အခန်းပေး၊ အခန်းယူစနစ်ဖြင့် တည်ဆောက်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးကန်ထရိုက်အများစု လုပ်ငန်းများ ရပ်ဆိုင်းလုဖြစ်

အခန်းပေး၊ အခန်းယူစနစ်ဖြင့် တည်ဆောက်လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးကန်ထရိုက်အများစု လုပ်ငန်းများ ရပ်ဆိုင်းလုဖြစ် - Property News in Myanmar from iMyanmarHouse.com
12 Jun 2015 9:48 am တွင် တင်ခဲ့သည်
803 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးလုပ်ငန်းများ တွင် အရောင်းအဝယ်ဖြစ်မှု မရှိဘဲ ဈေးကွက်ကျဆင်းနေသည့်အတွက် ပုံမှန် အခန်းပေး၊ အခန်းယူစနစ်ဖြင့် ဆောက်လုပ်နေသည့် ကန်ထရိုက် တာ အများစုလုပ်ငန်းများ ရပ်ဆိုင်းလု နီးပါးဖြစ်နေကြောင်း ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင် နေသည့် ကုမ္ပဏီများထံမှ သတင်း ရရှိသည်။

အိမ်ခြံမြေ ဈေးကွက်ကျဆင်းလာ နေသည်နှင့်အတူ ဆောက်လုပ်ရေး လုပ်ငန်းများပါ ကျဆင်းလျက် ရှိပြီး ဈေးကွက်အတွင်း တိုက်ခန်း၊ ကွန်ဒို များကို လျှော့ဈေးဖြင့် ရောင်းချပေးမှု များ ရှိလာသော်လည်း ဝယ်ယူသူ နည်းပါးနေဆဲဖြစ်သည်။

”ငွေအိပ်နေတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် စီမံကိန်းသစ်တွေ တင်မကဘူး၊ အခန်းပေး၊ အခန်းယူ စနစ်နဲ့ ဆောက်နေကြတဲ့ ကန်ထရိုက် တာတွေပါ လုပ်ငန်းရပ်တန့်နေတဲ့ သဘောရှိတယ်။ လုပ်ငန်းသစ်ထဲမှာ ထပ်ထည့်ဖို့ထက် သူတို့က အခန်း ရောင်းရမှ အလုပ်ဖြစ်ကြမှာဆိုတော့ လတ်တလော အခြေအနေအရ အခန်းကလည်း ဝယ်တဲ့ လူက နည်း နေတယ်။ ရွေးကောက်ပွဲ ပြီးမှပဲ လုပ်ငန်းတွေ ပြန်လည်နိုင်မယ်လို့ ထင်တယ်”ဟု အာရှဆောက်လုပ် ရေးကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးကောင်းမင်းခန့်က ပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဈေးကွက်၌ အရောင်းအဝယ်ရပ်တန့် လုနီးပါးဖြစ်ခဲ့သည် ဖြစ်စဉ်များမှာ ၁၉၉၇ ခုနှစ်၊ ၂ဝဝ၂ ခုနှစ်နှင့် ၂ဝဝ၆ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ပြီး အိမ်ခြံမြေအကျိုးဆောင်များထက် မြေနှင့် တိုက်ခန်းများကို လက်ဝယ် ကိုင်ဆောင်ထားသူများ၊ ဆောက်လုပ် ရေး လုပ်ငန်းရှင်များကို အထိနာစေ ခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ရှင်များက သုံးသပ်ပြောဆိုသည်။

ယခုတစ်ကြိမ် အိမ်ခြံမြေဈေး ကွက်ကျဆင်းကာ ဆောက်လုပ်ရေး လုပ်ငန်းများ ကျဆင်းလာခြင်းနှင့် ပတ်သက်၍ ယခင်အကြိမ်များက ထက် ပိုမိုထူးခြားသည့် အချက်မှာ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ် လာမည့် နိုင်ငံရေးအခြေအနေနှင့် လည်း များစွာသက်ဆိုင်မှုရှိကြောင်း ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း ရှင်များနှင့် အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

”ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ်မလုပ် နိုင်သရွေ့ကတော့ ဒီလိုပဲ ဖြစ်နေဦး မှာပါ။ ဆောက်လုပ်ရေးလောကမှာ လည်း ပြဿနာတွေက အများကြီး ရှိနေတယ်။ ငွေလှည့်ပြီး လုပ်ရတာ တွေလည်း အများကြီးရှိတော့ အခုလို အရောင်းအဝယ် မဖြစ်တဲ့ အချိန်မှာ ဒုက္ခဖြစ်တာပေါ့”ဟု ရွှေကမ္ဘာမောင် မောင် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းလာနေသည့်အတွက် မြေရှင် နှင့် ကန်ထရိုက်တာအကြား အခန်း ပေး၊ အခန်းယူစနစ်ဖြင့် ဆောက် လုပ်မည့် ကန်ထရိုက်တာ အများစုမှာ လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ အချိန်ဆွဲလုပ်ဆောင်ခြင်း၊ လုပ်ငန်းများ ရပ်တန့်ထားခြင်းစသည့် ဖြစ်စဉ်များကြောင့် မြေရှင်နှင့် အခန်း ကြိုတင်ဝယ်ယူထားသူများမှ တရား စွဲဆိုသဖြင့် တရားရုံးတွင် တရား ရင်ဆိုင်နေရခြင်းများ ရှိသည့် နည်းတူ အချို့မှာလည်း ကြားဝင်ဖျန်ဖြေ စေ့စပ်သူများ၏ ရင်ကြားစေ့မှုအရ လူမှုရေးနည်ဖြင့် ဖြေရှင်းညှိနှိုင်းမှု များ အများအပြားရှိလာနေခဲ့သည်။

”အကျိုးတူ စာချုပ်ချုပ်ပြီးတာ တစ်နှစ်ကျော်နေပြီ။ မြေတူးပြီးတော့ ပစ်ထားတယ်။ မေးလိုက်ပြန်ရင် လည်း ဟိုအကြောင်းပြ၊ ဒီအကြောင်း ပြနဲ့။ မြေရှင်တွေကလည်း အပြင်မှာ အိမ်ပြန်ငှားနေရတော့ အချိန်ကြာ လာတာနဲ့အမျှ မြေရှင်တွေဘက်က နစ်နာမှုတွေ ပိုပိုပြီး များလာတယ်။ ညှိလို့မရရင်တော့ တရားစွဲဖို့ စဉ်းစား ထားတယ်”ဟု တောင်ဥက္ကလာပ မြို့နယ်မှ ကန်ထရိုက်တိုက် ဆောက် လုပ်ရန်အတွက် အိမ်ဖျက်သိမ်းထား သည့် ဒေါ်နီနီမြင့်က ပြောသည်။

မြန်မာ အိမ်ခြံမြေဈေးကွက် အတွင်း အကြီးအကျယ် ဝင်ရောက် ဈေးကစားခဲ့သည့် တရုတ်နိုင်ငံသား များ ဈေးကွက်အတွင်း ပြန်လည်ဝင် ရောက်မှု မရှိသေးခြင်း၊ အိမ်ခြံမြေ ဈေးကွက်အတွင်း လှည့်ပတ်နေ သည့် တရားမဝင် ငွေကြေးများကို ပြန်လည်စိစစ်မှုပြုရန် အစိုးရဘက်မှ ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလာ သည့်အပြင် ရွေးကောက်ပွဲအပြီး ဖြစ် ပေါ်လာမည့် ဈေးကွက်သစ် အခြေ အနေကို လုပ်ငန်းရှင်များမှ မှန်းဆရန် ခက်ခဲသည့် အခြေအနေကြောင့် လုပ်ငန်းသစ်များတွင် ထပ်မံမြှုပ်နှံ ရန် မဝံ့မရဲ ဖြစ်နေခြင်း၊ ကွန်ဒိုတိုက် ခန်းဈေးများကို အမြင့်ဆုံးဈေးအထိ ဈေးနှုန်းမြှင့်တင် ရောင်းချခဲ့သည့် အတွက် ဝယ်ယူသူများဘက်မှ ဈေး နှုန်းများအပေါ် ပြန်လည်သုံးသပ်လာ ခြင်းတို့ကြောင့် အိမ်ခြံမြေဈေးကွက် အေးနေရခြင်းဖြစ်ပြီး ယင်းနှင့် ဆက် စပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်း များပါ ကျဆင်းလာလျက် ရှိနေသည်။ ထိုသို့ ကျဆင်းလာနေမှုတွင် ငွေကို မရိုးသားသော နည်းများဖြင့် ကစား နေကြခြင်းကလည်း တစ်ချက်အပါ အဝင် ဖြစ်နိုင်ကြောင်း မြန်မာလုပ်ငန်း ရှင်များက သုံးသပ်ပြောဆိုသည်။

”ပိုက်ဆံတွေက ဖျာအောက်ကို ပြန်ရောက်ကုန်ကြတဲ့ အခြေအနေပါ။ တရုတ်ငွေ အဝင်နည်းတာကြောင့် လည်း ဈေးကွက်အေးတာ ဖြစ်နိုင်ပါ တယ်။ ငွေကြေးခဝါချမှုတွေလည်း ပါနိုင်တယ်။ လျှို့ဝှက်ချက်တွေလည်း ရှိနိုင်တယ်”ဟု တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးကိုကို ထွေးက ပြောသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service