ရန်ကုန်တိုင်း စက်မှုဇုန်တွေ အဆင့်မြှင့်တင်ပေးမည်

ရန်ကုန်တိုင်း စက်မှုဇုန်တွေ အဆင့်မြှင့်တင်ပေးမည် - Property News in Myanmar from iMyanmarHouse.com
23 May 2017 11:08 am တွင် တင်ခဲ့သည်
957 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန်အားလုံးကို အဆင့်မြှင့်တင်ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောတယ်။

သည်လ ၂၀ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပတဲ့ ဒုတိယသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးများ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ပြောတာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန် ၂၉ဇုန်ရှိပြီး သည်၂၉ဇုန်လုံးကို အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ သည်စက်မှုဇုန်တွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေဆိုးစွန့်ပစ်တာတွေ ၊အဆောက်အအုံ ၊ လျှပ်စစ်မီး ၊ ရေကောင်းရေသန့်ရနိုင်ဖို့ ကိစ္စတွေအားလုံးကို ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းပြီး အဆင့်မြှင့်တင်နိုင်ဖို့ ဆောင်ရွတ်ပေးမှာ ဖြစ်ပါတယ်။

စက်မှုဇုန်အဆင့်မြှင့်တင်ရာမှာ လှိုင်သာယာစက်မှုဇုန် (၁)ကို ရှေ့ပြေးစီမံချက် (pilot project) အနေနဲ့ စတင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

စက်မှုဇုန်များကြီးကြပ်ကွက်ကဲရေးကျော်မတီအဖွဲ့ကိုလည် တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားပါတယ်။ အရင်ကစက်မှုဇုန်ကော်မတီတွေမှာ အာဏမရှိတဲ့အတွက် လုပ်ရကိုင်ရတာ အခက်အခဲတွေရှိနေခဲ့တာဖြစ်ပါတယ်။ စက်မှုဇုန်ကြီးကြပ်ရေးကော်မတီက
ရန်ကုန်တိုင်းဒေသကြီးက ဝန်ကြီးနဲ့ ပြည်လည်ဖွဲ့စည်ထားပြီး သက်ဆိုင်ရာ ဝန်ကြီဌာနအားလုံး ပါဝင်ပြီးတော့ လိုအပ်ချက်တွေကို ချက်ချင်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

စက်မှုဇုန်တွေက ရန်ကုန်တိုင်းအတွက် စီးပွားရှာပေးနေတာဖြစ်ပါတယ်။ စက်မှုဇုန်တွေ တိုးတက်ဖွံ့ဖြိုးလာမှ ရန်ကုန်ရဲ့ စီးပွားရေက ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ သည်အတွက်လည်း ပုဂ္ဂလိကတွေနဲက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ' ရေကောင်းရေသန့် ရဖို့ စည်ပင်သာယာရေပိုက်လိုင်းကနေ နောက်ထပ်တိုးပေးပါဆိုတာ မျိုးထက် ရေ source ရှိတဲ့ နေရာမျိုးက ရေကို ချက်ချင်း ရောင်းပေးနိုင်အောင် စီစဉ်ပါ့မယ်၊ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လဲ ညှိနှိုင်းနေပါတယ်၊
လာမယ့်နှစ်မှာ ၆၀၀ မဂ္ဂါဝပ်လောက်တိုးပြီးတော့ ရနိုင်စရာရှိပါတယ်၊ လိုအပ်လာရင် စက်မှုဇုန်တွေအတွင်းမှာ အသေးစား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ ကျားကန်ပေးနိုင်ဖို့ မဟာဓာတ်လိုင်းကို မသုံးဘဲနဲ့ လုပ်နိုင်ဖို့ နည်းလမ်းကိုလဲ ကျွန်တော်တို့
စဉ်းစာနေပါတယ် ' လို့ ပြောပါတယ်။

စက်မှုဇုန်တွေ ဖွံဖြိုးတိုးတက်ဖို့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။စက်မှုဇုန်တွေအတွက်
လိုအပ်နေတဲ့ ရေ ၊ လျှပ်စစ်မီးစတဲ့ လုပ်ငန်းတွေကိုလည်း
ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service