Mandalay ICT Park ပြန်လည်ဖွင့်လှစ်

Mandalay ICT Park ပြန်လည်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
14 Aug 2015 9:53 am တွင် တင်ခဲ့သည်
2285 ကြိမ် ကြည့်ရှု့ပြီး
Mandalay ICT Park ကို ရတနာပုံဈေး တတိယထပ်တွင် ဩဂုတ်လ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း
ဒါရိုက်တာအဖွဲ့ဝင်များက ပြောသည်။

၂၀၀၈ ခုနှစ်တွင် ရတနာပုံဈေးမီးလောင် ခဲ့ပြီးနောက်ပိုင်း Mandalay ICT Park ကို
ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ယခုနှစ်ဩဂုတ် ၈ ရက်မှ ပြန်လည်ဖွင့်လှစ်ကာ လက်ရှိနေရာ အကျယ်အ၀န်းမှာစတုရန်း ပေ ၆၀,၀၀၀ ကျော်ရှိကြောင်း စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးသိန်းထွတ်ကပြောသည်။

“Mandalay ICT Park မှာ ငါးနှစ်ကျော်လောက် ICT လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လုပ်ကိုင်ခဲ့ပါတယ်။
မီးလောင်ခဲ့ပြီးနောက်ပိုင်းတော့ ပြန်မလုပ်ကိုင်နိုင်ခဲ့ပါဘူး။ အခုမှပြန်ပြီး လုပ်ကိုင်တာပါ။ နေရာ အခက်အခဲတွေလည်း ရှိခဲ့လို့ပါ” ဟု၎င်းက ပြောသည်။

ယခုဖွင့်လှစ်မည့် Mandalay ICT Park တွင် အခန်းကျယ်ပေါင်း ၁၂ ခန်း၊ လူပေါင်း ၂၀၀ ခန့်ကို
ဟောပြောနိုင်သော အစည်းအဝေးခန်းမနှင့် လူပေါင်း ၄၀ ခန့် အစည်း အဝေးလုပ်နိုင်သော အခန်းများပါဝင်ကြောင်း
ဦးသိန်းထွတ်က ပြောသည်။

“၀င်ပေါက်နှစ်ပေါက်ရယ်၊ ဓာတ်လှေကားလေးစင်းရယ်၊ အရေးပေါ်လှေကား နှစ်ခု၊စက်လှေကား နှစ်ခုပါရှိပါတယ်။ ပြီးတော့စီစီတီဗီတွေလည်းတပ်ဆင်ထားပါတယ်။
မြန်ဆန်တဲ့ အင်တာနက်ရရှိဖို့ဖိုက်ဘာတွေကို တိုက်ရိုက်ဆွဲထားပါတယ်။

စားသောက်ဆိုင်တွေလည်း ပါရှိမှာပါ” ဟု ၎င်းကပြောသည်။
ICTParkအပြင်တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများကိုလည်း နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်
သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာလုပ်ငန်းများ နှင့် ချိတ်ဆက်လုပ်ကိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း အဖွဲ့ဝင်ဒါရိုက်တာဦးရဲမြတ်သူ ကပြောသည်။

“မန္တလေးမှာကနိုင်ငံတကာအဆင့်မီ ရုံးခန်းကျယ်တွေ မရှိသလောက်ရှားပါးတဲ့အတွက် ICT Park မှာ
ထည့်သွင်းထားတာပါ။ ပြီးတော့ နိုင်ငံတကာလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ လူငယ်တွေအတွက် အလုပ်အကိုင်တွေကိုနိုင်ငံခြားအထိထွက်ပြီး မလုပ်ကိုင်ရအောင်စီစဉ်ထားပါတယ်။

နိုင်ငံတကာစာမေးပွဲတွေ စစ်ဆေးနိုင်တဲ့အခန်းတွေလည်း
ထည့်သွင်းထားပါတယ်” ဟု ၎င်းကပြောသည်။
Mandalay ICT Park ကို နည်းပညာနှင့်ပတ်သက်ပြီး လူငယ်များလေ့လာနိုင်စေရန်၊ လူငယ်ပညာရှင်များကို အလုပ်အကိုင်အခွင့်အလမ်း ပိုမိုပေးနိုင်စေရန် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဦးရဲမြတ်သူ ကပြောသည်။

Mandalay ICT Park ကို
မန္တလေးတိုင်းအတွင်းရှိ ကွန်ပျူတာပညာရှင်များ၊ လုပ်ငန်းရှင်များ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသောစီးပွားရေးလုပ်ငန်းရှင်များ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေရှိ (MICTDC) တို့ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဩဂုတ်လ ၇ ရက်က ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service