တရားမ၀င် ဆောက်လုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း (၁၅၀၀) ၀န်းကျင်ရရှိ

တရားမ၀င် ဆောက်လုပ်သူများထံမှ ဒဏ်ကြေး ကျပ်သိန်း (၁၅၀၀) ၀န်းကျင်ရရှိ - Property News in Myanmar from iMyanmarHouse.com
31 Aug 2015 10:42 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၌တရားမ၀င်အဆောက်အဦး ဆောက်သူများအား ဒဏ်ကြေးတိုးမြှင့် ကောက်ခံမှုကြောင့် ယခုနှစ်အတွင်း
ကျပ် သိန်း(၁၅၀၀) ၀န်းကျင်ရရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ သိရသည်။

““တရားမ၀င် ဆောက်လုပ်မှုတွေမရှိအောင် ဒဏ်ကြေးတိုးမြှင့် ထားတာပါ။ ဒီလိုမဟုတ်ရင် တရားမ၀င်တွေက များလာနိုင်တယ်”” ဟု
(အဆောက်အအုံ) မှ ဌာနမှူးက ပြောသည်။

တရားမ၀င် အဆောက်အအုံများ ဒဏ်ကြေး ကောက်ခံရာတွင် တစ်စတုရန်းပေလျှင် (၂၅၀၀) ကျပ်နှင့် အလွန်အကျွံ ဆောက်လုပ်လျှင်
တစ်စတုရန်းပေလျှင် (၁၅၀၀၀) ကျပ် ပေးဆောင်ရကြောင်း သိရသည်။

အဆိုပါ ဒဏ်ကြေးများကို သက်ဆိုင်ရာ ငွေစာရင်းဌာနသို့ လွှဲပြောင်းပေးပြီး၊ ယင်းဌာနမှတစ်ဆင့် ကော်မတီ လုပ်ငန်းများဆောင်ရွက်ရာတွင် အထက်ပါ ဒဏ်ကြေးများကို ပြန်လည်သုံးစွဲသွားမည်ဖြစ်ကြောင်း အဆောက်အအုံ ဌာနမှူးက ဆိုသည်။

““အခုဆို ကန်ထရိုက်က ဘယ်ရောက်သွားမှန်းမသိတော့ ဒဏ်ကြေးကို ကျွန်မတို့ မြေရှင်ကပဲ ပေးနေရတာကြာတော့ မတတ်နိုင်ဘူး။ ဒုက္ခတွေ ရောက်နေရတယ်””ဟု သင်္ဃန်းကျွန်းမြို့နယ်(က/င)ရပ်ကွက်တွင် နေထိုင်သူမြေရှင် ဒေါ်ထက်ထက်အောင်က ဆိုသည်။

တရားမ၀င် အဆောက်အအုံများ ဒဏ်ကြေးလစဉ် ပေးဆောင်ခြင်းဖြင့် ယင်းအဆောက်အအုံကို တရားဝင်ခွင့်ပြုချက်ရရှိစေရန်
ပြန်လည် လျှောက်ထားနိုင်ပြီး၊ဒဏ်ကြေးပေးဆောင်ခြင်းမရှိသူ၏ အဆောက်အအုံများကို ဖြိုဖျက်သွားမည် ဖြစ်ကြောင်း
ယင်းဌာနမှ သိရသည်။ လက်ရှိ ရန်ကုန်မြို့တွင် တရားမ၀င်ဆောက်လုပ်မှုကြောင့် တရားစွဲဆိုထားသည့် အဆောက်အအုံ စုစုပေါင်း(၂၂၀၀) ကျော်ရှိပြီး၊ ယင်းအဆောက်အအုံများမှာ သင်္ဃန်းကျွန်း မြို့နယ်တွင် အများဆုံးတည်ရှိနေကြောင်း သိရသည်။

Credit: Messenger News Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service