ကန်ထရိုက်တိုက်များ ဆက်မဆောက်နိုင်၍ တရားစွဲမှုများ မြင့်တက်လာ

ကန်ထရိုက်တိုက်များ ဆက်မဆောက်နိုင်၍ တရားစွဲမှုများ မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
10 Jun 2015 9:48 am တွင် တင်ခဲ့သည်
876 ကြိမ် ကြည့်ရှု့ပြီး
ကန်ထရိုက်တိုက်ခန်းများ ဆက်မ ဆောက်နိုင်၍ မြေရှင်ကကန်ထ ရိုက်လုပ်ငန်းရှင်များအပေါ် တရား စွဲဆိုသည့်အရေအတွက် ပိုမိုများ ပြားလာနေကြောင်း ဆောက်လုပ် ရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။

နေ့စဉ်နိုင်ငံပိုင် သတင်းစာ များတွင် မြေရှင်များက ကန်ထ ရိုက်တာများသို့ အများသိစေရန် ကြေညာချက်များထုတ်ပြန်၍ တ ရားစွဲဆိုရန် ပြင်ဆင်သည့်အမှုများ လည်း ဆက်တိုက်ဖြစ်ပေါ်နေပြီး ကန်ထရိုက်တာအား မြေရှင်ကတ ရားစွဲဆိုရန် ကြေညာစာမှာ တစ် ရက်လျှင် နှစ်ဦးမှသုံးဦးအထိရှိ သည်။
‘‘ရှစ်လနဲ့ပြီးအောင်ဆောက် ပေးမယ်၊ ၁၀ လနဲ့ပြီးအောင် ဆောက်ပေးမယ်ဆိုပြီးကန်ထရိုက် နဲ့မြေရှင်စာချုပ်တွေချုပ်ကြ တယ်။ အခုဆက်ဆောက်ဖို့ငွေမရှိ တော့ တိမ်းရှောင်တဲ့ကန်ထရိုက် တွေ အရမ်းများလာပြီ’’ဟု မြမြင့် မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင် ကပြောကြားသည်။
အများစုမှာ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်တည် ဆောက်နိုင်ခြင်းမရှိသဖြင့် တရား စွဲဆိုကြခြင်း အများဆုံးဖြစ်ပြီးကန် ထရိုက်တာများ
ဘက်က အကြောင်း အမျိုးမျိုးပြ၍ တိမ်းရှောင်နေကြ သည်ဟု တရားစွဲဆိုရန် ပြင်ဆင် နေသည့် ပုဇွန်တောင်မြို့နယ်မှမြေ ရှင်တစ်ဦးကပြောကြားသည်။
‘‘ကျွန်တော်ဆိုရင် ခွဲတမ်းရ ထားတဲ့အခန်းတွေကို ကြိုပွိုင့် ရောင်းထားတာတွေရှိတယ်။ အခု ကန်ထရိုက်ကဆက်မဆောက်ဘဲ ရှောင်နေတာ
နှစ်လရှိသွားပြီ။ ဒါ ကြောင့် သတင်းစာထဲမှာ တရားစွဲ ဖို့ကြေညာလိုက်ပြီ။ ရပ်ကွက်ထဲ မှာ ကျွန်တော့်လိုပဲ ခံလိုက်ရတဲ့ မြေပိုင်ရှင်တစ်ဦးရှိသေးတယ် ”
’ဟု အထက်ပါမြေရှင်ကဆိုသည်။
မြေရှင်များဘက်တွင်လည်း ကြိုပွိုင့်အဖြစ် ၎င်းတို့ခွဲတမ်းရရှိ သည့် အခန်းများကို ရောင်းချထား ပြီး ၀ယ်ယူထားသူများအား ပြန် လည်ဖြေရှင်းပေးနေရသည်ဟု ဆို သည်။ ကန်ထရိုက်လုပ်ငန်းအများစုမှာ လွန်ခဲ့သည့် ၂ ,နှစ်၊သုံးနှစ်ခန့် က
ဝယ်ရောင်းသမားများနှင့်ချိတ်ဆက်ပြီး ဈေးကွက်အတွင်းအရောင်းအ၀ယ်ကောင်းခဲ့သော ကြောင့် ကန်ထရိုက်လုပ်ငန်များ အားကောင်းခဲ့သည့်အချိန်များဖြစ် သော်လည်း ၂၀၁၅ နှစ်ဆန်းတွင် တိုက်ခန်း အရောင်းအ၀ယ်များ ဆက်တိုက် ကျဆင်းသွားခြင်း ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအထိနာခဲ့ရသည်။
‘‘အဓိကကတော့ ငါးကြင်းဆီ နဲ့ ငါးကြင်းကြော်တဲ့ ပြဿနာတွေ စဖြစ်နေတဲ့သဘောပါ’’ဟု ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအေး လင်းကပြောကြားသည်။
ထို့ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ခေတ်ကောင်းစဉ်က အကျိုးအမြတ် ဖြစ်ထွန်းလွယ် သည့် ဆောက်လုပ်ရေးလုပ်ငန်း ဘက်သို့ အခြားလုပ်ငန်းရှင်များက နားမလည်ဘဲ ၀င်ရောက်လုပ်ကိုင်ခြင်းကြောင့် ယခုကဲ့သို့ ဈေးကွက်မတည်မငြိမ် ဖြစ်ခဲ့ရသည်ဟု ဦးအေးလင်းက ထောက်ပြပြောသည်။
လက်ရှိတရားစွဲဆိုမှုများတွင် မြေရှင်များဘက်က ကန်ထရိုက် များသို့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်နိုင်ခြင်း မရှိသဖြင့် စာချုပ်ဖောက်ဖျက်မှုနှင့် တရားစွဲဆိုကြခြင်းဖြစ်သည်။
ယင်းကဲ့သို့ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် မတည် ဆောက်ပါက မြေရှင်က တရားစွဲ ဆိုခြင်းအပြင် မြို့တော်စည်ပင်သို့ တိုင်ကြားပါက ကန်ထရိုက်ကို ဆောက်လုပ်ခွင့်လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူနေပြီဟု အင် ဂျင်နီယာနှင့်အဆောက်အအုံဌာန မှ အရာရှိတစ်ဦးက မှတ်ချက်ပေး သည်။‘‘ကြိုပွိုင့်ကိုတော့ လုံးဝအား မပေးချင်ဘူး။ လေထဲကတိုက်ကို ၀ယ်ရတဲ့အတွက် တရားတပေါင် ရင်ဆိုင်ရရင် အားနည်းချက်တွေ အများကြီးရှိတယ်’’ ဟု စိုင်းခွန် နောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်းခွန်နောင်က ပြောကြားသည်။
ယခုဖြစ်ပွားနေသည့် ပြဿ နာမှာ ဈေးကွက်တွင် ၀ယ်လိုအား နှင့် ရောင်းလိုအား မမျှတခြင်း ကြောင့် ဈေးကွက် မတည်ငြိမ်ရ ခြင်းဖြစ်ပြီး အမှန်တကယ်ဝယ်လို အား ရှိ၊ မရှိကို ဈေးကွက်တွင် သု တေသနပြုပြီးမှသာ ဆောက်လုပ် သင့်ကြောင်း မြန်မာနိုင်ငံဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း က အကြံပြုပြောကြားထားသည်။
ဆောက်လုပ်ရေးကန်ထရိုက် တာများ၏ ငွေကြေး လည်ပတ်မှု အားနည်းလာသောကြောင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်က ကန်ထရိုက်တိုက် အလုံး ၄၀ ကို လုပ်ငန်းဆက်လက် လည်ပတ်ရန် ငွေချေးပေးလျက်ရှိသည်။

Credit: 7 Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service