မြန်မာနိုင်ငံ မြိတ် ကျွန်းစု ရှိ အသုံးမပြုရသေး သည့် ကျွန်း စုများ၌ စင်ကာပူအခြေစိုက် Zoch- well စီးပွားရေးအုပ်စုက
Lux Dream ကျွန်းစခန်း အပန်းဖြေဟိုတယ် တည် ဆောက်နိုင်ရေး အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ပြင်ဆင် ထားကြောင်း CNA သတင်း ဖော်ပြချက်အရ သိရှိရသည်။.
ဒုတိယ ဖူးခက်အပန်းဖြေကျွန်း တစ်ခုကို မြန်မာနိုင်ငံမြိတ်ကျွန်းစုရှိ ၂၈၂ ဟက်တာ အကျယ်ရှိသည့် ကျွန်း တစ်ကျွန်း၌
ကြယ်ငါးပွင့်အဆင့်ဟို တယ်၊ အပန်းဖြေဥယျာဉ်၊ ကစားကွင်း နှင့် အခြားဖျော်ဖြေရေး အစီအစဉ်များ ပါဝင်သည့် ကျွန်းစခန်းအပန်းဖြေ
ဟိုတယ် Lux Dream ကိုတည် ဆောက်ရန် မြန်မာအစိုးရ၏ ခွင့်ပြု ချက်ကို စောင့်ဆိုင်းနေကြောင်း သိရ သည်။
ယခုနှစ် ဒီဇင်ဘာလတွင် နိုင် ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်လုပ်ငန်း ၃ဝ ခန့် ဆောက် လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း
ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းကျော်အုန်း က ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုများလာသော ကြောင့် အခန်းမလုံလောက်သဖြင့် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းများ
တိုက်ရိုက် ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုး ရက နေပြည်တော်၌ ဇွန် ၉ ရက်က ပြု လုပ်သော မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းညီလာခံ၌ဖိတ်ခေါ်ခဲ့သည်။
”ရေရှည်စီးပွားရေးဖွံ့ဖြိုးဖို့ မြန်မာက အခုမှအစပဲရှိပါသေးတယ်။
ဒါကြောင့် ရင်းနှီးမြှုပ်နှံ သူတွေက လက်ငင်းအကျိုးအမြတ်ထက်
ရေရှည် အ ကျိုးကို ထည့်သွင်း စဉ်းစားပြီး စွန့် စားရမှာပါ”ဟု စင်ကာပူအိမ်ရာဖွံ့ဖြိုး ရေးကုမ္ပဏီ Keppel မှ မြန်မာဆိုင်ရာ ဥက္ကဋ္ဌ Goh York Lin ကပြောသည်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ် နှံမှုဥပဒေ ထွက်ပေါ်လာသည့် ၂ဝ၁၂ ခုနှစ်နောက် ပိုင်း တွင် ဟိုတယ်စီမံကိန်း ၄၈ ခုကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုခဲ့ပြီး ၃၃ ခုမှာ စီမံကိန်း အ ကောင်အထည်ဆောင်နိုင်ပြီး လာမည့် ၂ဝ၁၈ ခုနှစ်တွင် အပြီးသတ်တည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း ၌ အများဆုံး ဝင်ရောက်ရင်နှီးမြှုပ်နှံ သည့်နိုင်ငံများတွင် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှဖြစ်ပြီး ၄င်းနောက်တွင် ထိုင်း၊ ဟောင်ကောင်၊ ဂျပန်နှင့် ဗီယက်နမ်တို့ ဖြစ်ကြောင်း သိရသည်။
Credit: Democracy today