မျက်စိတစ်ဆုံးရှည်လျားလှတဲ့ ရေကူးကန်တွေ၊ အပူအအေးစနစ်ပါ ၀ိုင်သိုလှောင်ခန်းတွေနဲ့အိမ်တွင်း
ဂေါက်ကွင်းအတုတွေကတော့ နယူးယော့ခ်က ကျိကျိတက်ချမ်းသာတဲ့လူတစ်စုပိုင်ဆိုင်ချင်လွန်းကြတဲ့
အဆင့်မြင့် ဇိမ်ခံအိမ်ရာတွေရဲ့ အရောင်းသွက်ဈေးကွက် မှာ ပါဝင်တဲ့အချက်အလက်တချို့ပါ။
ဒီနှစ်မှာတော့ အဆင့်မြင့်ဇိမ်ခံတိုက်ခန်း တစ်ခန်းရဲ့ဈေးနှုန်းဟာစံသတ်မှတ်နှုန်းထား ဒေါ်လာသန်း
၁၀၀ ထက်စံချိန်တင် ကျော် လွန်သွားခဲ့ပါတယ်။
အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းတွေဟာလည်းကုဋေကြွယ်သူဌေးတွေအတွက် စိတ်တိုင်းကျအိမ်ရာတွေကို
အရင်ကထက် အချိန်ကုန်လူပန်းခံပြီးရင်းနှီး မြှုပ်နှံပေးထားကြပါတယ်။
အဆင့်မြင့်ဇိမ်ခံအိမ်ရာနဲ့ ပတ်သက်ပြီး အကောင်းဆုံးနမူနာပြစရာ တစ်နေရာကတော့
ကုလသမဂ္ဂရုံးအနီးက ၄၃ ထပ် တာဝါ အဆောက်အအုံရဲ့ ထိပ်ဆုံးက စတုရန်းပေ ၁၀ယ၀၀၀ နီးပါး
ကျယ်ဝန်းတဲ့ လုံးတွဲတိုက်ခန်း လေးပါပဲ။ ရှည်လျားပြီး ကျယ်ဝန်းတဲ့ရေကူး ကန်တစ်ကန်နဲ့
သီးသန့်ဓာတ်လှေကားတစ်စင်း ပါဝင်တဲ့အပြင် ရင်သပ်ရှုမော ဖွယ်ရာ မြင်ကွင်းတွေလည်း
ကြည့်ရှုခံစားနိုင်ပါတယ်။ ဒီတိုက်ခန်းကို လျှော့ဈေး ဒေါ်လာ သန်း ၇၀ နဲ့ ရနိုင်ပါတယ်။
၅၀ ယူနိုက်တက်နေးရှင်း ပလာဇာအဆောက်အအုံ ( 50 United Nations Plaza) ဟာ
အဆင့်မြင့်ဇိမ်ခံလူနေမှုစနစ်ရဲ့ အပြိုင်အဆိုင်များတဲ့ လောကမှာ လိုတာထက်ပိုချဲ့ လွန်းတဲ့
နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်း ကို အသုံးချထားပါတယ်။ ဒီအဆောက်အအုံမှာ
နောက်ဆုံးပေါ် အဆင့်မြင့် အားကစားခန်းမ၊ အများသုံး မိုးလုံလေလုံရေကူးကန်နဲ့ မန်ဟက်တန်မှာ
ရှားပါးတဲ့ ဇိမ်ခံဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ ကားပေါ်ပါဧည့်သည်ကို ပါကင်နေရာအထိ
လိုက်စရာမလိုအောင် ချပေးလို့ရတဲ့ "သီးသန့် နေရာ" တစ်ခုလည်း ပါဝင်ပါတယ်။ တိုက်ခန်း
တစ်ခုစီမှာ ကားပါကင် တစ်နေရာစာစီ ပါဝင် တဲ့အပြင် ကားပိုင်ရှင်ကိုယ်စား ကားကိုပါကင်အထိ
မောင်းပို့ပေးတဲ့ ကားပါကင်ဝန်ဆောင်မှု လည်း ထည့်သွင်းပေးထားပါတယ်။ "ကျွန်တော်တို့ရဲ့
အဆောက်အအုံတွေကို တခြားသူတွေနဲ့မတူအောင် ကွဲပြားစေမယ့်နည်းလမ်းတွေကို ကျွန်တော်တို့
အမြဲရှာဖွေ နေကြတယ်လို့ ထင်ပါတယ်"လို့ အဆိုပါ အဆောက်အအုံ အရောင်းဒါရိုက်တာ
Jill Mangoneက ပြောပါတယ်။
"လူတွေရဲ့ တကယ့်လိုအပ်ချက်နဲ့ ဘ၀ နေထိုင်မှုပုံစံအတွက် အလိုက်အထိုက်ဖြစ်စေမယ့်
အရာတွေ ဖြည့်ဆည်းပေးဖို့ ကြိုးစားပေး နေတဲ့ အပြောင်းအလဲတစ်ခု ရှိပါတယ်။ လူတွေဟာ
လက်ဖျားခါရလောက်တဲ့ အားကစားခန်းမမျိုး အသုံးပြုချင်ကြပါတယ်။ မြင်ကွင်း ကောင်းကောင်း
ကြည့်ရှုခံစားလို့ ရတာမျိုး ပါဝင်စေချင်ကြပါတယ်။ သိုလှောင် သိမ်းဆည်း စရာနေရာ အပိုတွေလည်း
လိုချင်ကြပါတယ်။ ကလေးတွေအတွက် ကစားခန်းမလည်း ရှိစေချင်ကြပါတယ်" လို
့ သူကပြောပါတယ်။ "၀ယ်လက်တွေက ပိုခေတ်မီပြီး အမြင် ကျယ်လာကြတာနဲ့အမျှ နေ့စဉ်အခြေခံ
လိုအပ်ချက်နဲ့ပတ်သက်ပြီး ဘ၀မှာ တကယ် တိုးတက်ကောင်းမွန်စေမယ့် အရာတွေကို လိုချင်
လာကြပါတယ်" လို့ သူကပြောပါတယ်။
နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးတဲ့ နောက်မှာ ၂၄ နာရီ လုံခြုံရေး၊ အ၀တ်လျှော် မီးပူတိုက်
ဝန်ဆောင်မှု၊ အားကစားခန်းမ၊ ဘတ်စကက်ဘောကွင်းနဲ့ ရေကူးကန်တွေ ဟာ နယူးယော့ခ်မှာ
သာမာန်ထက် မထူးဆန်းတဲ့အရာတွေ ဖြစ်လာပါပြီ။ အများနဲ့မတူတဲ့အချက်တွေ အထက်တန်းလွှာ
လူတန်းစားတွေ အတွက်ကတော့ ယောဂနဲ့ အကခန်းမ၊ အိမ်တွင်းဂေါက်ကွင်းအတု၊ ဘိုးလင်းကစားရုံ၊
သီးသန့်ရုပ်ရှင်ကြည့်ခန်း၊ ခွေးအိမ်နဲ့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းပါ ဧည့်ခန်းကျယ် စတာ တွေဟာ
သာမန်အချက်အလက်တွေ ဖြစ်လာ နေပါတယ်။ စက်ရုံဟောင်းတစ်ခုကို အခန်းကျယ် ၅၂ ခန်းအဖြစ်
ပြောင်းလဲထားတဲ့ Tribeca က 443 Greenwich ကွန်ဒိုမှာ ဈေးအကြီးဆုံး အခန်းတစ်ခန်းကို
ဒေါ်လာ ၅၃ သန်း ပေးရပါတယ်။ ကွန်ဒိုခန်းမှာ နေထိုင်တဲ့သူတွေအတွက် ချွေးထုတ်ခန်း၊ အိမ်တွင်း
အပန်းဖြေဥယျာဉ် ခန်း၊ ဥယျဉ်ပါခေါင်မိုးထပ်၊ ၀ိုင်သိုလှောင်ခန်း၊ ကလေးကစားခန်းမနဲ့ "
လုံးဝ သီးသန့်" ဖြစ်ကြောင်းအာမခံတဲ့ ၁၉၃၀ ပြည့်လွန်နှစ် များခေတ်ကပုံစံမျိုးဖြစ်တဲ့ မြေအောက်ကားရုံ
တိုပါဝင်တယ်လို့ Metro Loft ဆာက်လုပ် ရေးလုပ်ငန်း တည်ထောင်သူNathan Berman က
ပြောပြပါတယ်။
ဒီနယ်မြေအတွင်းမှာပဲ ၁၉ ရာစု Castlron Houseံကို အဆင့်မြင့် ဇိမ်ခံအိမ်ရာအဖြစ် ပြောင်းလဲ
တည်ဆောက်ထားပါတယ်။ ဒီတိုက်ခန်းတွေမှာ တူရကီရေချိုးခန်းစတိုင် ရေကုထုံးယူနိုင်တဲ့
အနားယူအပန်းဖြေခန်း၊ ရေကူးကန်ငယ်နဲ့ ရေပန်းအကြီးတို့ ပါဝင် ပါတယ်။ "ဆူညံရှုပ်ထွေးလှတဲ့မြို့ပြမှာ
နေထိုင်တဲ့သူတွေအတွက် ဆိတ်ငြိမ်ပြီးသီးသန့်ဆန်တဲ့ ကွန်းခိုရာနေရာလေးအဖြစ် ဖြည့်ဆည်းပေးနိုင်ဖို့က
အရေးကြီးပါတယ်" လို့ ပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီအယူအဆကို ၄၅ အရှေ့ ၂၂ လမ်း (45 East 22nd Street) က ၆၅ ထပ် တာဝါ အဆောက်အအုံမှာ အတတ်နိုင်ဆုံး ဖော် ဆောင်ပေးထားပါတယ်။Flatiron အဆောက် အအုံနဲ့သိပ်မဝေးလှတဲ့ ဒီတာဝါ
အဆောက် အအုံရဲ့ အထပ်ငါးထပ်ကို စာကြည့်တိုက်၊ လက်ဝှေ့လေ့ကျင့်ရေး ကိရိယာအပါအ၀င်
အားကစားလေ့ကျင့်ရေးခန်းမ၊ မိုးလုံလေလုံ ဂေါက်ကွင်းအတု၊ ဘတ်စကက်ဘောကစားကွင်း၊
ကလေးကစားခန်းမ၊ ဘိလိယက်ခန်းမ နဲ့ ဖဲကစားခန်းမ စတာတွေ ဆောက်လုပ် ပေးထားပါတယ်။
၅၄ လွှာမှာတော့ အသက်ရှုမှားလောက် စရာမြင်ကွင်းတွေကို ခံစားနိုင်တဲ့ ဧည့်ခန်းမ ကြီးတစ်ခုနဲ့
မီးဖိုခန်းနှစ်ခန်း ဆောက်လုပ် ထားပါတယ်။ "အပန်းဖြေစရာ အခန်းတွေကို အထပ် ငါးထပ်စာ
ဖြည့်ဆည်းပေးထားတဲ့အပြင် ၅၄ လွှာမှာ အသင်းတိုက်တစ်ခုကို ဖန်တီးပေး ထားပါတယ်။
ဒါကတော့ ကျွန်တော့ရဲ့ ထူးခြား တဲ့ စိတ်ကူးတစ်ခုပါပဲ" လို့ 45 East 22nd Street တာဝါအဆောက်အအုံ
ဆောက်လုပ် ရေးလုပ်ငန်းရှင် Ian Bruce Eichner က ပြောပါတယ်။
ကားပါကင်အတွက် ဒေါ်လာ ၈၅၀,၀၀၀ နေထိုင်သူတွေ ဈေးသိပ်မကြီးတဲ့ အခန်း တွေဝယ်ပြီး
တူညီတဲ့ ဇိမ်ခံအဆင့်မြင့် ၀န်ဆောင်မှုတွေ ရရှိခံစားနိုင်စေဖို့အဆောက် အအုံရဲ့အပေါ်ဆုံးထပ်ကို
သူတို့အတွက် အနစ်နာခံဖန်တီးပေးဖို့ တမင်ဆုံးဖြတ်ခဲ့တယ် လို့ သူကပြောပါတယ်။
"ဒေါ်လာ ၂၅ သန်းအကုန်ခံပြီး အခန်း တစ်ခန်းလုံးကိုဝယ်ထားတဲ့သူတစ်ဦး မြင်ရ၊ ခံစားရတာမျိုးနဲ
့ အလားတူခံစားရစေမယ့်" အခွင့်အလမ်းတစ်ခုပါလို့လည်း သူကရှင်းပြပါတယ်။ ကားတွေအတွက်
"စက်အစားထိုးကားရုံ" ကို သူက ဦးစားပေး ဆောက်လုပ်ထားပါတယ်။ စက်အစားထိုးကားရုံရှိတဲ့နေရာမှာ
နေထိုင်သူတွေက ပလက်ဖောင်းမှာ ကားရပ်ထားလိုက်တဲ့အခါ ကားကိုစက်က မြေအောက် ထဲ
အလိုအလျောက် ပို့ပေးမယ့်စနစ်နဲ့ ဆောက်လုပ်ထားတာပါ။ Central park အနီးမှာ 529 Park မိုးမျှော်
တိုက်ရှိပြီး စတုရန်းပေ ၁၂ယ၄၀၀ ကျယ်ဝန်းတဲ့ သုံးခန်းတွဲအခန်းတစ်ခန်းကို ဒေါ်လာသန်း ၁၃၀ ပေးရပြီး
ချွေးပေါင်း အိမ်၊ ချွေးထုတ်ခန်း၊ ကလေးကစားခန်းမနဲ့ အပူအအေးစနစ်ပါ ၀ိုင်သိုလှောင်ခန်း စတာတွေလည်း
ပါဝင် ပါတယ်။ Midtown မှာရှိတဲ့ MiMAမှာ အိမ်မွေး တိရစ္ဆာန်လေးတွေ အိမ်တွင်းအိမ်ပြင် ကစား
နိုင်တဲ့နေရာတွေ၊ သန့်ရှင်းသွားအောင် အမွေး ဖြီးပေးတာ၊ ရေချိုးပေးတာ၊ နှိပ်နယ်ပေးတာ စတဲ့
ဝန်ဆောင်မှုတွေအပြင် ဆေးခန်းနဲ့ သင်ကြားရေးစခန်းတွေပါ ပါဝင်တဲ့ Dog City အိမ်မွေးတိရစ္ဆာန်
အပန်းဖြေခန်းတွေလည်း ရှိပါတယ်။
ဒါပေမဲ့ အဲဒီအပိုဝန်ဆောင်မှုတွေအားလုံး ဈေးမသက်သာလှပါဘူး။ 50 UN Plaza မှာရှိတဲ့
ကားပါကင်တစ်နေရာစာဝန်ဆောင်မှုအတွက် ကနဦး ဒေါ်လာ ၁၅၀ယ၀၀၀ ပေးရပြီး တစ်လကို
၂၉၅ ဒေါ်လာကျော်လည်း ပေးရပါတယ်။ ဒါပေမဲ့ 443 Greenwich ကားပါကင်ကတော့ တစ်လ
၈၅၀ယ၀၀၀ ဒေါ်လာကြီးများတောင်ကျသင့်တာမို့ သူနဲ့ယှဉ်ရင် တော်တော်လေးဈေးသက်သာတယ်လို
့ ပြောရမှာပါ။ အပူအအေးစနစ်ပါ ၀ိုင်လှောင်ခန်းတစ်ခန်းက 50 UN Plaza မှာ ဒေါ်လာ ၅၀ယ၀၀၀ ကနေ
၇၄ယ၀၀၀ အထိ ပေးရပြီး တစ်ခါတလေ ဒေါ်လာ ၂၀၀ယ၀၀၀ လောက် ကျသင့်ပါတယ်။ MiMA က
Dog City ၀န်ဆောင်မှုတွေအတွက်ကတော့ တစ်လကို ဒေါ်လာ ၅၀၀ လောက်တော့ ကုန်ကျနိုင်ပါတယ်။ ငွေကျိကျိတက်ချမ်းသာသူတွေရဲ့နေရာမှာတော့ မြေအောက်သိုလှောင်ခန်းတစ်ခန်း
ကိုတောင် အရွယ်အစားပေါ်မူတည်ပြီး ဒေါ်လာ ၂၅ယ၀၀၀ ကနေ ၇၅ယ၀၀၀ အထိ အမျိုးမျိုးရှိပါတယ်။
Credit: mmtimes