမှ သတိထားမိတာက အဲဒီမြေကွက်က ရှေးလူကြီးတွေပြောကြတဲ့ လမ်းဦးတိုက်ဆိုတဲ့ မြေကွက်ကြီးဖြစ်နေတယ်။ အဲဒီလို လမ်းဦးတိုက်နေရာမျိုးမှာ နေရင် ခိုက်တတ်တယ်ဆိုဟဲ့ ၊ အဲဒါ ငါဘယ်လိုလုပ်ရမှန်းမသိတာနဲ့ ဆရာကြီးဆီကို တကယ်သတိရပြီး လာခဲ့တာပါတဲ့ရှင် . . .” ဟု ရှင်းပြလေ၏။ ထို့ကြောင့်ကျွန်ုပ်က –

“ဒါက ဒီလိုရှိတယ်ဟဲ့ . . .၊ ဟိုးရှေးရှေးတုန်းကတော့ . . . မြေလွတ်တွေကလည်းပေါတယ်၊ မြေကွက်တွေကလည်း အကျယ်ကြီးတွေဆိုတော့ အိမ်ဆောက်တော့မယ်ဆိုရင် ဘယ်ဘက်ကိုလှည့်ပြီး ဆောက်မယ်၊ ဘယ်လိုမြေမျိုးဆိုရင် လူမနေဘူး …၊ အဲဒီလို ရွေးချယ်ဖို့အခွင့်အလမ်း များတာပေါ့ဟယ် ..

ဒီခေတ်ဒီအခါမှာကတော့ .ကိုယ်တတ်နိုင်တဲ့ ပိုက်ဆံလေးနဲ့ ၊ ကိုယ့်အလုပ်နဲ့ သင့်တော်တဲ့နေရာလေးမှာပဲ မြေဝယ်ကြ၊ အိမ်ဆောက်ကြ လုပ်ရတာပေါ့ဟယ် အရိုးများသလေး၊ ချေးခါးသလေး သိပ်ပြီး လုပ်လို့မရတော့ဘူးလေ . .

အဲဒီတော့ အခု နင်ကြုံသလို လှေဦးတိုက် လှည်းဦးတိုက်၊ လမ်းဦးတိုက်နေရာမျိုးတွေမှာ မဖြစ်မနေ နေရတော့မယ် ဆိုလာခဲ့ရင် …ကောင်းတာကတော့ အိမ်ရှေ့ မျက်နှာစာ တစ်နေရာရာမှာ အုတ် အဟောင်းတို့၊ သစ်အဟောင်းတို့၊ သံအဟောင်းတို့ စသည်ဖြင့် ပစ္စည်းအဟောင်းတစ်ခုခုထည့်ပြီး ဆောက်ရတယ်။ အဲဒါဆိုရင် လမ်းဦးတိုက်မို့လို့ ခိုက်တတ်တဲ့သဘာဝကနေ သက်သာလွတ်ကင်းစေပါလိမ့်မယ်။

နောက်တစ်ခုကတော့ ကိုယ့်အိမ်ရှေ့မျက်နှာစာမှာ လမ်းဘက်ကိုလှည့်ပြီး ကြည့်မှန်သေးသေးလေးတစ်ချပ် ချိတ်ထား လိုက်ရတယ်။ အဲဒါဆိုရင်လည်း မကောင်းတဲ့ အခိုက်အညံ့တွေ တန်ပြန် ပြန်ထွက်သွားစေပါလိမ့်မယ် ” ဟု ပြောပြလိုက်ရလေ၏။ ထိုအခါ ကျွန်ုပ်၏သူငယ်ချင်း ခင်မမကြီးလည်း ရင်ဘတ်ကို လက်ကလေးဖြင့် ဟန်နှင့်ပန်နှင့်ဖိရင်း –

“အောင်မယ်လေး . . .တော်ပါသေးရဲ့ဟယ် ၊ အဲဒီလောက်လွယ်လွယ်ကူကူနဲ့ ပြီးသွားလို့ ငါ့မှာဖြင့် ဘယ်လိုများလုပ်ရပါ့မလဲလို့ စိုးရိမ်လိုက်ရတာဆိုတော့ဟယ် . . .” ဟု သက်ပြင်းကိုချရင်း ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က –

“ပြောလက်စနဲ့ တစ်ခါတည်းပြောလိုက်ဦးမယ် အကောင်းဆုံးကတော့ အဲဒီလို လမ်းဦးတိုက် နေရာတွေမှာ လူနေအိမ်သက်သက် ဆောက်တာထက်စာရင် ဆိုင်တစ်ခုခု ဖွင့်လိုက်ရင်တော့ အကောင်းဆုံးပဲဟဲ့၊ နင်တို့ပဲ ဈေးရောင်းတာဖြစ်ဖြစ်၊ အခြားတစ်ယောက်ယောက်ကို ဆိုင်ခန်းငှားထားတာပဲဖြစ်ဖြစ်၊ အဲဒီလိုလုပ်လိုက်ရင်တော့ အကောင်းဆုံးပဲဟဲ့ ။

အဲဒီလိုလုပ်လိုက်ရင် လမ်းဦးတိုက်လို နေရာတွေဟာ အများရဲ့အမြင်မှာ ထင်သာမြင်သာ ရှိနေတတ်လို့ဆိုင်ပြိုင်တွေ ဘာတွေများရှိရင် ကိုယ့်ဆိုင်ကို လူတွေကပိုပြီးရောက်လာတတ်တယ်။ အခြားသောနေရာတွေထက် ဈေးပိုရောင်းရလေ့ရှိတယ်။

ပြီးတော့ ... ကိုယ့်မိသားစုလေးတင် သီးသန့်နေတာမဟုတ်တော့ဘဲ ဈေးရောင်းဈေးဝယ်လာကြတဲ့ ခုနစ်ရက်သားသမီးပေါင်းစုံ ဝင်ထွက်ပတ်သက်နေတဲ့ နေရာဖြစ်သွားတဲ့အတွက် အခိုက်အညံံ့တွေခမျာလည်း ဘယ်သူ့ကိုခိုက်ရ၊ ဘယ်သူ့ကိုညံ့ရတော့မှန်း မသိတော့ဘဲ မျက်စိလည်ပြီး ထွက်သွားတော့တာပေါ့ဟယ်။

အဲဒီတော့ တကယ်လို့များ ကိုယ်ဟာ လမ်းဦးတိုက်နေရာမှာ နေခဲ့ရမယ်ဆိုရင် အဲဒီနေရာမှာ ဈေးဆိုင်တစ်ခုခုသာ ဖွင့်လိုက်ပေတော့ . . . လုပ်ငန်းတစ်ခုခုသာ ထူထောင်လိုက်ပေတော့ .အဲဒါဆိုရင် အညံ့အခိုက်လည်း ပြေစေမယ့်အပြင် စီးပွားတက်ချမ်းသာခြင်းအကျိုးကိုပါ ရရှိစေပါလိမ့်မယ်တဲ့ဗျား . . .” ဟု ပြောလိုက်ရလေ၏။

ထိုအခါ ကျွန်ုပ်၏သူငယ်ချင်း ခင်မမကြီးလည်း –

“ဟုတ်ပြီဟေ့ . . .ဟုတ်ပြီ၊ နေကပူ ကားကကြပ်နဲ့ နင့်ဆီကိုလာရတာတော့ လာရကျိုးနပ်သွားပြီဟေ့ . . .” ဟု အားပါးတရ ရေရွတ်ရင်း သူ၏ရှေ့မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ ခွက်ထဲမှ လက်ကျန်လက်ဖက်ရည်ကို ကျေကျေနပ်နပ်ကြီး မော့ချလိုက်ပါလေတော့သတည်း။

Credit: ဇင်ယော်နီ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service