မင်္ဂလာဒုံရှိ တပ်သိမ်းလယ်မြေများ ပြန်လည်ရောင်းမည့်အစီအစဉ်တွင် မူလလယ်သမားများ ပြန်ဝယ်ခွင့်မရမည်ကို စိုးရိမ်

မင်္ဂလာဒုံရှိ တပ်သိမ်းလယ်မြေများ ပြန်လည်ရောင်းမည့်အစီအစဉ်တွင် မူလလယ်သမားများ ပြန်ဝယ်ခွင့်မရမည်ကို စိုးရိမ် - Property News in Myanmar from iMyanmarHouse.com
21 Sep 2015 11:49 am တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး
မင်္ဂလာဒုံမြို့နယ်ရှိ တပ် မတော်က သိမ်းယူခဲ့သော လယ် ယာမြေများကို ပြန်လည်ချထား ပေးရန် စီစဉ်မှုတွင် မူလအမည် ပေါက် လယ်သမားများက မိမိတို့ လယ်မြေပြန်မရမည်ကို စိုးရိမ် နေကြကြောင်း သတင်းရရှိသည်။

မင်္ဂလာဒုံမြို့နယ်ရှိ ပေါက် ကုန်း၊ စမ်းကြီးဝ၊ သင်္ဃန်းကျွန်း ကြီးကျေးရွာတို့မှ လယ်ယာမြေ ၇၀၉ ဒသမ ၁၄ ဧကကို ၁၉၉၂ တွင် တပ်မတော်က သိမ်းယူခဲ့ပြီး နောက် ၂၀၁၄ တွင် တပ်သိမ်းမြေ များကို လယ်သမားများထံ ပြန် လည်ပေးအပ်မည်ဟု ကြေညာခဲ့ သည်။

ထိုသို့လယ်ယာမြေများ ပြန် လည်ပေးအပ်ရန် စီစဉ်မှုတွင် မူ လလယ်ပိုင်ရှင်များအား စာရင်း ကောက်ယူခဲ့သော်လည်း ယခင် ပိုင်ဆိုင်ခဲ့သော ဘိုးဘွားအမည် များဖြင့် ရေးသွင်းထားသော ငယ် စာရင်းဖြစ်သည့် 1-A စာရင်း၌ ပါ ရှိသော လယ်သမားတို့ကို ဦးစား ပေးစနစ်ဖြင့် ပြန်လည်ပေးအပ် မည် ဆိုသောကြောင့် မူလလယ် ပိုင်ဆိုင်သူတို့က စိုးရိမ်နေကြခြင်း ဖြစ်သည်။

‘‘အခုအချိန်မှာ လယ်သမား အစစ်အမှန်ကမရဘဲနဲ့ 1-A စာ ရင်းမှာပါတဲ့ လယ်သမားတွေက ရမလိုလို ဖြစ်နေပါတယ်။ ၁၉၇၇-၈၁ က လယ်လုပ်တဲ့သူ တွေက သူတို့မှာပြေစာရှိတယ်ဆို ပြီး အမည်ပေါက်တွေလုပ်ကြ တယ်။ ဒီလိုပြဿနာတွေလည်း ဖြစ်ပေါ်နေပါတယ်။ အမှန်တ ကယ် လယ်ပိုင်တဲ့သူတွေက နစ် နာတော့မယ့်အနေအထားမှာရှိပါ တယ်’’ဟု စမ်းကြီးဝကျေးရွာမှ တောင်သူ ဦးထွန်းထွန်းကပြော သည်။

ယင်းလယ်ယာမြေများကို တပ်မတော်က သိမ်းယူပြီးနောက် မူလလယ်ပိုင်ရှင် လယ်သမားတို့ အား သီးစားခဖြင့် ပြန်လည်အငှား ချထားခဲ့ပြီး သိမ်းဆည်းခံ လယ် သမားတို့က တစ်နှစ် (သို့မဟုတ်) တစ်လ စသည်ဖြင့် သီးစားခနှုန်းထားအမျိုးမျိုးပေးကာစိုက်ပျိုးရေး ပြန်လည်
လုပ်ကိုင်ခဲ့ရကြောင်း သိမ်းဆည်းခံလယ်သမား ဒေါ်ခင် စန်းမြင့်က ပြောသည်။

‘‘တပ်ကသိမ်းခဲ့စဉ်တုန်းက လည်း လယ်ပိုင်ရှင်တွေရဲ့အမည် ကို စာရင်းမကောက်ဘဲသိမ်းလိုက် တယ်။ စစ်တပ်က စိုက်ပျိုးရေး လုပ်မယ်ဆိုပြီး လယ်မြေတွေမှာ အလံစိုက်ပြီး သိမ်းယူခဲ့တာပါ’’ဟု ၎င်းကဆိုသည်။

တပ်သိမ်းလယ်ယာမြေများ ကို ၂၀၁၄ မေလ ၃၀ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြန် လည်စွန့်လွှတ်ကြောင်း ထုတ်ပြန် ခဲ့ပြီးနောက် 1-A အမည်ပေါက် စာရင်းပါရှိသူနှင့် မြေခွန်ပြေစာ တင်ပြနိုင်သူတို့ကို ဦးစားပေးအ နေဖြင့် ပြန်လည်ချထားပေးရန် စီ စဉ်နေကြောင်း သင်္ဃန်းကျွန်းကြီး ကျေးရွာ မြေယာကော်မတီ အဖွဲ့ ၀င် ဦးတင်ဝင်းကပြောသည်။

ထို့အပြင် 1-Aအမည်ပေါက် စာရင်းတွင် မပါဝင်သော်လည်းမြေ ခွန်ပြေစာ တင်ပြနိုင်သူကိုလည်း ကောင်း၊ မြေခွန်ပြေစာမတင်ပြနိုင် သော်လည်း 1-Aအမည်ပေါက်စာရင်းပါရှိသူကိုလည်းကောင်း၊ 1-A အမည်ပေါက်နှင့်မြေခွန်ပြေ စာမတင်ပြနိုင်သော်လည်း ကျေး ရွာစိုက် ဘဏ်စာရင်းရှိသူကို လည်းကောင်း စသဖြင့် လယ်ယာ မြေများကို အဆင့်ဆင့် ချပေးမည် ဟု သိရကြောင်း၎င်းကဆိုသည်။

‘‘ပထမလုပ်ခဲ့တဲ့ အဘိုးအ ဘွားတွေရဲ့ အမည်နဲ့ မြေခွန်ပြေ စာလာရင် သေချာမကြည့်ဘဲ အ ခွန်ဆောင်လိုက်တာပဲ။ အဲဒီလို တွေကြောင့် လယ်တွေပြန်ချပေး မယ်လည်းဆိုတော့ လက်ရှိလုပ် ကိုင်နေတဲ့ လယ်သမားတွေက မရတော့သလိုဖြစ်နေကြတာ’’ဟု ဦးတင်ဝင်းက ဆက်လက်ပြော သည်။

ယခင်ပိုင်ဆိုင်ခဲ့သည့် လယ် မြေတွင် ကန်စွန်းခင်းစိုက်ကာ တပ်မတော်အား သီးစားခနှုန်းထား အဖြစ် တစ်လလျှင် ငွေ ၅,၀၀၀ ကျပ်ပေးဆောင်ပြီး လုပ်ကိုင်ခဲ့သော်လည်း တပ်မတော်ကလယ်မြေများကို ပြန်လည်ချပေးရန်
ကြေညာပြီးသည့်နောက်သီးစားခမဆောင်ရတော့ကြောင်း ယခင်ပိုင်ဆိုင်ခဲ့သည့်လယ်တွင်ကန်စွန်းခင်းစိုက်စားသူ ပေါက်ကုန်းကျေး ရွာနေ မခင်ထွေးရီကပြောသည်။

တပ်မတော်က ပြန်လည်စွန့် လွှတ်သည့်လယ်မြေများကို မူလလယ်ပိုင်ဆိုင်သူများ ပြန်လည်ရရှိရန် မြေယာဗဟိုကော်မတီ၊ မြေ ယာကော်မရှင်နှင့် မြေယာစုံစမ်း စစ်ဆေးရေးကော်မရှင်ထံသို့စာ ရေးပြီးတင်ပြထားသော်လည်းထူး ခြားမှုမရှိသေးကြောင်းဦးတင်ဝင်း ကပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service