မိဘပိုင္အိမ္ေရာင္းျခင္းကို သားသမီးကန္႔ကြက္ျခင္း တရားဝင္မႈမရွိ

မိဘပိုင္အိမ္ေရာင္းျခင္းကို သားသမီးကန္႔ကြက္ျခင္း တရားဝင္မႈမရွိ - Property Knowledge in Myanmar from iMyanmarHouse.com
3 Sep 2019 1:20 pm တွင် တင်ခဲ့သည်
6233 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

မေရႊ႕ေျပာင္းႏုိင္ေသာ ပစၥည္း ျဖစ္သည့္ အိမ္ျခံေျမ၊ တုိက္ခန္းမ်ား ေရာင္းဝယ္ရာတြင္ အေမြဆိုင္ သားသမီးမ်ားက ကန္႔ကြက္ျခင္းသည္ ျမန္မာ့ဓေလ့ထံုးတမ္း ဥပေဒအရ တရားမဝင္ေၾကာင္း ဥပေဒပညာရွင္မ်ားက ေျပာသည္။

အိမ္ျခံေျမ၊ တိုက္ခန္း၊ ကြန္ဒို၊ ကား အစရွိသည့္ ပိုင္ဆိုင္မႈမ်ားကို မိဘႏွစ္ပါး သက္ရွိထင္ရွား ရွိေနစဥ္အတြင္း ထုခြဲေရာင္းခ်ျခင္းအေပၚ သားသမီးမ်ားက ကန္႔ကြက္ျခင္း၊ အေႏွာင့္အယွက္ေပးျခင္းတို႔မွာ ျမန္မာ့ဓေလ႔ ထံုးတမ္းဥပေဒႏွင့္ မကိုက္ညီသည့္အျပင္ သက္ဆိုင္သူမ်ားအေနျဖင့္ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို သိရွိမႈအားနည္းျခင္းေၾကာင့္ ပိုင္ဆိုင္မႈဆိုင္ရာျပႆနာမ်ား၊ မိသားစုဝင္အခ်င္းခ်င္း အျပန္အလွန္တရားစြဲမႈမ်ား ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း ဥပေဒပညာရွင္မ်ားထံမွ သိရသည္။

မိဘပိုင္ အိမ္ျခံေျမကို ေရာင္းခ်ရာတြင္ သားသမီးမ်ားက တားျမစ္ ကန္႔ကြက္ျ ခင္း၊ ေငြေၾကးေတာင္းခံ ျခင္းတို႔ ျပဳလုပ္လာခဲ့ျခင္းေၾကာင့္အေရာင္းအဝယ္ ပ်က္ျပားရသည့္ ျဖစ္စဥ္မ်ား အိမ္ျခံေျမအေရာင္းအဝယ္ ေစ်းကြက္အတြင္း မ်ားျပားစြာျဖစ္ပြားခဲ့ေၾကာင္း၊ ေနာင္လည္း ျဖစ္ပြားေနဦးမည္ျဖစ္ေၾကာင္း၊ မိဘႏွစ္ပါး သက္ရွိထင္ရွားရွိစဥ္ ေရာင္းဝယ္မႈမ်ားကို သားသမီးမ်ားက ဥပေဒေၾကာင္းအရ ကန္႔ကြက္ပိုင္ခြင့္ ရွိမရွိႏွင့္ ပတ္သက္၍ အိမ္ျခံေျမအက်ဳိးေဆာင္မ်ား ကိုယ္တိုင္ နားလည္သိရွိမႈအားနည္းလ်က္ရိွေၾကာင္း သဃၤန္းကြၽန္းျမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းၫြန္႔က ေျပာသည္။

”ဗုဒၶဘာသာမွာ လင္ေသရင္မယား၊ မယားေသရင္ လင္ ဆိုၿပီး ျပ႒ာန္းထားတယ္။ မိဘႏွစ္ပါး ပိုင္ဆိုင္မႈက မိဘနဲ႔ပဲ ဆိုင္တယ္။ သူအသက္ရွိစဥ္မွာ ႀကိဳက္သလို စီမံခန္႔ခြဲခြင့္ ရွိတယ္။ ေသသြားရင္ မိဘရဲ႕ ပိုင္ဆိုင္မႈကို သားသမီးေတြပဲ ရတယ္။ ဗုဒၶဘာသာမွာက ေသတမ္းစာေရးခြင့္မရွိဘူး။ ခရစ္ယာန္ မွာေတာ့ ရွိတယ္။ မိဘေသရင္ မိဘပိုင္ဆိုင္တာကို သားသမီးေတြ ဆက္ခံခြင့္ ရွိတယ္။ ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒမွာ ဒါကို အတိအလင္းျပ႒ာန္းထားတယ္။ မိဘသက္ရွိထင္ရွားရွိစဥ္မွာ ေတာ့ သူပိုင္တဲ့အိမ္ျခံေျမ သူ႕သေဘာနဲ႔ သူေရာင္းတာကို သားသမီးေတြကန္႔ကြက္ေနတာေတြက မွားေနတယ္။ ကိုယ့္အတြက္ မိဘေစတနာရွိ ေအာင္ေနၿပီး ႀကိဳးစားဖို႔ပဲ လိုတယ္”ဟု ၎ က ေျပာသည္။

မိဘမ်ား ကြယ္လြန္ၿပီးေနာက္ပိုင္းတြင္ က်န္ရစ္သူ အေမြဆိုင္သားသမီးမ်ား အေနျဖင့္ ပိုင္ဆိုင္မႈတန္ဖိုး ပိုမိုရရွိေစျခင္းငွာ တရားတေပါင္ ျဖစ္ပြားၾကရာ တြင္ အမႈသက္တမ္း ရွည္လ်ားသျဖင့္ အခ်ိန္ကုန္၊ လူပန္းျဖစ္ၿပီး အားလံုးအက်ဳိး မရွိ ျဖစ္ရေၾကာင္း၊ ထို႔ေၾကာင့္ အေမြဆိုင္သားသမီးအခ်င္းခ်င္း ညႇိႏႈိင္းၿပီး သေဘာတူမႈျဖင့္ ခြဲေဝျခင္းသည္သာ အေကာင္းဆံုးျဖစ္ေၾကာင္း မ႑ိဳင္ဥပေဒ အကယ္ဒမီမွ တရားလႊတ္ေတာ္ေရွ႕ေန လုပ္သက္ ႏွစ္ ၂ဝ ေက်ာ္ ရွိသည့္ ေရွ ႕ေန ဦးေမာင္ေမာင္ဝင္းက ေျပာသည္။

”တစ္ခါတေလ အမႈက သိပ္႐ႈပ္ေထြးလာရင္ အမႈၿပီးဖို႔က ၁ဝ ႏွစ္ေလာက္ အ ထိ ၾကာတတ္တယ္။ ႏွစ္ ၃ဝ ေလာက္အထိ ၾကာတဲ့အမႈေတြေတာင္ ရွိေန တယ္။ အေမြပံု ကုန္မွေအး ဆိုတဲ့ စကားေတာင္ ရွိေသးတယ္” ဟု ၎ က ေျပာသည္။

မိဘႏွစ္ပါး သက္ရွိထင္ရွားရွိေနစဥ္အတြင္း သားသမီးမ်ားကို ခြဲျခားကာ ႏႈတ္ျ ဖင့္ ေပးကမ္းခဲ့မႈမ်ား၊ စာခ်ဳပ္စာတမ္းျဖင့္ ေပးကမ္းခဲ့မႈမ်ားေၾကာင့္ မိဘမ်ား ကြယ္လြန္သည့္အခါ ေသြးသားရင္းခ်ာ ေမာင္ႏွမမ်ား အခ်င္းခ်င္း တရားတေ ပါင္ ရင္ဆိုင္ရျခင္း၊ အမႈမ်ား ႏွစ္ရွည္ၾကာျမင့္ ရျခင္းတို႔မွာ ျမန္မာဓေလ့ ထံုး တမ္း ဥပေဒကို နားလည္သိကြၽမ္းမႈအားနည္းသည့္အတြက္ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း၊ ဗုဒၶဘာသာဝင္ မိဘမ်ားအေနျဖင့္ ႏႈတ္ျဖင့္ ေပးကမ္းျခင္း၊ အရပ္ စာခ်ဳပ္မ်ားျဖင့္ ႏွစ္သက္ရာသားသမီးမ်ားကို ေပးကမ္းျခင္းမွာလည္း တရားဝင္မႈ မရွိေၾကာင္း၊ ထိုသို႔ ေပးကမ္းခဲ့ျခင္းေၾကာင့္ မိဘမ်ားကြယ္လြန္ပါက ပိုင္ဆိုင္မႈမ်ား လက္ဝယ္ရရွိထားသည့္ သားသမီးမ်ားႏွင့္ က်န္မိသားစုဝင္မ်ား အၾကား ျပႆနာမ်ားျဖစ္ပြားကာ တရား႐ံုးမ်ားတြင္ အေမြပံုစီမံခန္႔ခြဲမႈ အတြက္ ဦး တိုက္ေလွ်ာက္ထားမႈမ်ားတစ္ေန႔တျခား မ်ားျပားလာျခင္းျဖစ္ေၾကာင္း ဥပေဒ ပညာရွင္မ်ားက ေျပာသည္။

ကြယ္လြန္သူမိဘ၏ က်န္ရစ္သူသားသမီးမ်ားအၾကား ပိုင္ဆိုင္မႈအျငင္းပြားျ ခင္းေၾကာင့္ သတင္းစာမ်ားတြင္ ေၾကာ္ျငာထည့္သြင္းကာကန္႔ကြက္ျခင္း၊ အျ ပန္အလွန္ တရားစြဲဆိုျခင္း၊ လက္ရွိ လက္ေရာက္ေနထိုင္ ပိုင္ဆိုင္ထားသူက အမႈမၿပီးျပတ္ေအာင္ လုပ္ပိုင္ခြင့္မ်ားအတြင္းမွ အခ်ိန္ဆြဲျခင္းတို႔ေၾကာင့္ ဝယ္ယူသည့္သူမ်ား အတြက္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈမ်ားႏွင့္ အတူ ေငြေၾကးဆံုး႐ံႈး မႈမ်ား ေတြ႕ၾကံဳရေၾကာင္း၊ ယင္းအေမြမႈမ်ား ၿပီးျပတ္ရန္ ႏွစ္ႏွင့္ခ်ီ ၾကာျမင့္မည္ျဖစ္ေၾကာင္း၊ လက္ေရာက္ပိုင္ ဆိုင္ထားသူအေနျဖင့္ စိတ္ႀကိဳက္အေနအထားမေရာက္မခ်င္း အမႈကိုဆြဲဆန္႔ထားေလ့ရွိေၾကာင္း၊ အေမြပံုစီမံခန္႔ခြဲမႈသည္ ရာဇဝတ္ေၾကာင္းႏွင့္ မဟုတ္ဘဲ တရားမေၾကာင္းႏွင့္သာသြားရျခင္းေၾကာင့္ အခ်ိန္ေပးၿပီး တရားရင္ဆိုင္ျခင္းျပဳႏိုင္သူက တရားခြင္တြင္ တစ္နည္းတစ္လမ္း အားျဖင့္ အေရးသာေလ့ရွိေၾကာင္းသိရသည္။

”အမ်ားအားျဖင့္ ပိုင္ဆိုင္ထားတဲ့သူက ခြဲမေပးခ်င္၊ ဒီေနရာကေနဖယ္ မေပးခ်င္လို႔ မၾကာၾကာေအာင္ သူ႕ရဲ႕ေရွ႕ေနေတြနဲ႔ လုပ္ထံုးလုပ္နည္းအတိုင္း အခ်ိန္ဆြဲၿပီး လုပ္လာၾကတယ္။ ျမန္မာ့ဓေလ႔ထံုးတမ္းဥပေဒအတိုင္း မလုပ္ ၾကလို႔ ျပႆနာေတြက မမ်ားသင့္ဘဲ မ်ားေနတာ” ဟု ဦးေမာင္ေမာင္ဝင္းက ဆက္လက္ ေျပာသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: The Trade Times

 

### Unicode Version ###

မရွှေ့ပြောင်းနိုင်သော ပစ္စည်း ဖြစ်သည့် အိမ်ခြံမြေ၊ တိုက်ခန်းများ ရောင်းဝယ်ရာတွင် အမွေဆိုင် သားသမီးများက ကန့်ကွက်ခြင်းသည် မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေအရ တရားမဝင်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒို၊ ကား အစရှိသည့် ပိုင်ဆိုင်မှုများကို မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေစဉ်အတွင်း ထုခွဲရောင်းချခြင်းအပေါ် သားသမီးများက ကန့်ကွက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့မှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့် မကိုက်ညီသည့်အပြင် သက်ဆိုင်သူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိမှုအား နည်းခြင်းကြောင့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများ၊ မိသားစုဝင်အချင်းချင်း အပြန်အလှန်တရားစွဲမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

မိဘပိုင် အိမ်ခြံမြေကို ရောင်းချရာတွင် သားသမီးများက တားမြစ် ကန့်ကွက်ြ ခင်း၊ ငွေကြေးတောင်းခံ ခြင်းတို့ ပြုလုပ်လာခဲ့ခြင်းကြောင့်အရောင်းအဝယ် ပျက်ပြားရသည့် ဖြစ်စဉ်များ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်အတွင်း များပြားစွာဖြစ်ပွားခဲ့ကြောင်း၊ နောင်လည်း ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း၊ မိဘနှစ်ပါး သက်ရှိထင်ရှားရှိစဉ် ရောင်းဝယ်မှုများကို သားသမီးများက ဥပဒေကြောင်းအရ ကန့်ကွက်ပိုင်ခွင့် ရှိမရှိနှင့် ပတ်သက်၍ အိမ်ခြံမြေအကျိုးဆောင်များ ကိုယ်တိုင် နားလည်သိရှိမှုအားနည်းလျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

”ဗုဒ္ဓဘာသာမှာ လင်သေရင်မယား၊ မယားသေရင် လင် ဆိုပြီး ပြဋ္ဌာန်းထားတယ်။ မိဘနှစ်ပါး ပိုင်ဆိုင်မှုက မိဘနဲ့ပဲ ဆိုင်တယ်။ သူအသက်ရှိစဉ်မှာ ကြိုက်သလို စီမံခန့်ခွဲခွင့် ရှိတယ်။ သေသွားရင် မိဘရဲ့ ပိုင်ဆိုင်မှုကို သားသမီးတွေပဲ ရတယ်။ ဗုဒ္ဓဘာသာမှာက သေတမ်းစာရေးခွင့်မရှိဘူး။ ခရစ်ယာန် မှာတော့ ရှိတယ်။ မိဘသေရင် မိဘပိုင်ဆိုင်တာကို သားသမီးတွေ ဆက်ခံခွင့် ရှိတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဒါကို အတိအလင်းပြဋ္ဌာန်းထားတယ်။ မိဘသက်ရှိထင်ရှားရှိစဉ်မှာ တော့ သူပိုင်တဲ့အိမ်ခြံမြေ သူ့သဘောနဲ့ သူရောင်းတာကို သားသမီးတွေကန့်ကွက်နေတာတွေက မှားနေတယ်။ ကိုယ့်အတွက် မိဘစေတနာရှိ အောင်နေပြီး ကြိုးစားဖို့ပဲ လိုတယ်”ဟု ၎င်း က ပြောသည်။

မိဘများ ကွယ်လွန်ပြီးနောက်ပိုင်းတွင် ကျန်ရစ်သူ အမွေဆိုင်သားသမီးများ အနေဖြင့် ပိုင်ဆိုင်မှုတန်ဖိုး ပိုမိုရရှိစေခြင်းငှာ တရားတပေါင် ဖြစ်ပွားကြရာ တွင် အမှုသက်တမ်း ရှည်လျားသဖြင့် အချိန်ကုန်၊ လူပန်းဖြစ်ပြီး အားလုံးအကျိုး မရှိ ဖြစ်ရကြောင်း၊ ထို့ကြောင့် အမွေဆိုင်သားသမီးအချင်းချင်း ညှိနှိုင်းပြီး သဘောတူမှုဖြင့် ခွဲဝေခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ တရားလွှတ်တော်ရှေ့နေ လုပ်သက် နှစ် ၂ဝ ကျော် ရှိသည့် ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောသည်။

”တစ်ခါတလေ အမှုက သိပ်ရှုပ်ထွေးလာရင် အမှုပြီးဖို့က ၁ဝ နှစ်လောက် အ ထိ ကြာတတ်တယ်။ နှစ် ၃ဝ လောက်အထိ ကြာတဲ့အမှုတွေတောင် ရှိနေ တယ်။ အမွေပုံ ကုန်မှအေး ဆိုတဲ့ စကားတောင် ရှိသေးတယ်” ဟု ၎င်း က ပြောသည်။

မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေစဉ်အတွင်း သားသမီးများကို ခွဲခြားကာ နှုတ်ြ ဖင့် ပေးကမ်းခဲ့မှုများ၊ စာချုပ်စာတမ်းဖြင့် ပေးကမ်းခဲ့မှုများကြောင့် မိဘများ ကွယ်လွန်သည့်အခါ သွေးသားရင်းချာ မောင်နှမများ အချင်းချင်း တရားတေ ပါင် ရင်ဆိုင်ရခြင်း၊ အမှုများ နှစ်ရှည်ကြာမြင့် ရခြင်းတို့မှာ မြန်မာဓလေ့ ထုံး တမ်း ဥပဒေကို နားလည်သိကျွမ်းမှုအားနည်းသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မိဘများအနေဖြင့် နှုတ်ဖြင့် ပေးကမ်းခြင်း၊ အရပ် စာချုပ်များဖြင့် နှစ်သက်ရာသားသမီးများကို ပေးကမ်းခြင်းမှာလည်း တရားဝင်မှု မရှိကြောင်း၊ ထိုသို့ ပေးကမ်းခဲ့ခြင်းကြောင့် မိဘများကွယ်လွန်ပါက ပိုင်ဆိုင်မှုများ လက်ဝယ်ရရှိထားသည့် သားသမီးများနှင့် ကျန်မိသားစုဝင်များ အကြား ပြဿနာများဖြစ်ပွားကာ တရားရုံးများတွင် အမွေပုံစီမံခန့်ခွဲမှု အတွက် ဦး တိုက်လျှောက်ထားမှုများတစ်နေ့တခြား များပြားလာခြင်းဖြစ်ကြောင်း ဥပဒေ ပညာရှင်များက ပြောသည်။

ကွယ်လွန်သူမိဘ၏ ကျန်ရစ်သူသားသမီးများအကြား ပိုင်ဆိုင်မှုအငြင်းပွားြ ခင်းကြောင့် သတင်းစာများတွင် ကြော်ငြာထည့်သွင်းကာကန့်ကွက်ခြင်း၊ အြ ပန်အလှန် တရားစွဲဆိုခြင်း၊ လက်ရှိ လက်ရောက်နေထိုင် ပိုင်ဆိုင်ထားသူက အမှုမပြီးပြတ်အောင် လုပ်ပိုင်ခွင့်များအတွင်းမှ အချိန်ဆွဲခြင်းတို့ကြောင့် ဝယ်ယူသည့်သူများ အတွက် နှောင့်နှေးကြန့်ကြာမှုများနှင့် အတူ ငွေကြေးဆုံးရှုံး မှုများ တွေ့ကြုံရကြောင်း၊ ယင်းအမွေမှုများ ပြီးပြတ်ရန် နှစ်နှင့်ချီ ကြာမြင့်မည်ဖြစ်ကြောင်း၊ လက်ရောက်ပိုင် ဆိုင်ထားသူအနေဖြင့် စိတ်ကြိုက်အနေအထားမရောက်မချင်း အမှုကိုဆွဲဆန့်ထားလေ့ရှိကြောင်း၊ အမွေပုံစီမံခန့်ခွဲမှုသည် ရာဇဝတ်ကြောင်းနှင့် မဟုတ်ဘဲ တရားမကြောင်းနှင့်သာသွားရခြင်းကြောင့် အချိန်ပေးပြီး တရားရင်ဆိုင်ခြင်းပြုနိုင်သူက တရားခွင်တွင် တစ်နည်းတစ်လမ်း အားဖြင့် အရေးသာလေ့ရှိကြောင်းသိရသည်။

”အများအားဖြင့် ပိုင်ဆိုင်ထားတဲ့သူက ခွဲမပေးချင်၊ ဒီနေရာကနေဖယ် မပေးချင်လို့ မကြာကြာအောင် သူ့ရဲ့ရှေ့နေတွေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အချိန်ဆွဲပြီး လုပ်လာကြတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအတိုင်း မလုပ် ကြလို့ ပြဿနာတွေက မများသင့်ဘဲ များနေတာ” ဟု ဦးမောင်မောင်ဝင်းက ဆက်လက် ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
kalaw-garden-valley
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service