တံတားဖွင့်သဖြင့် မြောက်ဒဂုံ အိမ်ခြံမြေကို စိတ်ဝင်စားမှုပြန်တက်

တံတားဖွင့်သဖြင့် မြောက်ဒဂုံ အိမ်ခြံမြေကို စိတ်ဝင်စားမှုပြန်တက် - Property News in Myanmar from iMyanmarHouse.com
8 Dec 2017 10:11 am တွင် တင်ခဲ့သည်
2292 ကြိမ် ကြည့်ရှု့ပြီး
ငမိုးရိပ် (သစ္စာလမ်း) တံတားသစ် တည်ဆောက်ပြီးစီးပြီနောက် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် နေထိုင်ရန် ယခင်ကထက် စိတ်ဝင်စားမှု များလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

ယခင်တံတားဟောင်းကို အစားထိုး လိုက်သည့် တံတားသစ်သည် တောင်ဥက္ကလာပ မြို့နယ်ရှိ သစ္စာလမ်းနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ငါးမာန်အောင်ဘုရားလမ်းကို ဆက်သွယ်ပေးထားပြီး နိုဝင်ဘာ ၂၉ ရက်က ဖြတ်သန်းသွားလာခွင့် စတင်ခွင့်ပြုခဲ့သည်။

တံတားသစ်တည်ဆောက်ပြီးနောက် ဒဂုံမြောက်ပိုင်းနှင့် ဒဂုံတောင်ပိုင်းသို့ ယခင်ကထက် သွားလာရေး ပိုမိုလွယ်ကူ အဆင်ပြေလာသဖြင့် အိမ်ခြံမြေဈေးကွက်ကို ယခင်ကထက် စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်းဖြစ်သည်။

'' ဒီလိုမျိုး သွားလာရေးလွယ်ကူအောင် တံတားတွေ ဖွင့်တယ်ဆိုရင် အဲဒီပတ်ဝန်းကျင်မှာ အိမ်ခြံမြေ အရောင်းအဝယ် ဖြစ်လေ့ရှိတာကို သွားတွေ့ရတယ်။ အခုလည်း အဲဒီဘက်မှာ အိမ်ခြံမြေလှုပ်ရှားမှုရှိတယ်။ မေးတဲ့သူတွေ စုံစမ်းသူတွေ များလာတယ်။ နောက်ပိုင်းမှာ အငှားပိုင်းအနေနဲ့လည်း နေရာဒေသတစ်ခုမှာ သွားလာရေး လွယ်ကူတယ်ဆိုရင် လူတွေ နေထိုင်တာ များလာမှာဖြစ်တဲ့အတွက် အငှားတွေလည်း ပိုပြီးများလာမှာပါ ''ဟု အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်း၏ အိမ်ခြံမြေ ဈေးကွက်ကို စိတ်ဝင်စားမှုများပြားလာသော် လည်း လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန် အိမ်ခြံမြေဈေးကွက်မှာ အေးနေသောကြောင့် ဈေးနှုန်းမှာမူ အပြောင်းအလဲမရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။

''တကယ်နေမယ့်သူတွေအတွက် ဝယ်မယ်ဆိုရင် အဆင်ပြေတယ်။ အရင်တုန်းက လိုမျိုး မြောက်ဒဂုံဘက်ကို လမ်းကျပ်ကျပ် တည်းတည်းမသွားရတော့ဘူး။ ချောင်ချောင်ချိချိသွားရတယ်။ ဈေးတွေလည်း ဒဂုံမြောက်ပိုင်း ဆိုရင် မဆိုးဘူး''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် တည်နေရာအနေအထားအပေါ် မူတည်ကာ ဈေးနှုန်းအမျိုးမျိုးရှိနေပြီး အနည်းဆုံး တိုက်ခန်းအရောင်းဈေး ကျပ်သိန်း ၂ဝဝ မှ ကျပ်သိန်း ၃ဝဝ ဝန်းကျင်အတွင်း ရှိနေသည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ မြေဈေးနှုန်းမှာ တစ်ပေပတ်လည် ပျမ်းမျှ ကျပ်သုံးသိန်းဝန်းကျင် ရှိနေသည်။

ငမိုးရိပ် (သစ္စာလမ်း) တံတားကို ၂ဝ၁၇ ခုနှစ်၊ ဧပြီတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာနှောင်းပိုင်းတွင် စတင်ဖြတ်သန်းသွား လာခွင့်ပြုခဲ့သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service