ဒေသတွင်း အကြီးဆုံးအိမ်ခြံမြေ၀ဘ်ဆိုဒ်တွေထဲကတစ်ခုဖြစ်တဲ့ iProperty.com Malaysia က သူတို့ကုမ္ပဏီရဲ့ ‘Lifestyle Exhibition for Property, Home & Living’ အမည်ရ ဒုတိယအကြိမ်နှစ်ပတ်လည်အိမ်ခြံမြေပြပွဲကို ကွာလာလမ်ပူမှာ ယခု သြဂုတ်လ ၇ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
“ဒီအိမ်ခြံမြေပြပွဲဟာ အိမ်ခြံမြေ၀ယ်ယူသူနဲ့ရင်းနှီးမြှုပ်နှံသူတွေ မလေးရှားဈေးကွက်ထဲဝင်လာဖို့ အဓိကစင်္ကြံတစ်ခုပါပဲ။ ပွဲကို လူ ၅၀,၀၀၀ ကျော်လောက်လာမယ်လို့ ခန့်မှန်းထားပါတယ်” ဟု iProperty မှ မန်းနေးဂျင်းဒါရိုက်တာနဲ့ စီအီးအိုဖြစ်သူ ဂျော့ဂ်ျခီမီယယ်လ်က ပြောကြားခဲ့ပါတယ်။
ဒေသစံတော်ချိန် နံနက် ၁၁ နာရီကနေ ည ၉ နာရီအထိကျင်းပတဲ့ သုံးရက်ကြာ ပြပွဲမှာ အိမ်ခြံမြေလုပ်ငန်းပေါင်း ၆၀ ကျော်ပါဝင်ပြသနေပြီး အိမ်ခြံမြေ၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အသိပညာတွေကိုလည်း ပေးသွားမှာဖြစ်ပါတယ်။
iPad Mini 3, Toshiba ၄၀ လက်မ LED TV နဲ့ တိုကျိုသို့ Air Asia X Flight လက်မှတ်တွေအပါအ၀င် ဆုမဲများလည်း ဖောက်ပေးသွားမယ်လို့ သိရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)