ဆလုံကျွန်း၌ အပန်းဖြေစခန်း၊ ရွက်လှေဆိပ်နှင့် ကာစီနို တည်ဆောက်ရန် ပြင်ဆင်

ဆလုံကျွန်း၌ အပန်းဖြေစခန်း၊ ရွက်လှေဆိပ်နှင့် ကာစီနို တည်ဆောက်ရန် ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
10 Jun 2015 10:33 am တွင် တင်ခဲ့သည်
2591 ကြိမ် ကြည့်ရှု့ပြီး
အဆင့်မြင့်ဟိုတယ်များ၊ အပန်းဖြေစခန်းနှင့် ရွက်လှေများ ဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်းအပြင်လောင်း
ကစားရုံ(ကာစီနို)များပါဝင် မည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန် Lux Dream Island
စီမံကိန်းကိုမြိတ်ကျွန်းစုဒေသ၌ မကြာမီ စတင်အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည်။

အဆိုပါစီမံကိန်းအား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း (ဘီအိုတီ)စနစ်ဖြင့် လုပ်ကိုင်ရန်
စင်ကာပူနိုင်ငံက Zochwell Group သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရနှင့် ယခုလ ထဲတွင်
သဘောတူစာချုပ် လက်မှတ်ရေးထိုး ရန် ပြင်ဆင်နေသည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်
တည်ရှိ သည့် မြိတ်ကျွန်းစုဒေသသည် ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ဆလုံလူမျိုးများ
နေထိုင်ကြသည့် ဒေသတစ်ခုဖြစ်ကာ ကမ္ဘာ လှည့်ခရီးသွားအများစု မရောက်ဖူးကြသေး သည့်
ဒေသတစ်ခုဖြစ်သည်။

၂၀၁၄ ခုနှစ်အကုန် အထိ အဆိုပါဒေသတွင် ဟိုတယ်ငါးခုဖွင့်လှစ် ထားကာ ဟိုတယ်ခန်း ၁၉၆ ခန်း
သာရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန၏ စာရင်းများအရ သိရသည်။

ယခုစီမံကိန်းလုပ်ဆောင်မည့် ဆလုံကျွန်း သည် ၆၇၉ ဧက ရှိကာ ကော့သောင်းမြို့မှ မော်တော်ဘုတ်ဖြင့်
သွားရောက်ပါက မိနစ် ၂၀ ခန့်အကွာအဝေးတွင် တည်ရှိသည်။ "ကျွန်းပေါ်မှာ အုန်း၊ ကွမ်းသီး၊
ရော်ဘာနဲ့ ပြောင်းစိုက်ခင်းတွေ စိုက်ပျိုးထားတာတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ
ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ လျော်ကြေးကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်" ဟုZochwell Group ၏
Chief commercial officerMrGarethChinက ပြောသည်။ တောင်သူများအားလုံးနီးပါးအား
လျော်ကြေးများပေးအပ်ခဲ့ပြီးဖြစ်ကာ လျော်ကြေး မယူလိုသည့် တောင်သူများမှာ ၎င်းတို့၏
မြေများတွင် ဆက်လက်လုပ်ကိုင်နိုင်ကြမည်ဖြစ်ပြီး စီမံကိန်းကိုမူ ၎င်းမြေများကို ရှောင်ကွင်းပြီး
လုပ်ဆောင်မည်ဖြစ်သည်။ "ရှေ့နေချုပ်က အတည်ပြုချက်ရရှိတာနဲ့ မြေငှားဖို့နဲ့ ဘီအိုတီစာချုပ်ကို
တိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ်နဲ့ လက်မှတ်ရေးထိုးသွား မှာဖြစ်ပါတယ်။ ဒါပြီးတာနဲ့ မြန်မာနိုင်ငံ
ရင်းနှီး မြှုပ်နှံမှုကော်မရှင်ရဲ့ အတည်ပြုချက်ကို ရယူ သွားမှာဖြစ်ပါတယ်" ဟု Mr.Chin ကဆိုသည်။
အဆိုပါကျွန်းကို ဘီအိုတီစနစ်ဖြင့် နှစ် ၅၀ ငှားရမ်းသွားမည်ဖြစ်ကာ နောက်ထပ် ၁၀ နှစ် သက်တမ်းနှစ်ကြိမ်
တိုးနိုင်မည်ဖြစ်သည်။ သို့သော် မြိတ်မြို့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး
ဦးလွှမ်းမိုးကမူ အဆိုပါစီမံကိန်းနှင့် ပတ်သက် ပြီး ၎င်းတို့ တစ်စုံတစ်ရာသိရှိထားခြင်းမရှိသေးကြောင်း
ပြောသည်။

"မြိတ်ကျွန်းစုက ကျွန်းတွေအားလုံးကို ကျွန်တော်တို့က ကွပ်ကဲရပါတယ်။ သူတို့ အနေနဲ့ ကျွန်တော်တို့
ဌာနကနေ အတည်ပြု ချက်ရယူဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အခုချိန် အထိတော့ ကျွန်တော်တို့
ဘာသတင်းအချက် အလက်မှ ရရှိမထားသေးပါဘူး" ဟု ၎င်းက ပြောသည်။ စီမံကိန်းတစ်ခုလုံး
အတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံကုန်ကျမည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည်။ ပထမအဆင့်တွင်
ရွက်လှေ များ ဆိုက်ကပ်နိုင်မည့် လှေဆိပ်နှင့် ဂေါက်ကွင်းတို့ကို တည်ဆောက်မည် ဖြစ်သည်။
ကျွန်းပေါ်တွင် ကာစီနိုလည်း ဖွင့်လှစ်သွား ရန် မူအားဖြင့် သဘောတူညီမှုရရှိထားပြီးဖြစ်သော်လည်း
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံက ခွင့်ပြုချက်ရယူရဦးမည်ဟု Mr.Chin က ပြော သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက ခွင့်ပြု ချက်ရရှိပါက စီမံကိန်း၏ လုပ်ငန်းများ ယခု နှစ်ကုန်တွင်
စတင်နိုင်မည်ဖြစ်သည်။ ၎င်းတို့တည်ဆောက်ရန် စီစဉ်ထားသည့် ရွက်လှေဆိပ်သည် ကမ္ဘာပတ်
ရွက်လှေလမ်းကြောင်းတွင် အဓိက နေရာတစ်ခုဖြစ်လာလိမ့် မည်ဟု Mr.Chin က မျှော်လင့်ထားသည်။
"ရွက်လှေပိုင်ဆိုင်တဲ့သူတွေ အတော်များ များက ကမ္ဘာပတ်ချင်ကြပါတယ်။ ဒီဒေသမှာဆိုရင်
စင်ကာပူ၊ မလေးရှားနဲ့ ဖူးခက်ကို သူတို့ ဖြတ်သွားကြတယ်။ ဒါပေမဲ့ ဖူးခက်က လှေဆိပ်
လေးခုစလုံးက ပြည့်နေပါပြီ။ လက်ခံနိုင်မှုက ပြည့်နေပြီဖြစ်လို့ အစိုးရကလည်း လှေဆိပ်အသစ်အတွက်
လိုင်စင်အသစ်တွေ ထုတ်မ ပေးတော့ပါဘူး။ နောက်ထပ် ရပ်နားစရာနေရာ တစ်ခုက
အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းက နီကိုးဘားကျွန်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဖူးခက်ကနေ
အဲဒီကို ကြီးတဲ့လှေတွေပဲ သွားနိုင်ပါသေးတယ်။ မြန်မာမှာ လှေဆိပ် ရှိမယ်ဆိုရင် ရွက်လှေ
အသေးတွေလည်း ဒီမှာ နားပြီး ဆက်သွားနိုင်ပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းဆိုင် ရာလမ်းညွှန်ချက်များအတိုင်း စီမံကိန်းကိုတည်ဆောက်သွားမည်ဟု
၎င်းက ပြောသည်။ ဒေသတွင်းရှိ ထူးခြားသည့် ဇီဝမျိုးစိတ်များ အား ခြိမ်းခြောက်ခံနေရသော
မြိတ်ကျွန်းစု ဒေသကို Marine Protected Area အဖြစ် သတ်မှတ်ရန် ခြိမ်းခြောက်ခံနေရသော
မျိုးစိတ်များနှင့် ဂေဟစနစ် ထိန်းသိမ်းရေး အဖွဲ့ (Flora & Fauna International ) က
အဆိုပါပြုထားသည်။

ထို့ပြင်ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ရန် ရွေးချယ်မည့်စာရင်းတွင်လည်း
ထည့်သွင်း ထားသည်။ "ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံကို လျှောက်လွှာမတင်မီမှာ ပတ်ဝန်းကျင်
ထိခိုက်နစ်နာနိုင် မှုစစ်တမ်း (အီးအိုင်အေ)ကို ကျွန်တော်တို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပြီးတော့
အစိုးရက အဆိုပြုတဲ့အချက်တွေ အားလုံးကိုလည်း လိုက်နာလုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု
Mr.Chin က ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service