ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးသက်သာမှ တန်ဖိုးမျှတ တိုက်ခန်းများကို ဈေးနှုန်းလျှော့၍ ရောင်းချနိုင်မည်

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးသက်သာမှ တန်ဖိုးမျှတ တိုက်ခန်းများကို ဈေးနှုန်းလျှော့၍ ရောင်းချနိုင်မည် - Property News in Myanmar from iMyanmarHouse.com
15 Jun 2015 11:07 am တွင် တင်ခဲ့သည်
917 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်များကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်ရန် လိုအပ်သည့်အပြင် ငွေ ကြေးအင်အား အရင်းအနှီး လုံလုံ လောက်လောက် ရရှိပါက အများ ပြည်သူတို့ကို ရောင်းချပေးနေသည့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများတွင် ပါဝင်သည့် တိုက်ခန်းများ၏ ဈေးနှုန်း များကို ယခုထက် ထပ်မံလျှော့ချ ရောင်းချသွားနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သတင်းရရှိသည်။
”ဆောက်လုပ်ရေးပစ္စည်းတွေ ကို ဈေးသက်သက်သာသာနဲ့ရမယ်။ အိမ်ရာစီမံကိန်းနဲ့ ပတ်သက်ပြီး ငွေကြေးအလုံအလောက်ရမယ်ဆိုရင် တန်ဖိုးတွေ လျော့သွားနိုင်သလို ဈေးလည်း လျှော့ပြီး ရောင်းပေးနိုင် မှာပါ”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ၏ ၈ဝ ရာခိုင်နှုန်းမှာ ပြည်ပမှ မှာယူတင်သွင်း အသုံးပြု နေရသည့်အပြင် လတ်တလော မြင့်တက်နေသည့် အမေရိကန်ဒေါ်လာတန်ဖိုးခိုင်မာကာ မြန်မာကျပ် ငွေခိုင်မာမှု ကျဆင်းလာသည့်အနေ အထားကြောင့် ဆောက်လုပ်ရေး လုပ်ငန်းနှင့်ပတ်သက်သည့်ပစ္စည်းများ၏ ဈေးနှုန်းမှာ
နေ့စဉ်ရက်ဆက် ဆိုသလို ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။

ယခုလက်ရှိ အနေအထားမှာ အိမ်ခြံမြေဈေးနှုန်းကျဆင်းနေသည့် အတွက် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းများအများစု လုပ်ငန်းများ ရပ်တန့်ထားကြသည့်အတွက်လည်း ဆောက်လုပ်ရေးပစ္စည်းများ ပြည်ပမှ မှာယူအသုံးပြုမှု နည်းပါးနေပြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောက် လုပ်နေသည့် အိမ်ရာစီမံကိန်းများ သာ ဆက်လက်လုပ်ကိုင်နိုင်သည့် အခြေအနေတွင် ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူ တို့ကို ရောင်းချပေးနေသည့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းရှိ တိုက်ခန်း များကို အနည်းဆုံး ကျပ်သိန်း ၁၂ဝ နှုန်းဖြင့် ရောင်းချပေးလျက် ရှိသဖြင့် အိမ်ရာလိုအပ်လျက်ရှိသော ဝင်ငွေ နည်း ဝန်ထမ်းများနှင့် လက်လုပ် လက်စား အများပြည်သူ လက်လှမ်းမီ နိုင်ရန် ခက်ခဲလျက်ရှိသည်။

”ဒေါ်လာဈေးမြင့်တက်လာလို့ ဆောက်လုပ်ရေးပစ္စည်းတွေ
ဈေးတက်နေပေမယ့်ပုဂ္ဂလိကကုမ္ပဏီအများစုက
ဆောက်လုပ်တာတွေရပ်နားထားကြလို့ ဈေးတက်တာ
တော်တော်ခံသာနေတယ်လို့ ပြောရ မယ့် အခြေအနေရှိတယ်။ အားလုံး သာ အရင်လို ဝိုင်းဆောက်မယ်ဆိုရင် အခုလို ဒေါ်လာဈေး တက်ပုံနဲ့ဆို သံချောင်းတွေ၊ဘိလပ်မြေဈေးတွေ
တော်တော်မြောက်သွားနိုင်တယ်”ဟုလည်း
ရွှေပြည့်စုံဆောက်လုပ်ရေး ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က သုံးသပ်ပြောကြား သည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service