ရန်ကုန်မြို့သစ်စီမံကိန်းမှာ မြေရောင်းစားသည့် စီမံကိန်းတစ်ခုသာ ဖြစ်ပြီး ရိုးသားမှု မရှိ

ရန်ကုန်မြို့သစ်စီမံကိန်းမှာ မြေရောင်းစားသည့် စီမံကိန်းတစ်ခုသာ ဖြစ်ပြီး ရိုးသားမှု မရှိ - Property News in Myanmar from iMyanmarHouse.com
24 Jun 2015 10:39 am တွင် တင်ခဲ့သည်
720 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်တွင် အတည်ပြုခဲ့သည့် ရန် ကုန်မြို့သစ် စီမံကိန်းကြီးမှာ ပြည်သူ လူထု အကျိုးထက် နိုင်ငံခြားသား များ၊ ခရိုနီလုပ်ငန်းရှင်ကြီးများ အကြီး အကျယ် အမြတ်ထွက်စေမည့် မြေ ရောင်းစားသည့် စီမံကိန်းတစ်ခုသာ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဇွန်လ ၁၆ ရက်တွင် The Trade Times ကို ပြောသည်။

”အခုဒီတခေါက်က အစိုးရအဖွဲ့ ကတင်တာမဟုတ်လို့ မနှစ်ကအန်တီ မေးထားတဲ့ မေးခွန်း ၁၇ ခုကို ပြန် ဖြေစရာမလိုတော့ဘူး။ လွှတ်တော် ကိုယ်စားလှယ်က တင်လို့ သူတို့ အစိုးရက လုပ်ပေးရတယ် ဆိုတဲ့ အပေါက်မျိုးလုပ်သွားတာ။ ဒီစီမံ ကိန်းက မြေရောင်းစားမယ့် စီမံကိန်း ဖြစ်တော့ ဘယ်သူမဆို လုပ်နိုင် တယ်။ ၁၅ ဘီလျံရင်းပြီး ဘီလျံ ၇ဝ လောက်အထိ မြတ်နိုင်တယ်။ ဒီစီမံ ကိန်းကို လုပ်မယ့်ငွေတွေထဲမှာ ငွေ မည်းတွေ ပါနိုင်တဲ့အတွက် စစ်ပေး ပါလို့ တင်ပြခဲ့တာကို ဘဏ္ဍာရေး ဝန်ကြီးက ရုပ်သိမ်းပြီးသား စီမံကိန်း ဖြစ်တဲ့အတွက် စစ်စရာ မလိုတော့ဘူး လို့ ပြန်ဖြေပေမယ့် မြို့တော်ဝန်က ကျတော့ လွှတ်တော်မှာ အဲဒီလယ် မြေတွေကို မြို့မြေအဖြစ် ပြောင်းလဲ သတ်မှတ်နေပါတယ်လို့ ပြောနေ ပြန်တယ်။ မနေ့က လွှတ်တော်မှာ ဆွေးနွေးတဲ့အခါမှာ အစိုးရအဖွဲ့ တစ်ခုတည်းက ဝန်ကြီးနှစ်ပါးရဲ့ အဖြေဆန့်ကျင်ဘက်ဖြစ်နေတယ်၊။

ဒါကြောင့် ဒီစီမံကိန်းဟာ လုံးဝ မရိုး သားတဲ့အပြင် မရိုးသားမှုတွေ ပြည့် နှက်နေတဲ့ စီမံကိန်းတစ်ခုလို့ မြင် တယ်”ဟု ¤င်းက ပြောသည်။ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၌ ကျင်းပခဲ့သည့် တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုယ်စား ရန်ကုန်တိုင်း စည်ပင် သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးလှမြင့်က အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ကုန်ကျမည့် ရန်ကုန်မြို့ သစ်စီမံကိန်းကို တင်ပြခဲ့ပြီး ပွင့်လင်း မြင်သာမှုမရှိဘဲ ကုမ္ပဏီဆိုင်းဘုတ် သာ တင်ထားသည့် မြန်မာ့စေတနာ မြို့သစ် အများပိုင်ကုမ္ပဏီလီမိတက် တစ်ခုတည်းကသာ လုပ်ကိုင်မည် ဆိုသည့်အတွက် ဒေါက်တာညိုညို သင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ သို့ မေးခွန်းပေါင်း ၁၇ ခု ဖြင့် မေးမြန်း ခဲ့သည့်အပြင် ပြည်သူလူထု၏ ဝေဖန် မှုများ မြင့်တက်လာသည့်အတွက် ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၌ ယင်းစီမံကိန်းကို ပြန်သုံးသပ် ရန်ရှိသည်ဟုဆိုကာ မြို့တော်ဝန်က လွှတ်တော်သို့ တင်ပြထားသည့် ယင်းအဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ သလို လွှတ်တော်ကိုယ်စားလှယ်များ ကလည်း သဘောတူညီကြသည့် အတွက် အဆိုရုပ်သိမ်းခြင်းကို လွှတ် တော်က အတည်ပြုခဲ့သည်။

၂ဝ၁၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေးတွင် ကြည့်မြင်တိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမြင့်က ရန်ကုန် မြို့သစ် စီမံကိန်းကို ဒေသခံပြည်သူ လူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်လုပ်ဆောင်ပေးရန် အဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို ကမာ ရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တွံတေး၊ ဒေါပုံနှင့် ကော့မှူးမြို့နယ် တို့မှ လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ထောက်ခံဆွေးနွေးခဲ့ ကြပြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါက်တာညိုညိုသင်း တစ်ဦးတည်ကသာ ကန့်ကွက်ဆွေး နွေးခဲ့သည်။

”လွှတ်တော်ကိုယ်စားလှယ် တွေက ရပ်ထားတဲ့ စီမံကိန်းကိုပြန်စ ဖို့ဘဲ ဆွေးနွေးခဲ့တာကို မြို့တော်ဝန် က တခြားစီမံကိန်းတွေနဲ့ပါ ရောချ သွားလို့ လွှတ်တော်ကိုယ်စားလှယ် တွေကလည်း မကျေနပ်ကြဘူး။ ဒါ ကြောင့် ကျွန်မကို အရေးကြီးအဆို အဖြစ် ပြန်တင်ဖို့ ပြောလာကြလို့ ပြန်တင်မယ်”ဟု ၄င်းက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁ဝဝ မဲ၊ ကန့်ကွက်မဲ ၁ဝ မဲနှင့် ပယ်မဲ လေးမဲဖြင့် အတည်ပြုခဲ့သည်။ ဇွန်လ ၁၉ ရက်တွင် ရန်ကုန် မြို့တော် မဟာဗျူဟာ စီမံကိန်းကြီး များနှင့် ပတ်သက်၍လွှတ်တော်တွင် ဆွေးနွေးကြမည်ဖြစ်သည့်အတွက် လွှတ်တော်မှ အတည်ပြုခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် အခြား မြို့သစ်စီမံကိန်းများ ဆက်စပ်မှုရှိမရှိ ကို မေးမြန်းသွားရန် လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်လျက် ရှိသည်။

”မြို့တော်ဝန် ပြောသွားတဲ့ မြို့သစ်စီမံကိန်းတွေက ရန်ကုန်ပတ် လည်မှာ ဧက ၁ဝဝ,ဝဝဝ လောက် ချဲ့လို့ရတယ်။ တဖြည်းဖြည်းချင်းပဲ ချဲ့သွားမယ်လို့ ပြောတာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြံပေး မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအား ကြည့်မြင်တိုင်၊ လှိုင်သာယာ၊ တွံတေး နှင့် ဒလမြို့နယ်များရှိ လယ်မြေဧက ၃ဝ,ဝဝဝ ပေါ်တွင် ဖော်ထုတ်လုပ်ကိုင်သွားမည် ဖြစ်သော်
လည်း မည် သည့်နေ့၊ မည်သည့်အချိန်၌ စတင် အကောင်အထည်ဖော်မည်၊ မည် သည့် ကုမ္ပဏီကို လုပ်ကိုင်ဆောင် ရွက်ခွင့်ပြုမည်ကိုမူ တင်ပြလာခြင်း မရှိသေးဘဲ နိုင်ငံတကာပညာရှင်များ နှင့် ပူးပေါင်းပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြို့တော်ဝန်ဦးလှမြင့်က တိုင်းလွှတ်တော်သို့ ပြန်လည် ဖြေ ကြားခဲ့သည်။

Credit:thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service