ရန်ကုန်မြို့အတွင်းရှိအန္တရာယ်ရှိအဆောက်အအုံများ
ပြန်လည်ဆောက်လုပ်ရာတွင်အချိန်ကြန့်ကြာနေပါက
ဆောက်လုပ်သည့်ကန်ထရိုက်အား လိုင်စင်ပိတ်သိမ်း အရေးယူတော့မည်ဖြစ်ကြောင်းရန်ကုန်မြို့တော်
စည်ပင်သာရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အအုံမှ သိရသည်။
“ပြန်မဆောက်နိုင်တဲ့ အကြောင်းအရင်းက ခိုင်လုံရင်တော့ အရေးမယူသေးပါဘူး၊ ဒီလိုမဟုတ်ဘဲ သူတို့ဘာသာ ငွေကြေးကိစ္စတွေ စာချုပ်ကိစ္စတွေကြောင့် ပြန်မဆောက်ဘူးဆိုရင် အရေးယူတော့မှာ ဖြစ်တယ်”ဟု ယင်းဌာနမှ ဌာနမှူး ဦးသန်းဌေးက The Messenger Media
သို့ ပြောသည်။
လက်ရှိ ပြန်လည်ဆောက်လုပ်ခိုင်းထားသည့် အဆောက်အအုံတချို့၏ကန်ထရိုက်များသည်
နှစ်အတန်အကြာပြန်လည်ဆောက်လုပ်ခြင်းမရှိဘဲ လုပ်ငန်းရပ်ဆိုင်းထားမှုများပြားလာခြင်းကြောင့် အထက်ပါအတိုင်းအရေးယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
အန္တရာယ်ရှိအဆောက်အအုံများ ပြန်လည်ဆောက်လုပ်
သည့်ကန်ထရိုက်များအနေဖြင့် အဆောက်အအုံတစ်ခုကို
နှစ်နှစ်အတွင်းအပြီးသတ်ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။
“အဆောက်အဦးတစ်ခု ကြန့်ကြာနေတယ်ဆို မြေရှင်နဲ့ အစဉ်မပြေတာတွေရှိသလို တစ်ခြားကိစ္စတွေလည်း ရှိတဲ့အတွက်ပါ။တမင်သက်သက်ကြာအောင် လုပ်နေတာတော့ မဟုတ်ပါဘူး” ဟု ကန်ထရိုက်လုပ်ငန်း ဆောင်ရွက်နေသည့် ဦးမျိုးမင်းက
The Messenger Media သို့ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ အန္တရာယ်ရှိ ပြန်လည်ဆောက်လုပ်ခိုင်းထားသည့် အဆောက်အအုံ(၁၅၀၀) ကျော် ရှိသည့်အနက်
အဆောက်အအုံ(၈၀)ခန့်မှာ နှစ်ပေါင်းကြာမြင့်သည်အထိ
ပြန်လည်ဆောက်လုပ်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ
သိရသည်။
Credit: Messenger News Journal