အရှုပ်အရှင်းကိစ္စ ပိုဂရုပြုရမယ့် အိမ်ခြံမြေဈေးကွက်

အရှုပ်အရှင်းကိစ္စ ပိုဂရုပြုရမယ့် အိမ်ခြံမြေဈေးကွက် - Property News in Myanmar from iMyanmarHouse.com
22 Jun 2015 10:29 am တွင် တင်ခဲ့သည်
1562 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးကွက်မှာ ပိုင်ဆိုင်မှုအတွက် စာရွက်စာတမ်းတွေ အတုလုပ်ကြတာ၊ ပိုင်ဆိုင်မှုမှာ
နှစ်ဦးနှစ်ယောက်ဖြစ်နေလို့ အငြင်းပွားကြရတာတွေဟာ အမြဲတမ်းမဟုတ်ပေမယ့်မကြာခဏတွေ့ရ၊ကြားရတတ်တဲ့
ပြဿနာတွေဖြစ်ကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။

ဒီလိုတွေဖြစ်တတ်တယ်ဆိုတာကိုလည်း အိမ်မြေအရောင်းအ၀ယ်လုပ်ကြသူတွေ အနေနဲ့ ကြားဖူးနားဝရှိနေကြတဲ့အထဲ မှာ ဒီအဖြစ်အပျက်တွေဟာ ဖြစ်ပျက် နေဆဲဖြစ်တာကြောင့် ပိုင်ဆိုင်ခွင့်ကိစ္စရပ်ဟာ အမြဲ
သတိထားလုပ်ဆောင်သွားရမယ့် ကိစ္စဖြစ်ကြောင်း အတွေ့အကြုံရင့်တဲ့ အိမ်မြေအကျိုးဆောင်
အများစုက ပြောပါတယ်။

ဝယ်ပြီးမှ ပိုင်ဆိုင်မှုအထောက်အထား ဟာ နောက်တစ်ယောက်မှာလည်း
ရှိနေ တတ်တာကို အိမ်ခြံမြေလောကမှာ အတွေ့ အကြုံရင့်ကျက်တဲ့သူတွေတောင်မှ အခန့်
မသင့်တဲ့အခါ ကြုံတွေ့ရတာမျိုးရှိတယ် လို့ သိရပါတယ်။

ဒီလိုအဖြစ်အပျက်မျိုး ကို တတ်နိုင်သမျှ
ရှောင်လွှဲနိုင်ဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ အကျိုးဆောင်တွေရဲ့ကဏ္ဍဟာ များစွာ
အရေးပါနေပါတယ်။

အရောင်းအ၀ယ်လုပ်တော့မယ်ဆိုရင် မြေအမျိုးအစား၊ အမွေဆိုင်လား၊တစ်ဦးတည်းပိုင်လား၊ အပေါင်အနှံအရှုပ်အရှင်းရှိ ထားလား စတဲ့ကိစ္စရပ်တွေကို စေ့စေ့ငုငု
သိရှိဖို့ လိုအပ်သလို ပိုင်ဆိုင်မှုစာရွက် စာတမ်းအဆင့်ဆင့်မှာ ဘာတွေရှိဖို့ လိုအပ်တယ်ဆိုတာ
မျိုးကို တတ်ကျွမ်းတဲ့ အကျိုးဆောင်တွေက ကူညီဆောင်ရွက်ပေး နိုင်ကြပါတယ်။

ဒီကြားထဲမှာမှ
ကံမကောင်း အကြောင်းမလှစွာနဲ့ ပိုင်ဆိုင်မှု အငြင်း ပွားရတာမျိုးကြုံနိုင်သေးပေမယ့် ကိုယ့်ဘက်
ကလည်း ခိုင်လုံမှုကောင်းကောင်း နဲ့ ရင်ဆိုင်နိုင်မှာဖြစ်တယ်လို့ အတွေ့ အကြုံရှိသူတွေက
ပြောပါတယ်။လတ်တလောမှာ အရှုပ်အရှင်းများနိုင် တဲ့ မြေအမျိုးအစားတွေက ရွာမြေအမျိုး အစားတွေဖြစ်ကြောင်းလည်း ဈေးကွက် သတင်းတွေအရ သိရပါတယ်။

ရွာမြေနဲ့ တချို့ စိုက်ပျိုးမြေတွေဟာ ငွေအရင်းအနှီး
မများတဲ့အတွက် ငွေတတ်နိုင်သူတွေက ကံစမ်းတဲ့ သဘောနဲ့ ၀ယ်ကြတာမျိုးရှိသလို တစ်ပိုင်တစ်နိုင်
တတ်နိုင်တဲ့သူကလည်းကိုယ်နိုင်တဲ့ ငွေပမာဏဖြစ်တယ်
ဆိုပြီး မြေပိုင်ဆိုင်ချင်တဲ့စိတ်ဇောနဲ့ဝယ်ယူတတ်ကြပါတယ်။

ဒီနေရာမှာ ပိုင်ဆိုင်မှု အထောက်အထားမပါဘဲ အရပ်ကတိ
စာချုပ်တွေနဲ့ ချုပ်ဆိုအလုပ်လုပ်ကြတာတွေလည်း များစွာတွေ့ရကြောင်း သိရပါတယ်။

အကျိုးအမြတ် များများရနိုင်တဲ့ လုပ်ငန်းတွေမှာ အိမ်ခြံမြေလုပ်ငန်းဟာ ထိပ်တန်းစာရင်းထဲမှာ
ပါပေမယ့် အမှား အယွင်းဖြစ်ရင် ရှင်းလင်းရမှာ ခက်ခဲတာ ကြောင့် အရောင်းအ၀ယ်လုပ်တဲ့အခါ
တတ်ကျွမ်းသူတွေနဲ့ အလုပ်လုပ်သင့်တယ် လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

Credit: The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service