မင်းဓမ္မဒုတိယဗဟိုစီးပွားရေးဇုန် ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်သည် ဟုဆိုသော မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်း ၂၅၀ ခန့် မင်္ဂလာဒုံသို့ စက်တင်ဘာလကုန် အပြီးပြောင်းရွှေ့ရမည်

မင်းဓမ္မဒုတိယဗဟိုစီးပွားရေးဇုန် ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်သည် ဟုဆိုသော မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်း ၂၅၀ ခန့် မင်္ဂလာဒုံသို့ စက်တင်ဘာလကုန် အပြီးပြောင်းရွှေ့ရမည် - Property News in Myanmar from iMyanmarHouse.com
7 Sep 2015 11:47 am တွင် တင်ခဲ့သည်
1150 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၏ဒုတိယဗဟိုစီးပွားရေးဇုန်အဖြစ်
ဖောင်ဆောင်မည့် မင်းဓမ္မစီးပွားရေးဇုန်ဧရိယာအတွင်း ပါဝင်သည်ဟုဆိုသော မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်း ၂၅၀ ခန့် မင်္ဂလာဒုံမြို့နယ် ပတ္တမြားသို့စက်တင်ဘာလကုန်တွင်အပြီးပြောင်းရွှေ့
ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မင်းဓမ္မပန်းကွင်းမှာ မင်းဓမ္မဒုတိယ ဗဟိုစီးပွားရေးဇုန်ဖော်ဆောင်မည့် ဧရိယာအတွင်း ပါဝင်နေ၍ ပန်းကွင်းမှ ဆိုင်ခန်းများအား ပြောင်းရွှေ့ပေးရန် ၂၀၁၂ခုနှစ်ကတည်းကရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကညွှန်ကြားခဲ့ကြောင်း၊၎င်းဆိုင်ခန်းများအား နေရာအစားအဖြစ်သာကေတမြို့နယ်ယမုံနာလမ်းနံဘေးတွင်
ပြန်ပေးခဲ့သော်လည်း ယင်းနေရာမှာ အဆင်မပြေခြင်းကြောင့် အနည်းစုသာ ပြောင်းရွှေ့ထားပြီး ဆိုင်ခန်း ၂၅၀ ခန့် မပြောင်းရွှေ့ဘဲ ကျန်ရှိခဲ့ကြောင်း သိရသည်။

ဆိုင်ရှင်များ မပြောင်းရွှေ့၍ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် သြဂုတ် ၂ ရက် ညအချိန်တွင် စည်ပင်က အင်အားသုံး ဖယ်ရှားသဖြင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့နောက် ယခုနှစ် ဇန်န၀ါရီလဆန်းတွင် ဆိုင်ခန်းများအား တစ်လအတွင်း ပြောင်းရွှေ့ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက စည်ပင်ဥပဒေအရ ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဖြင့် ဖယ်ရှားမည်ဟု စည်ပင်က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်န၀ါရီ ၂၀ ရက်တွင် ဆိုင်ခန်းပိုင်ရှင်များက စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခြင်း မပြုလုပ်မီ တွေ့ဆုံဆွေးနွေးမှုလုပ်ပေးရန် တောင်းဆို
ခဲ့ကြခြင်းကြောင့် ယင်းနောက်ပိုင်း တွေ့ဆုံညှိနှိုင်းခဲ့ရာ ဆိုင်ခန်းပိုင်ရှင်များဘက်က ယခုပြောင်းရွှေ့ရမည့် မင်္ဂလာဒုံမြို့နယ်ပတ္တမြားအပါအ၀င် နေရာငါးခုကို တောင်းဆိုခဲ့ကြခြင်းဖြစ်ရာ ယခုနေရာကို နှစ်ဦးနှစ်ဖက် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစ်မတို့အားလုံး ညှိပြီး မင်္ဂလာဒုံပတ္တမြားကိုပြောင်းဖို့ သဘောတူခဲ့တာပါ။ အဲဒီမှာတော့ ကိုယ်ပိုင်မြေအနေနဲ့ ၀ယ်ခဲ့တာပါ။ အခုလက်ရှိ မင်းဓမ္မမြေကတော့ စည်ပင်ပိုင်မြေပါ”ဟု မင်းဓမ္မပန်းကွင်းမှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။

မင်းဓမ္မပန်းကွင်းအား၂၀၀၁ခုနှစ်တွင်စတင်လုပ်ကိုင်
ခဲ့ခြင်းဖြစ်ပြီး မူလမြေ ရှစ်ဧက ကျယ်ဝန်းကြောင်း၊ မူလမြေနေရာမှာတရုတ်သင်္ချိုင်းမြေဖြစ်ပြီးသင်္ချိုင်းပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း ပျိုးဥယျာဉ်လုပ်ငန်းများ လုပ်ဆောင်ရန် စည်ပင်နှင့် ဆိုင်ခန်းပိုင်ရှင်များ ညှိနှိုင်း၍ လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့လယ်ရှိ မြို့လယ်ဗဟိုစီးပွားရေးဇုန်သည် သိပ်သည်းမှုများပြားနေသည့်အတွက် ယင်းနေရာကိုခွဲထုတ်ရန် ရန်ကုန်မြို့ပြ ပညာရှင်များက အကြံပြုခဲ့ကြရာ ဒုတိယမြို့လယ်ဗဟိုစီးပွားရေးဇုန်အဖြစ် ရန်ကုန် မြောက်ပိုင်း မရမ်းကုန်းမြို့နယ် မင်းဓမ္မနယ်မြေတွင် ဒုတိယဗဟိုစီးပွာရေးဇုန်ကို ဖော်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်မည့် ကုမ္ပဏီကို တင်ဒါခေါ်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service