အိမ်ဖော် ဘဝမှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်လာခဲ့သူ

အိမ်ဖော် ဘဝမှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်လာခဲ့သူ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jul 2017 12:05 pm တွင် တင်ခဲ့သည်
26835 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ကမ္ဘာမှာအောင်မြင်နေသည့် ပုဂ္ဂိုလ်ကြီးများ တက်ရောက်ပြောကြားသော TED Talks circuit ကို အောက်တိုဘာလ ၂၉ ရက်နေ့၊ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲတွင် နည်းပညာသူဌေးကြီး ဘီလ်ဂိတ်၊ အမေရိကန် ဒုတိယသမ္မတဟောင်း အဲလ်ဂေါ နှင့် သုတေသနပညာရှင် ဂျိန်းဂွတ်ဒဲ တို့နှင့်တန်းတူ စကားပြောကြားရန် ဖိတ်ကြားခံရသူမှာ စင်ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် ဆယ်နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ မစ္စနီလူရှီကာ ဖြစ်ပါတယ်။

အိမ်ဖော်ဖြစ်ခဲ့သူ မစ္စနီလူရှီကာဟာ ၂၀၀၁ ကနေ ၁၅ နှစ်ကြာပြီးတဲ့အခါမှာတော့ စကားပြောကြားပေးဖို့ စင်ကာပူနိုင်ငံက တစ်လေးတစ်စား ဖိတ်ကြားခံခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်လို့နေပါပြီ။

အသက် ၃၆ နှစ်အရွယ် မစ္စနီလူရှီကာက အခုဆိုရင် သီရိလင်္ကာ လက်ဖက်ခြံတွေကနေ နိုင်ငံပေါင်း ၅၀၀ နီးပါးကို လက်ဖက်ရွက်တင်ပို့တဲ့ လုပ်ငန်းနဲ့ အောင်မြင်တဲ့ အမျိုးသမီး စီးပွားရေသမားတစ်ယောက် ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံသူ မစ္စနီလူရှီကာဟာ ငယ်စဉ်ကထဲက မိဘနှစ်ပါးကွယ်လွန်ခဲ့တဲ့အတွက် မောင်နှမ လေးယောက်နဲ့အတူ မိဘမဲ့ကျောင်းမှာ ကြီးပြင်းခဲ့ရသူ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါ သူမရဲ့ မောင်နှမတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ၂၀၀၁ ခုနှစ်မှာ အိမ်ဖော်အလုပ် လုပ်ကိုင်ဖို့ စင်ကာပူကို ထွက်လာခဲ့ပါတယ်။

သီရိလင်္ကာမှာ ရှိနေစဉ်တုန်းက သူ့ကိုယ့်သူ ဘာမှန်းလဲမသိသလို၊ သူဘာဖြစ်ချင်လဲဆိုတာကိုပါ မသိတဲ့ လမ်းပျောက်သူတစ်ယောက် ဖြစ်ခဲ့တယ်လို့ သူမ စကားပြောစဉ်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ စင်ကာပူမှာ အိမ်ဖော်အဖြစ်လုပ်ကိုင်နေရင်း ၂၀၁၁ ခုနှစ်မှာတော့ သူ့မှာ မိသားစုပြဿနာတွေ ရှိနေတာကို သိတဲ့ အိမ်ရှင်ဖြစ်သူက “Aidha” ဆိုတဲ့ သင်တန်းတက်ဖို့ စင်ကာပူဒေါ်လာ ၄၀၀ နဲ့ သူမကို အပ်ပေးခဲ့ပါတယ်။ ဒီသင်တန်းက သူမအတွက် တစ်စုံတစ်ရာ အထောက်ကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပြီး သင်တန်းအပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ တစ်ကယ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။
“Aidha” သင်တန်းက NGO အဖွဲ့အစည်းဖြစ်ပြီး စင်ကာပူနိုင်ငံမှာ ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ အိမ်အကူတွေအတွက် ရည်ရွယ်ပြီး ပိုက်ဆံကို ဘယ်လို စီမံခန့်ခွဲရမယ်၊ စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုစတင်ရမယ် စတာတွေကို ပို့ချပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေသာ တက်ရတဲ့ ဒီသင်တန်းလေးကနေ ငွေရေးကြေးရေး စီမံခန့်ခွဲပုံတွေ၊ စီးပွားရေးနဲ့ ခေါင်းဆောင်နိုင်မှုဆိုင်ရာ သင်ခန်းစာတွေကို သူမ လေ့လာနိုင်ခဲ့ပါတယ်။
သူမသင်ယူလေ့လာထားသမျှလေးနဲ့ သီရိလင်္ကာက သူမရဲ့ ခင်ပွန်းကို အွန်လိုင်းမှာ လက်ဖက် ရောင်းချတဲ့ လုပ်ငန်းအသေးလေးကို လုပ်ကိုင်ဖို့ စတင်စေခဲ့ပါတယ်။ သင်တန်းမှာ သင်ခဲ့ရတဲ့ သင်ခန်းစာတွေက ကိုယ့်အတွက် ဖြစ်နိုင်ချေ အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ စွမ်းရည်တွေ ရလာပြီး၊ ပညာရေးနဲ့ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေကသာ အမျိုးသမီးတွေအတွက် တောက်ပတဲ့ အနာဂါတ်လို့ သူမနားလည်ခဲ့ပါတယ်။

အဲဒါကြောင့် သူမရဲ့ ဒေသက ကလေးအတွက် စာအုပ်စာတမ်းတွေအပါအဝင် ပညာရေးအထောက်အပံ့တွေကို သူမရဲ့ ဝင်ငွေထဲကနေ ပေးလှူနေပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် ပရဟိတအသင်းလည်း ဖွဲ့စည်းခဲ့ပြီး ဒေသခံအမျိုးသမီးတွေကို စာသင်ကြားပေးခြင်းတို့အပြင် ဝက်မွေးတာ၊ အဝတ်အထည်ချုပ်လုပ်တာ၊ ဟင်းခပ်အမွှေးအကြိုင် ထုတ်ပိုးတာ စသည်ဖြင့် အသေးစားလုပ်ငန်လေးတွေ ဘယ်လို စတင်လုပ်ကိုင်ရမလဲကိုပါ သင်ကြားပေးနေပါတယ်။

“Aidha” သင်တန်း တက်ရောက်ခဲ့ကြတဲ့ အိမ်အကူအမျိုးသမီး ၁၀ ဦးမှာ ၆ ဦးလောက်က သူတို့နိုင်ငံတွေမှာ ကိုယ်ပိုင်လုပ်ငန်းလေးတွေ စတင်နိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့ထဲက သုံးပုံလောက်က လယ်ယာစီးပွားရေး လုပ်ကိုင်နေကြပြီး ကျန်လူများက စားသောက်ဆိုင်နှင့် အခြားဆိုင်များ ဖွင့်လှစ်လုပ်ကိုင် နိုင်ကြပြီလို့ သိရပါတယ်။

မစ္စနီလူရှီကာ ကတော့ ဒီသင်တန်းကို တက်လိုက်နိုင်တဲ့အတွက် အိမ်ဖော်အလုပ်အပြင် သူမရဲ့ မျှော်လင့်ချက်တွေ၊ အိမ်မက်တွေ ပင်ကိုယ်စွမ်းရည်တွေကို ကိုယ်တိုင်ရှာတွေ့နိုင်ခဲ့တယ်လို့ TEDxSingapore မှာ ပြောကြားခဲ့ပါတယ်။

Credit:Popolay
အိမ်ဖော် ဘဝမှ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်လာခဲ့သူ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service