ဟက်ပီးဘတ်ဒေး စင်ကာပူ၏ အတုယူဖွယ် အချက်ငါးချက်

ဟက်ပီးဘတ်ဒေး စင်ကာပူ၏ အတုယူဖွယ် အချက်ငါးချက် - Property News in Myanmar from iMyanmarHouse.com
11 Aug 2015 10:00 am တွင် တင်ခဲ့သည်
1448 ကြိမ် ကြည့်ရှု့ပြီး
စင်ကာပူနိုင်ငံ၏ နှစ် ၅၀ ပြည့် နှစ်ပတ်လည်နေ့ဖြစ်သော သြဂုတ် ၉ ရက်တွင် ကြီးမားသည့် စစ်ရေးပြ ချီတက်မှုကြီး တစ်ခု၊ မီးရှူးမီးပန်း ပစ်ဖောက်မှုများ အပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အခမ်းအနားများ ကျင်းပခဲ့သည်။

စင်ကာပူသည် မလေးရှားဖက်ဒရေးရှင်းမှ ၁၉၆၅ ခုနှစ် သြဂုတ် ၉ ရက်တွင် ခွဲထွက်လာခဲ့ပြီးနောက် သမ္မတနိုင်ငံတစ်ခု ဖြစ်လာခြင်းဖြစ်သည်။

စင်ကာပူသည် အနာဂတ်မျိုးဆက်များအတွက် အနာဂတ်ကို ရည်မျှော်ကာ ချဉ်းကပ်နေသည့် ကျွန်းနိုင်ငံငယ်လေးဖြစ်သည်။ စင်ကာပူသည် ပူပြင်းလှသည့်အပြင် လူဦးရေကလည်း ထူထပ်လွန်းသည်။

ကုန်းမြေဧရိယာ ၇၅၀ စတုရန်းကီလိုမီတာပင် မပြည့်သော အပူပိုင်းဒေသ မြို့နိုင်ငံကလေး၌ နေထိုင်သူ ၅ ဒသမ ၅ သန်းရှိသည်။ စင်ကာပူ၏ လူဦးရေသည် ၂၀၃၀ ပြည့်နှစ်သို့ အရောက်တွင် ၆ ဒသမ ၅ သန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

ယင်းကဲ့သို့ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသော်လည်း စင်ကာပူသည် ကမ္ဘာပေါ်တွင် နေချင်စဖွယ် အကောင်းဆုံးနှင့် စီးပွားရေးအရ အအောင်မြင်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။ စင်ကာပူနိုင်ငံ၏ ဂျီဒီပီသည် ထိပ်တန်းဥရောပနိုင်ငံများနှင့် အတူတူပင်ဖြစ်သည်။
စင်ကာပူနိုင်ငံ၏ အတုယူဖွယ် အချက်များကို ကြည့်မည်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

(၁) စီမံကိန်းတစ်ရပ်ရှိခြင်း

စင်ကာပူသည် အခြေခံ အဆောက်အအုံ ဒီဇိုင်းအတွက် ရေရှည်ရှုမြင်ချက်များနှင့် ကြိုတင်တွက်ချက်မှုများနှင့်အတူ စိတ်ကူးစီမံကိန်းများကို ၁၉၇၁ ခုနှစ်ကတည်းက ချမှတ်ထားခဲ့သည်။ မူလက မျှော်လင့်ထားသည်ထက် ပို၍မြန်ဆန်သော လူဦးရေတိုးပွားမှုအတွက် ယင်းရေရှည် စီမံကိန်း ချထားခြင်းကများစွာ အရေးပါသည်။

“လွတ်လပ်တဲ့ နိုင်ငံသစ်တစ်ခုအဖြစ် စင်ကာပူရဲ့ ထိပ်ဆုံးဦးစားပေးလုပ်ငန်းစဉ်တွေကတော့ ပြည်သူတွေကို
နေရာထိုင်ခင်းနဲ့အလုပ်အကိုင်တွေ ပေးနိုင်ရေးပဲ ဖြစ်ခဲ့တယ်” ဟု နေချင်စဖွယ် မြို့ပြဖန်တီးရေး စီမံကိန်းဌာန အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ခူတန်ချီက ပြောကြားခဲ့သည်။

စင်ကာပူသည် ကုန်းမြေဧရိယာ အကန့်အသတ် ရှိနေပြီး သဘာဝရင်းမြစ်များ မရှိသောကြောင့် ဓာတ်အားပေးစက်ရုံများနှင့် မြေနက်အညစ်အကြေး စွန့်ပစ်မှုတို့ အပါအ၀င် အသုံးချလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စိမ်းလန်းစိုပြည်မှုအပေါ် အမြဲတစေအာရုံစိုက်ခဲ့သည်။“လေသန့်စင်ရေး၊
ရေသန့်စင်ရေးနဲ့ စိမ်းလန်းစိုပြည်ရေးတို့ဟာ စင်ကာပူရဲ့ မြို့ပြစီမံကိန်းမှာတွဲလျက်ပါဝင်နေပါတယ်”ဟုခူက ပြောကြားခဲ့သည်။

စီးပွားရေးဇုန်များ၌ ဗဟိုပြုစနစ်မှ ဖယ်ခွာခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုနှင့် ခရီးသွားလာရသည့် အချိန်တို့ကို လျှော့ချရေးအတွက် မြို့ပြဒီဇိုင်းရေးဆွဲရာတွင် အဓိက အချက်ဖြစ်ပြီး ပြည်သူတို့၏ ဘ၀အရည်အသွေးကို တိုးတက်စေသည်။ “လူဦးရေထူထပ်လို့ ဘ၀အရည်အသွေး နိမ့်ကျတယ် ဆိုတာမျိုး ဖြစ်စရာ မလိုပါဘူး” ဟု ခူက ပြောကြားခဲ့သည်။

(၂) စွန့်ပစ်ပစ္စည်းများကို အလဟဿမဖြစ်စေခြင်း

အစိုင်အခဲများ၊ အဏုဇီဝပိုးမွှားများနှင့် အခြားညစ်ညမ်းသည့် အရာများကို ဖယ်ရှားရန်အတွက် NEWater စနစ်ကို အမြှေးပါးများကိုဖြတ်လျက် တည်ဆောက်ထားသည်။ လူနေထူထပ်ခြင်းကြောင့် စွန့်ပစ်ပစ္စည်းများလည်း ထူထပ်သည်။ သို့သော် စင်ကာပူသည် စွန့်ပစ်ပစ္စည်းများကို ထိထိရောက်ရောက်စုဆောင်းရုံသာမက နေရာပိုရအောင်ပင် ပြုလုပ်နိုင်သည်။

“စင်ကာပူမှာ အမှိုက်တွေ သိမ်းထားဖို့ နေရာမရှိပါဘူး” ဟု ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် စင်ကာပူ ETH စင်တာရှိ အနာဂတ်မြို့ပြဓာတ်ခွဲခန်းမှဒက်ဟေဘယ်က ပြောကြားခဲ့
သည်။

စင်ကာပူသည် အမှိုက်များကို ပုံမှန်မီးရှို့လျက် ပြာများကို ပင်လယ်ထဲမှ ရရှိသည့် သဲများနှင့် ပူးပေါင်းကာ စင်ကာပူနိုင်ငံ၏ ကုန်းမြေချဲ့ထွင်ရေး၌ အသုံးပြုခဲ့သည်။ စင်ကာပူသည် အညစ်အကြေးရေများကို အဆင့်ဆင့် စစ်ယူလျက် သောက်သုံးရေများအဖြစ် ပြန်လည်အသုံးချသောNEWaterစနစ်နှင့် ရေငန်ကို ရေချိုပြုလုပ်ခြင်းတို့မှတစ်
ဆင့် ရေအရင်းအမြစ် ရယူရန် စီမံထားသည်။

“စင်ကာပူမှာ စွန့်ပစ်ပစ္စည်း အရင်းအမြစ်တွေကို အဆင့်မြင့် အသုံးချမှု ၈၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်” ဟု ဟေဘယ်က ပြောကြားခဲ့သည်။ ယင်းအမျိုးအစား စွန့်ပစ်ပစ္စည်းများ၌ ပလတ်စတစ်နှင့် ဖန်သားတို့ပါဝင်ပြီး အဆောက်အအုံတည်ဆောက်ရေးပစ္စည်းများဖြစ်အောင် ပြန်လည်အသုံးချနိုင်သည်။

(၃) လေအခြေအနေ စိမ်းလန်းရေး

စင်ကာပူသည် အီကွေတာနှင့် နီးကပ်စွာ တည်ရှိသောကြောင့် ရာသီဥတုက ပူပြင်းစွတ်စိုသည်။ အပူချိန်သည် ပျမ်းမျှအားဖြင့် ၃၀ ဒီဂရီစင်တီဂရိတ် အထက်တွင်ရှိပြီး တစ်နှစ်ပတ်လုံး အပြောင်းအလဲ မရှိလှပေ။

မြို့၏ အပူချိန်မြင့်မားမှုသည် အဆောက်အအုံများက လေကြောင်းပိတ်ဆို့ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ ထုတ်လွှတ်မှုများခြင်း၊ အပူလှိုင်းဖြာထွက်ခြင်းတို့နှင့် ထပ်မံပူးပေါင်းကာ စင်ကာပူကို အလွန်ပူပြင်းစေသည်။
ယင်းကြောင့် လူများအအေးဓာတ် ရရှိရန်အတွက် စွမ်းအင်သုံးစွဲမှု အလွန်မြင့်မားသည်။

“စင်ကာပူရဲ့ လျှပ်စစ်ဓာတ်အား ၆၀ ရာခိုင်နှုန်းအထိဟာ အဆောက်အအုံတွေကို ပေးရပါတယ်” ဟု ဗိသုကာနှင့် ဆောက်လုပ်ရေးစနစ်များ ပညာပါမောက္ခ အာနိုရှလုတာက ပြောကြားခဲ့သည်။ အများပြည်သူဆိုင်ရာ နေရာများနှင့် လုပ်ငန်းခွင်များတွင် အအေးခံရန်နှင့် စိုထိုင်းဆနည်းအောင် ပြုလုပ်ရန် လျှပ်စစ်ဓာတ်အားကို အသုံးပြုရသည်။

“နံရံတွေ အားလုံးမှာ လေအေးပေးစက်တွေ ရှိနေတာကြောင့် စင်ကာပူဟာ ဆူညံတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်” ဟု ရှလုတာက ပြောကြားခဲ့သည်။
စင်ကာပူ၏ စွမ်းအင်အလွန်အကျွံ သုံးစွဲမှုကို ကျော်လွှားနိုင်ရန် ရှလုတာနှင့် အဖွဲ့သည် အရှေ့တောင်အာရှဆိုင်ရာ ကောလိပ်တစ်ခုနှင့် ပူးပေါင်းကာ စီမံချက်တစ်ခုကို ဆောင်ရွက်လျက်ရှိသည်။

ယင်းတွင် ပြင်ပ၌ အစိုဓာတ် လျှော့ချထားသောလေကို အဆောက်အအုံသို့ပို့ကာ အဆောက်အအုံ၏ မျက်နှာစာများကို အအေးခံသည့်စနစ် ပါဝင်သည်။ စင်ကာပူတွင် အဆောက်အအုံ အသစ်များအတွက် ဒီဇိုင်းရေးဆွဲရာတွင် လေကိုဖမ်းယူလျက်
လေကြောင်းကောင်းမွန်အောင် ပြုလုပ်ခြင်းဖြင့်သဘာဝ
လေ၀င်လေထွက်စနစ်ကို ထည့်သွင်းရေးဆွဲထားသည်။

(၄) မြေအောက်စနစ်ပြုလုပ်ခြင်း

လူဦးရေတိုးတက်လာပြီး နေစရာလိုအပ်ခြင်းကို ဖြေရှင်းရန် ကမ္ဘာ့မြို့ကြီး အများစုတွင် အဆောက်အအုံများကို အထက်သို့ ဆောက်လုပ်ကြသည်။ ယခုအခါ စင်ကာပူသည် အောက်သို့ ဆောက်လုပ်မှုပြုလုပ်ပြီး လုပ်ငန်းခွင်များကို မြေအောက်သို့ပို့နေသည်။ စင်ကာပူသည် အစပထမတွင် လက်နက်ခဲယမ်း မီးကျောက်နှင့် ဆိုင်သော အဆောက်အအုံများကို မြေအောက်သို့ပို့ခဲ့သည်။

ယင်းနောက်ဆီသိုလှောင်ရုံများလည်း မြေအောက်သို့ ရောက်လာသည်။ မကြာမီ သိပံ္ပဓာတ်ခွဲခန်းကဲ့သို့သော အခြားလုပ်ငန်းများလည်း မြေအောက်သို့ ရောက်ရှိလာတော့မည်။ ယင်းတွင် ကျောက်သားများအား မြေအောက်အနက် မီတာ ၁၀၀ ကျော်အောင် လိုဏ်ဂူများတူးခြင်း ပါဝင်သည်။

(၅) နည်းပညာကို ပွေ့ဖက်ခြင်း

စင်ကာပူ၏ MRT မြေအောက်မီးရထား လမ်းစနစ်သည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ရထားလမ်းစနစ်တစ်ရပ်ဖြစ်သည်။ စင်ကာပူအနေဖြင့် နေချင်စဖွယ် အကောင်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခြင်းအတွက် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို မေ့ထား၍ မရပေ။

စင်ကာပူ၏ MRT ကို ကမ္ဘာပေါ်တွင် အကောင်းဆုံး အများပြည်သူ ပို့ဆောင်ရေး စနစ်တစ်ခု အဖြစ်လည်း သတ်မှတ်ထားသည်။ မော်တော်ကားများ ပိုင်ဆိုင်မှု အကန့်အသတ်များ ရှိသောကြောင့် စင်ကာပူတွင် အများပြည်သူ ပို့ဆောင်ရေးစနစ် လိုအပ်သည်။

အများ ပြည်သူဆိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များတစ်လျှောက် လှုပ်ရှားမှုများနှင့် ဖျော်ဖြေမှုများအတွက် အထောက်အကူပြုသည့် နည်းပညာမြင့်မားသော အဆောက်အအုံများကို အသုံးပြုလာသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်လာပြီဖြစ်သည်။
“လူဦးရေ ထူထပ်လာမှုက စင်ကာပူရဲ့ အခြေခံအဆောက်အအုံအပေါ် ပိုပြီး ဖိအားဖြစ်စေပါတယ်။ ဒါကြောင့် စင်ကာပူဟာ နေထိုင်မှု၊ အပန်းဖြေမှုနဲ့ ဘ၀နေထိုင်မှုသွင် ဟန်တွေအတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ လိုက်လျောညီထွေပြုဖို့နဲ့ ဆန်းသစ်တီထွင်ဖို့ လိုအပ်ပါတယ်” ဟု ခူက ပြောကြားခဲ့သည်။

နေချင်စဖွယ်ဖြစ်ရေးနှင့် စဉ်ဆက်မပြတ် တိုးတက်ရေး နှစ်ရပ်စလုံးအတွက် စင်ကာပူနိုင်ငံ ဖွံ့ဖြိုးမှုတွင် ဆန်းသစ်တီထွင်မှုက အချက်အချာကျသည်။
“ပတ်ဝန်းကျင်စိမ်းလန်းရေးနဲ့ လျော်ညီတဲ့ အဆောက်အအုံတွေအတွက် နည်းပညာက အချက်အချာပါ။ အဲဒီ တီထွင်ဆန်းသစ်မှုက ပတ်ဝန်းကျင်နဲ့ လူတွေကို အလျင်အမြန် တုံ့ပြန်နိုင်ပါတယ်” ဟု စင်ကာပူ စိမ်းလန်းသောအေ ဆာက်အအုံများဆိုင်ရာ ကောင်စီမှ အထွေထွေမန်နေဂျာ ယဗွန်နီဆိုးက ပြောကြားခဲ့သည်။

Credit: ElevenMedia
ဟက်ပီးဘတ်ဒေး စင်ကာပူ၏ အတုယူဖွယ် အချက်ငါးချက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service