၁။ရှန်ဟိုင်းမြို့ကြီးအနီးက Thames မြို့
ရှန်ဟိုင်းနဲ့ ကီလိုမီတာ ၃၀ လောက်ပဲကွာဝေးပါတယ်။ လန်ဒန်ရှိ သိမ်းမြစ်ကို အစွဲပြုပြီးမှည့်ခေါ်ထားတဲ့နာမည်ပါ။ လန်ဒန်လိုမျိုး အုတ်ချပ်အိမ်လေးတွေ၊ ဈေးဆိုင်ခန်းလေးတွေ၊ ဘုရားကျောင်း၊ ကျောက်ချပ်စီထားတဲ့ လမ်းတွေကြောင့် မင်္ဂလာဆောင်အလှဓာတ်ပုံတွေ အဓိက ရိုက်လေ့ရှိကြတဲ့မြို့လေးပါ။
၂။ရှန်ဟိုင်းအနီးက ဖုကျန့်မြို့
လူ ၈၀,၀၀၀ နေထိုင်နိုင်အောင် ဒီဇိုင်းထွင်ခဲ့ပြီး တရုတ်မှာပေါ်ထွန်းလာတဲ့ အီတလီမြို့လေးပါ။ အီတလီဗိသုကာပညာရှင်တွေက တရုတ်လယ်မြေကို ပြောင်းလဲခဲ့တဲ့ မြို့လေးလည်းဖြစ်ပါတယ်။
၃။ရှန်ဟိုင်းအနီးက ထျန်းသူချိန်မြို့
တရုတ်မှာရှိပြီး တရုတ်ဓလေ့ပုံစံနဲ့လုံးဝမတူတဲ့ နောက်ထပ်ထူးဆန်းတဲ့မြို့တော့ ထျန်းသူချိန်ပါပဲ။ ပါရီမြို့ဟန်ပန် ဒီဇိုင်းထွင်ထားပြီး လူ ၁၀,၀၀၀ နေထိုင်နိုင်အောင် မြို့တည်ထားတာဖြစ်တယ်လို့ သိရပါတယ်။ မြို့လယ်မှာဆို အစစ်ထက် ပေ ၆၀၀ ကျော်ပိုတိုပြီး ၃၅၄ ပေရှည်လျားတဲ့ အီဖယ်လ်တာဝါအတုတောင်ရှိပါတယ်။
၎။ ရှန်းကျန်းမြို့အနီးက Interlaken Town
သူကတော့ ဆွစ်ဇာလန်အလယ်ပိုင်းက Interlaken အပန်းဖြေမြို့ငယ်ပုံစံ ဖန်တီးထားတဲ့ မြို့လေးပါ။ ဒီမြို့ကို သွားလည်ရင် ဂေါက်ရိုက်ခြင်းနဲ့ အပန်းဖြေခရီးတို့ရဲ့ အရသာကို ပေါင်းယှက်ခံစားနိုင်မှာဖြစ်ပါတယ်။
၅။ ဖူထုံးမြို့အနီးက ဟော်လန်မြို့
ကောင်ချောင်မြို့လို့လည်း ခေါ်ကြပြီး ဖူထုံးမြို့မြောက်ဘက်မှာ တည်ရှိပါတယ်။ အမ်စတာဒမ်မြို့ပုံစံအတုခိုးထားတဲ့မြို့ငယ်လေးပါ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)