အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအတွက် တန်ဖိုးသင့်အငှားအိမ်ခန်းများ ချထားပေးရန်စီစဉ်လျက်ရှိ

အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအတွက် တန်ဖိုးသင့်အငှားအိမ်ခန်းများ ချထားပေးရန်စီစဉ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
18 Aug 2017 12:19 pm တွင် တင်ခဲ့သည်
610 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများပြည်ထောင်စု၏ မြို့တော် အဘူဒါဘီတွင် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအတွက် လစဉ်အိမ်ငှားခ နည်းပါးသော တန်ဖိုးသင့်အငှားအိမ်ခန်းများ ချထားပေးရန်စီစဉ်လျက်ရှိကြောင်း အဘူဒါဘီစည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ကြေညာသည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဘူဒါဘီမြို့တော် စည်ပင်သာယာရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနက ထုတ်ပြန်ခဲ့ရာတွင် ဝင်ငွေနိမ့်ပါးသော အိမ်ထောင်စုများအတွက် အရည်အသွေးမြင့် တန်ဖိုးသင့်အငှားအိမ်ခန်းများ ချထားပေးသွားရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်သည်။

အိမ်ငှားခမှာ တစ်လလျှင် အာရပ်ငွေ ၇၀၀ (မြန်မာငွေ- ၂၅၉၀၀၀) မှ ၁၄၀၀ (မြန်မာငွေ ၅၁၈၀၀၀) အကြား ဖြစ်ဖွယ်ရှိသည်။
ယခုစီမံကိန်းအတွက် မြေနှင့်အဆောက်အအုံပိုင်ရှင်များသည် ဝင်ငွေနည်းပါးသောမိသားစုများ နေထိုင်ရန်အတွက် အဆောက်အအုံသစ်များ ဆောက်လုပ်ခြင်း (သို့မဟုတ်) ရှိရင်းစွဲအဆောက်အအုံများကို ပြုပြင်ပြောင်းလဲမွမ်းမံခြင်းများ ပြုလုပ်ကြမည် ဖြစ်သည်။

ဝင်ငွေနည်းပါးသော မိသားစုအဖြစ် သတ်မှတ်ပုံမှာ တစ်လလျှင် အာရပ်ငွေ ၄၀၀၀ (မြန်မာငွေ= ၁၄၇၉၀၀၀) မှ ၆၀၀၀ (မြန်မာငွေ= ၂၂၁၉၀၀၀) အကြား ဝင်ငွေရသူများကို ဝင်ငွေနည်းပါးသူအဖြစ် သတ်မှတ်သည်။
တန်ဖိုးသင့်အငှားအိမ်ခန်းများကို ငှားရမ်းပေးရန်အတွက် အုပ်စု နှစ်ခုခွဲခြားထားပြီး ပထမအုပ်စုမှာ လစဉ်ဝင်ငွေ ၄၀၀၀ မှ ၆၀၀၀ အကြား ရရှိကြသူများ ဖြစ်သည်။

အဆိုပါဝင်ငွေရှိအုပ်စုအတွက် ချထားပေးမည့် အငှားအိမ်ခန်းများမှာ တစ်လလျှင် ငှားရမ်းခ အာရပ်ငွေ ၁၄၀၀ (မြန်မာငွေ= ၅ သိန်းကျော်) မှ ၂၁၀၀ (မြန်မာငွေ= ၇၇၆၀၀၀) အကြား ကျသင့်မည် ဖြစ်သည်။

၎င်းတို့သည် နှစ်စဉ်ဝင်ငွေအားဖြင့် အာရပ်ငွေ ၄၈၀၀၀ (မြန်မာငွေ ၁၇၇ သိန်းကျော်) မှ ၇၂၀၀၀ (မြန်မာငွေ= ၂၆၆ သိန်း) အကြားဝင်ငွေရှိမည်ဖြစ်ပြီး တစ်နှစ်တာ အိမ်ငှားခမှာ အာရပ်ငွေ ၁၆၈၀၀၀ (မြန်မာငွေ= ၆၂ သိန်းကျော်) မှ ၂၅၀၀၀ (မြန်မာငွေ= ၉၂ သိန်း) ကြား ကျသင့်မည် ဖြစ်သည်။
ဒုတိယအုပ်စုမှာ ပုံမှန်ဝင်ငွေရှိသော လူပျိုလူလွတ်များ ဖြစ်သည်။

လစဉ်ဝင်ငွေ ၂၀၀၀ (မြန်မာငွေ ၇၃၉၀၀၀) မှ ၄၀၀၀ (မြန်မာငွေ = ၁၄၇၉၀၀၀) ရှိသူများကို တန်ဖိုးသင့်နေအိမ်ခန်းများ ငှားရမ်းပေးမည်ဖြစ်ပြီး အိမ်ငှားခမှာ တစ်လလျှင် အာရပ်ငွေ ၇၀၀ (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) မှ ၁၄၀၀ (မြန်မာငွေ ၅ သိန်းဝန်းကျင်) အကြား ကျသင့်မည်ဖြစ်သည်။

ယခုစီမံကိန်းမှာ လစဉ်ပုံမှန်ဝင်ငွေနှင့် နှစ်စဉ်ပုံမှန်ဝင်ငွေရှိသည့် မိသားစုများကိုသာ ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
အိမ်ငှားခကို ဝင်ငွေ၏ ၃၅ ရာခိုင်နှုန်းခန့်ဖြင့် တွက်ချက်ကာ ချထားပေးခြင်းလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service