ငွေပြတ်၍ ဟံသာဝတီလေဆိပ် ဆောက်လုပ်ရေး နောက် ၄ နှစ်ဆုတ်

ငွေပြတ်၍ ဟံသာဝတီလေဆိပ် ဆောက်လုပ်ရေး နောက် ၄ နှစ်ဆုတ် - Property News in Myanmar from iMyanmarHouse.com
31 Aug 2015 10:28 am တွင် တင်ခဲ့သည်
1393 ကြိမ် ကြည့်ရှု့ပြီး
ကာလရှည်ကြာခဲ့ပြီဖြစ်သော မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတခု ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ ယခုတကြိမ်တွင် နောက်ထပ်၎ နှစ်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ဘဏ္ဍာငွေ ရရှိရေး အခက်အခဲကြောင့် ဖြစ်သည်ဟု အစိုးရပိုင်မီဒီယာများနှင့် အစိုးရ တာဝန်ရှိသူတဦးက သြဂုတ်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတခုက ရန်ကုန်မြို့မြောက်ဘက် မိုင် ၆၀ ခန့်အကွာ ပဲခူးမြို့ရှိ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ အသုံးပြုခဲ့သည့် လေဆိပ်ဟောင်းတခုနေရာတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တည်ဆောက်ရန် ကနဦးက စီစဉ်ထားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နောက် ၇ နှစ်ကြာမှသာ ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့် ကြောင်း အစိုးရပိုင် Global New Light of Myanmar သတင်းစာက ဖော်ပြခဲ့သည်။

“တရားဝင်ဖွံ့ဖြိုးရေး အကူအညီ (Official Development Assistance -ODA) ရရှိဖို့ နှောင့်နှေးခဲ့ရတဲ့ အတွက် မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် အပြည်ပြည်ဆိုင်ရာလေဆိပ် စတင်ဖွင့်လှစ်မယ့် အချိန်က ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ကို ရွှေ့ဆိုင်း လိုက်ရပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းလွင်ဦး က ပြောကြားကြောင်း သတင်းစာက ဆိုသည်။

ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးကလည်း ဘဏ္ဍာငွေ ရရှိရေး အခက်အခဲတခုကြောင့် စီမံကိန်း နှောင့်နှေးသွားခဲ့ရသည်ဟု အတည်ပြုခဲ့သည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) အတွက် ဆွေးနွေးနေဆဲဖြစ်လို့ စီမံကိန်းရဲ့ အဓိက တည်ဆောက်ရေးလုပ်ငန်းတွေက အခုထဲမစတင်ရသေးပါဘူး” ဟု အဆိုပါ အရာရှိက ပြောသည်။ တရားဝင် ပြောရေးဆိုခွင့်ရှိသူ မဟုတ်သည့်အတွက် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့သလို အခြား အသေးစိတ် အကြောင်းအရာများ ပြောပြရန်လည်း ငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ခန့်ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးပြီးဆုံးသွားပြီး အာဏာရရှိလာသော အရပ်သားအစိုးရကစီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည့်အတွက် ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှုကလည်းအလွန်များလာသည့်အတွက် ၁၉၉၄ ခုနှစ်ကထဲက ရပ်နားထားခဲ့သည့် ဟံသာဝတီလေဆိပ်စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

ရောက်ရှိလာသည့် ခရီးသည်များကို ရန်ကုန်မြို့သို့ ပို့ဆောင်ပေးမည့် အစီအစဉ် ပါဝင်ခြင်းမရှိသည့် အတွက် စီမံကိန်းကို ဝေဖန်မှုများလည်း ရှိခဲ့သည်။

၂၀၁၄ ခုနှစ်တွင် Yongnam-CAPE-JGCC အမည်ရှိ ဂျပန်-စင်္ကာပူ ဖက်စပ် ကုမ္ပဏီကြီးတခုက ဟံသာဝတီလေဆိပ်ကို အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံဖြင့် တည်ဆောက်ခွင့်ရရှိခဲ့သည်။ ကုန်ကျငွေ၏ ၄၉ ရာခိုင်နှုန်းကို ODA ချေးငွေဖြင့် ကျ ခံမည်ဖြစ်ပြီး ကျန် ၅၁ရာခိုင်နှုန်းကို ကုမ္ပဏီနှင့် ပုဂ္ဂလိက ချေးငွေများဖြင့် သုံးစွဲသွားမည်ဖြစ်သည်။ဟံသာဝတီလေဆိပ်က တနှစ်လျှင် ခရီးသည် ၁၂ သန်း ၀န်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၏ ၀န်ဆောင်နိုင်မှုထက် ကျော်လွန်လုနီးပါး
ရောက်ရှိနေပြီဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၁.၀၅ သန်း၊ ၂၀၁၃ ခုနှစ်တွင် ၂.၀၄ သန်း ၀င်ရောက်ခဲ့၍ ၂၀၁၄ ခုနှစ်တွင် ၃သန်းကျော်ရန် ဦးတည်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်းတွင်ခရီးသည်၅သန်းအထိရောက်ရှိလာရန်
မျှော်လင့်ထားသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များကို အဆင့်မြှင့်ပြင်ဆင်မှုနှင့် တိုးချဲ့မှုများလည်း ပြုလုပ် နေသည်။

Credit: The Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service