ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်း နှင့်စက်မှုဇုန်များအကောင်အထည် ဖော်ရန် တရုတ်ကုမ္ပဏီ
အများစု ပါဝင်သော CITIC (The CITIC Consortium) အဖွဲ့က တင်ဒါ အောင်သွားသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန် တင်ဒါစိစစ်ရေးနှင့် တင်ဒါရွေး ချယ်ရေးလုပ်ငန်းကော်မတီက
အထူးစီးပွားရေးဇုန်အတွက် တင် ဒါအောင်သော ကုမ္ပဏီကို ဒီဇင် ဘာ ၃၀ ရက်က ကြေညာရာ၌ CITIC Group ကရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါအဖွဲ့တွင် တရုတ် ကုမ္ပဏီများ ဖြစ်သော CITIC ကော်ပိုရေးရှင်း အဖွဲ့၊ China Merchants Holdings (Inter-national) ကုမ္ပဏီ၊ CHEC(China Harbor Engineering ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Charoen Pokph−and ကုမ္ပဏီများ အုပ်စုတို့ ပူးပေါင်းထားသော အဖွဲ့ဖြစ်ကြောင်း သတင်းရရှိသည်။
CITIC အဖွဲ့သည် အထူးစီး ပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်း နှင့် စက်မှုဇုန်များ တည်ဆောက် ရန် အမေရိကန်ဒေါ်လာ ကိုးဘီလီ ယံ ရင်းနှီးမြှုပ်နှံမည်ဟုဆိုသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် သည် မြေအကျယ် ဧက ၄,၂၀၀ ကျော်ပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်သည်။
Credit: 7Daydaily