ဘယ်လိုမြေမျိုး ကျွန်တော် ဝယ်ရမှာလဲ (၂)

ဘယ်လိုမြေမျိုး ကျွန်တော် ဝယ်ရမှာလဲ (၂) - Property News in Myanmar from iMyanmarHouse.com
29 May 2015 11:52 am တွင် တင်ခဲ့သည်
987 ကြိမ် ကြည့်ရှု့ပြီး
“ဦးကြည်စိုး ဒီလိုဆိုရင် ဂရန်မြေမှာ ဘိုးဘွားပိုင်မြေဆိုတော့ ဘယ်လိုလည်းဗျာ။ ခင်ဗျားပြောတာ ကျွန်တော် နားမလည်ဘူးဗျာ” လို့ သူကပြောတော့ ကျွန်တော်က
ဦးတင်မောင်မြင့် ဂရန်တော့ဂရန်ပဲ ဘိုးဘွားကနေပြောင်းလာတဲ့ ဂရန်မို့ အဲဒီမြေတွေကို ဂရန်ရှိ ဘိုးဘွားပိုင်မြေလို့ ပြောတာ။

ဂရန်မလျောက်ရသေးတဲ့ ဘိုးဘွားပိုင်မြေကိုလည်း ဘိုးဘွားပိုင်မြေအဖြစ်နဲ့အသာရှိနေတာပေါ့။

ခင်ဗျားကတော့ ကျွန်တော့်စာအုပ်တွေဖတ်ဖူးမှာ မဟုတ်ပါဘူးလေ။ စာအုပ်တွေအများကြီး ရေးလိုက်တော့ အဲဒီစာအုပ်ထဲမှာ ပါထားပြီးသားပါ။ နောင်တစ်ချိန်မှာတဲ့ ကြည်စိုးICဆိုတဲ့လူဝါရင့်ပွဲစားကြီးက မြန်မာပြည်မှာ
လူနေမြေမှန်သမျှ ဂရန်မြေဖြစ်ရမယ်လို့ မှန်းထားပြီးသားပါ။ ရှေ့မှာ ပါမစ်၊ စလစ်၊ ခဏဖြစ်ချင်ဖြစ်မယ် ပြီးရင်ဂရန်ပဲ။
ဘိုးဘွားပိုင်မြေဆိုတာက မည်သည့်ဥပဒေစာအုပ်က မည်သည့်အပိုဒ်ကမှ အခုကာလမှာ သူ့အတွက်ရပ်တည်ထားတာမရှိသေးဘူးလေ။

လူနေထိုင်ခွင့်ရှိသည့်မြေမျှသာဖြစ်သည့်အတွက် နောင်အခါမှာတော့ တဖြည်းဖြည်းနဲ့ ဂရန်မြေဖြစ်လာကြမယ်လို့ ကျွန်တော်မှန်းထားပြီး စာအုပ်တွေမှာ ရေးထားပြီးသားဗျ။ ခင်ကိုဗျားကိုနိဂုံးပြောရင်အရှည်ကြီးခင်ဗျားမြေတစ်ကွက်ဝယ်မယ်ဆိုရင် ခင်ဗျားကဂရန်ရှိတဲ့မြေသာဝယ်လိုက် ဘိုးဘွားဆိုလည်းဝယ်ဗျာ။ ခင်ဗျား စိတ်ချမ်းသာအောင်လေ။ သို့သော်လည်း အဲဒါလည်း တစ်ချိန်ကျရင် ဂရန်ဖြစ်မှာပဲ။
“ဟင်း” ဦးခင်မောင်မြင့်က ဟင်းတစ်လုံးချပါတယ်။

“ခင်ဗျားပြောတော့ ကျွန်တော်သဘောပေါက်ပါတယ်။ ခင်ဗျားကျောင်းဆရာဟောင်းဆိုတော့ ခင်ဗျားကတော့ ပြောမှာပဲ ကျွန်တော်လည်း မေးမှာပဲ” အဲဒီလိုကွန့်လာပါသေးတယ်။

“ကလိုဆိုရင်တော့ ကိုကြည်စိုးရေ ခင်ဗျားပြောတဲ့ ဂရန်ပဲဖြစ်ဖြစ်၊ ကျုပ်မိန်းမအမိန့်ပေးလိုက်တဲ့ ဘိုးဘွားပိုင်မြေပဲ ဖြစ်ဖြစ် ရရာဝယ်ပါတော့မယ်”

“ ကောင်းပြီ ကြိုက်သွားပြီ ဦးတင်မောင်မြင့် ခင်ဗျားမေးမှမေးပါ့မလားလို့ အဲ စိတ်အချရဆုံးဂရန်မြေကတော့ မိမိကိုယ်တိုင် အမည်ပေါက်ဂရန်မြေပေါ့ဗျာ။ အဲဒါကို နံပတ်တစ်ထားလိုက်ပေါ့ဗျာ” လို့ ပြောလိုက်ပါတယ်။

“ မိမိကိုယ်တိုင်အမည်ပေါက်ဆိုတာ ဘာကိုဆိုတာလဲလို့ ” ဦးတင်မောင့်မြင့်က ထပ်ကွန့်လာပါတယ်။ အကွန့်တက်လာ၍ ကျွန်တော်က-“ကိုယ်တိုင်အမည်ပေါက် ဂရန်မြေဆိုတာ နိုင်ငံတော်ကပေးလို့ပဲဖြစ်ဖြစ် ၀န်ထမ်းလုပ်ခဲ့တဲ့ ခံစားခွင့်ကြောင့် ပဲ အငြိမ်းစားယူလို့ပဲရရ ဒါမှမဟုတ် အမွေပဲရရ၊ ရစရာနည်းလမ်းတွေ အများကြီးရှိတယ် အဓိကတော့ ကိုယ့်နာမည်ပေါက်နဲ့ ရထားတာကို ပြောတာပေါ့ဗျာ”

“နာမည်ပေါက်ကတော့ ဘယ်လိုပိုထူးလို့လဲ ကိုကြည်စိုးရဲ့” လုပ်ပြန်ပြီ။၏“ဦးတင်မောင့်မြင့်ရယ် ခင်ဗျားနာမည် ဦးတင်မောင်မြင့်ဆိုတဲ့ နာမည်ပေါက်လိုက်တာနဲ့ ခင်ဗျားဂရန်စာရွက်ထဲပဲ ဦးတင်မောင်မြင့်လို့ နာမည်ပေါက်တာမဟုတ်ဘူး။ မြို့တော်စည်ပင်ရဲ့ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန မြို့မြေစာရင်းထဲမှာပါ အမည်ပေါက်တာဗျာ။ အဲဒီမြို့မြေစာရင်းရုံးလက်ခံမှာ ခင်ဗျားနာမည် အမည်ပေါက်မရှိရင် ခင်ဗျားလက်ထဲက ဂရန်မှာ ခင်ဗျားနာမည် ဘယ်တော့မှမပေါက်နိုင်ဘူး အဲဒါကြောင့် မြို့တော်စည်ပင် မြို့မြေစာရင်းထဲမှာ အမည်ပေါက်မှ ခင်ဗျားနာမည်အမည်ပေါက်တာ။
အဲဒါကြောင့် အမည်ပေါက်ဝယ်ရင် စိတ်ချရတယ်လို့ ပြောတာပေါ့”“ဟုတ်ပါပြီ ဦးကြည်စိုးရဲ့” ဟု စကားတစ်ခုထွက်လာပါတယ်။

“ဟုတ်ပါပြီဗျာ ဒီလိုအမည်ပေါက်မဟုတ်ရင်တော့ ဒုတိယအတန်းအစားလေး ပြောပါဦး”
“ဒုတိယ အတန်းအစားကတော့ အမည်ပေါက်လူတစ်ဦးတစ်ယောက်ဆီကနေ တရားဝင်စပ်ဆက်စာချုပ် တွေနဲ့ဝယ်ပြီးတော့ အမည်ပေါက်ဖြစ်လုဆဲဆဲ သူပေါ့ဗျာ။ သူကစပ်ဆက်စာချုပ်ပြည့်စုံတယ်ဆိုရင် အမည်ပေါက်လိုပဲ သူကသေချာပြီ။
တရားဝင်စပ်ဆက်စာချုပ်တွေဆိုတာ ခင်ဗျားအရောင်းအ၀ယ်လုပ်နေတဲ့ စပ်ဆက်စာချုပ်လေ တစ်ဦးတစ်ယောက်က ပေးကမ်းစွန့်ကြဲတယ်ဆိုရင်လည်းရတယ်။ ကိုယ့်ရဲ့ဦးလေးတွေ၊ အဖေတွေ၊ အမေတွေ၊ အဖိုးအဖွားတွေကနေ ကိုယ့်ကိုပေးကမ်းလို့လဲရတယ်။
ဒါမှမဟုတ် ကိုယ့်ရဲ့ညီအကိုမောင်နှမအရင်းစွန့်လွှတ်ဖို့ ကိုယ်ကလက်ခံလို့ရတယ်။ အဲဒါက စပ်ဆက်စာချုပ်ပဲ။ စပ်ဆက်စာချုပ်တွေနဲ့ ပိုင်ဆိုင်လာပြီး အမည်ပေါက်ဖြစ်တော့မယ့် မြေမျိုးလည်းဝယ်လိုရတယ်ဗျာ။
ကဲ ဆက်ပြောမယ်ဗျာ။

တတိယမြေမျိုးက တရားရုံးတစ်ရုံးရုံးမှ အနိုင်ဒီကရီအရ ပိုင်ဆိုင်ခွင့်ရရှိပြီးအမည်ပေါက်ဖြစ်လာတော့မည့်သူ ဖြစ်ပါတယ်။ သူ့နာမည်တော့ မပေါက်သေးဘူး။ သို့သော်လည်း တရားရုံးတစ်ရုံးက သူ့ကိုပေးစေဆိုပြီးတော့ ဥပမာဗျာ- အမျိုးမျိုးသောအမှုတွေ၊ အမွေအမှုအခင်းတွေဖြစ်ပြီးတော့ အမှုနိုင်တဲ့သူကို တရားရုံးကပေးစေဆိုပြီးတော့ အဲလိုအနိုင်ဒီကရီရထားတဲ့သူကလည်း အမည်ပေါက်သာမဖြစ်သေးတာ အမည်ပေါက်ဖြစ်တော့မယ့်သူလေ။ အဲဒီလို ပိုင်ဆိုင်ထားတဲ့ အဆင့်ဆိုရင်လည်း ခင်ဗျားဝယ်ယူလို့ရတာပဲ” ဦးတင်မောင်မြင့်က-
“ဟုတ်ပါပြီ ကိုကြည်စိုးရယ် ခင်ဗျားပြောတော့ နောက်တစ်မျိုးရှိသေးတယ်ဆို”
“ ဟုတ်ပါတယ်ဗျာ။ နံပတ် (၄) အမျိုးအစားကတော့ တရားရုံးကျမ်းကျိန်လွှာဖြင့် ပိုင်ဆိုင်ခွင့်ရရှိပြီး အမည်ပေါက်ဖြစ်လာတော့မယ်မြေ။ ကိုယ်ပိုင်အမည်ပေါက်လည်းမဟုတ်ဘူး၊ စပ်ဆက်စာချုပ်လည်းမရှိဘူး။ တရားရုံးအနိုင်ဒီကရီလည်းမရှိဘူး အဲဒါဆိုရင် သူကတရားရုံးကျမ်းကျိန်လွှာနဲ့ ပိုင်ဆိုင်လို့ရသေးတယ်ဗျ။
ဥပမာဗျာ- ကောင်လေးတစ်ယောက်ရှိတယ်ပေါ့။ ကိုဖြူတဲ့၊ ကိုဖြူဆိုတာက သူ့မှာ အဘိုးအဘွားပိုင်ခဲ့တဲ့မြေရှိခဲ့တယ်။ သူ့အဘိုးအဘွားမှာလည်း တစ်ဦးတည်းသောသား၊ သူကလည်းတစ်ဦးတည်းမြေး၊ အဘိုးအဘွားလည်းမရှိတော့ဘူး၊ အဖေအမေလည်းမရှိတော့ဘူး။ အဲဒီမြေကို နာမည်လည်းမပြောင်းဖြစ်တော့ဘူး ကျန်တာလည်းဘာအစပ်အဆက်မှ မရှိဘူး။ သူကလည်း နားမလည်ဘူး။ အဲတော့ နားလည်တဲ့လူတွေက သူ့ကို ကဲဒါဆိုရင် မင်းနာမည်ပေါက်အောင် တရားရုံးမှာ ကျမ်းကျိန် ဆိုလို့ တရားရုံးမှာ ကျမ်းကျိန်ရတယ်
အဲဒီလိုကျမ်းကျိန်တဲ့အခါမှာ တရားသူကြီးကနေ စစ်ဆေးကြားနာပြီးတော့ လိုအပ်တဲ့ သတင်းစာကြော်ငြာလည်း လုပ်လို့ရတယ်ဗျာ။ Investigation ပေါ့ဗျာ။ သူလိုတဲ့စုံစမ်းစစ်ဆေးမှုတွေ အကုန်လုပ်ပြီးရင် ကျမ်းကျိန်လွှာဖြစ်လာပါပြီ။ အဲဒီကျမ်းကျိန်လွှာကလည်း ကိုဖြူကိုအမည်ပေါက် ပိုင်ဆိုင်နိုင်အောင် လုပ်ပေးပါတယ်။ အဲဒီကျမ်းကျိန်လွှာပိုင်ဆိုင်တဲ့သူကလည်း မြေကို ခင်ဗျားကိုရောင်းတော့မယ်ဆိုတော့ ခင်ဗျားစိတ်ချလက်ချ ၀ယ်လို့ရတာပေါ့ဗျ။ ဒါကြောင့်လေ တရားရုံးကျမ်းကျိန်လွှာဖြင့် ပိုင်ဆိုင်ပြီး အမည်ပေါက်ဖြစ်လာနိုင်တာပေါ့။”
“အော်….ဒါဆိုရင် ရှင်းသွားပါပြီ”
“ခင်ဗျားကလည်း စာတတ်တိုင်းအများကြီးသိချင်တော့ ကျွန်တော်ကလည်း ပြောရတော့တာပေါ့ ခင်ဗျားနဲ့ ကျွန်တော်က အိမ်ပွဲစားနဲ့ အိမ်ဝယ်သူနဲ့ မတူဘူး။ သင်တန်းသားနဲ့ ဆရာနဲ့တူသွားပြန်ပြီဗျာ။ ကဲဖြစ်ချင်တာ ဖြစ်ပါစေတော့ဗျာ။ ခင်ဗျားကိုကျွန်တော်ပြောမယ် ခင်ဗျားစိတ်ချရတဲ့ ဂရန်မြေကတော့ နံပတ် (၁) အမည်ပေါက်ဂရန်မြေ၊ နံပတ်(၂) က စပ်ဆက်စာချုပ်ရှိတဲ့ဂရန်မြေ၊ နံပတ် (၃) ကတော့ တရားရုံးအနိုင်ဒီကရီ ဂရန်မြေ၊ နံပတ်(၄)ကတော့ တရားရုံးကျမ်းကျိန်လွှာရှိတဲ့ ဂရန်မြေ အဲဒါတွေအားလုံးကသူ့ရဲ့ အဆင့်ဆင့်လုပ်ထုံးလုပ်နည်းများအတိုင်း တရားဝင်လုပ်ရမှာတွေနော်။ စာရွက်ထဲမှာတွေ့ကရာလျောက်ရေးထားတဲ့ အကြံအဖန်တွေနဲ့မရဘူး။
အမည်ပေါက်နဲ့ စပ်ဆက်စာချုပ်၊ ဒါမှမဟုတ် တရားရုံးဒီဂရီ၊ မရှိဘူးဗျာကျမ်းကျိန်လွှာ ဒါတော့ကျွန်တော်က သင်တန်းဆရာဆိုတော့ မတတ်နိုင်ဘူး။ ကိုတင်မောင်မြင့်ရေ ကျွန်တော်ဘလည်း သင်တန်းသားတွေကဲဒီလိုပြောတာဒါတောင်မှ နည်းနည်းပဲမှတ်မိတာ။ အမည်ပေါက်ရှိရင် ကောင်းတယ်။ စပ်ဆက်စာချုပ်လည်းကောင်းတယ်။ ဒါမှမဟုတ် တရားရုံးအနိုင်ဒီဂရီနဲ့လည်းကောင်းသေးတယ်။ ဟာ ဘာမှမရှိဘူးဆိုရင်လည်း တရားရုံးကျမ်းကျိန်လာနဲ့ဆိုရင်လည်း အဲဒါက အလွန်တရာမှခိုင်လုံတဲ့ ဂရန်မြေတွေပေါ့ဗျာ။ အဲတော့ ကိုတင်မောင်မြင့်ရေ ခင်ဗျားကျွန်တော်နဲ့ ၀ယ်ရမယ်လိုပ မပြောဘူး။
ခင်ဗျားဝယ်ချင်သလိုသာဝယ် အဲဒီလေးမျိုးထဲက တစ်မျိုးမျိုးရှိထားရင် ပြည့်စုံတဲ့ ဂရန်မြေဖြစ်လာပါတယ်။ ဂရန်မြေဆိုတာ လူနေထိုင်ခွင့်ရပြီးသားကို ပြောတာနော်။ လူနေထိုင်ခွင့်ရထားပြီးဖြစ်တဲ့ အဲဒီ (၄) မျိုးဆိုရင်တော့ ခင်ဗျားပိုင်ပြီပေါ့နော်။ နောက် ဒီထက်ပိုင်ဆိုင်မှုသိပ်မသေချာတာကို နည်းနည်းလေးပျော့တာလိုချင်ရင်တော့ ပါမစ်တို့၊ စလစ်တို့ ဆင်းဝယ်ရုံပေါ့ဗျာ။ ပါမစ်တို့၊ စလစ်တို့ဝယ်ရင် ခင်ဗျားက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ချုပ်ဆိုလို့မရတာက အားနည်းချက်တစ်ခုဖြစ်ပြီး အဲ စာချုပ်စာတမ်းဆိုလို့မရလို့ အခွန်မဆောင်ရဘူးဆိုပြီး ခင်ဗျားသက်သာတယ်မထင်နဲ့နော်။ ခင်ဗျားလက်ထဲမှာ ဂရန်ပြန်လျောက်ရင်လည်း အဲဒီမှာတောက်လျောက် ကုန်ရမယ့်စရိတ်ထက်ပိုမိုအကုန် ခင်ဗျားခံရနိုင်စရာရှိတယ်။ ဒီကိစ္စတွေကိုလည်း ခြွင်းချက်နဲ့ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး တစ်ချို့ကပါမစ်၊ စလစ်ဝယ်ရင် သက်သာတယ်လို့ ထင်နေကြတာ။ လက်တွေ့ကြတော့ ကိုယ့်နာမည်ဖောက်ရင် သက်သာစရာအကြေင်းမရှိဘူး။ ဒါကြောင့် အရေးအကြီးဆုံးက ပိုင်ဆိုင်မှုလည်း သေချာတယ်။
မှန်မှန်ကန်ကန်လည်း ဆောင်သင့်တာတွေဆောင်ထားပြီးဖြစ်တဲ့ မြေအမျိုးအစားကိုပဲဝယ်ဖို့ ကျွန်တော်အကြံပြုတယ်ဗျာ” အဲဒီလိုလည်း ကျွန်တော်က သေချာရှင်းပြလိုက်တော့ ဦးတင်မောင်မြင့်က
“ကိုကြည်စိုးရေ ကျွန်တော်သဘျောပေါက်သွားပါပြီ။

ဘယ်လိုမြေမျိုးကျွန်တော်ဝယ်ရမလဲဆိုတာ သဘောပေါက်သွားပါပြီဗျာ။ ခင်ဗျားဆီလာလည်တာက ခင်ဗျားဆီမြေ၀ယ်ရအောင်လာတာမဟုတ်ဘူး ကျွန်တော် ပြောရင်း ပြောရင်းနဲ့ ခင်ဗျားဘယ်လိုမြေ၀ယ်မှာလဲဆိုတာ ခေါင်းစဉ်တပ်ပြီး ကျွန်တော့်ကို စာသင်နေသလိုကြီးပါပဲဗျာ။ အင်း .. ဒါကြေင့်လည်း ခင်ဗျားအိမ်ခြံမြေအကျိုးဆောင်သင်တန်းဆရာကြီး ဖြစ်နေတာကိုးဗျ။ ကျေးဇူးတင်တယ် ကိုကြည်စိုးရေ” လို့ ပြောပြီး ပြန်ဖို့သူပြင်ဆင်တော့ ကျွန်တော်က
“ကဲ ကိုတင်မောင်မြင့် ခင်ဗျားသိချင်တာသိပြီးပြန်တော့မှာလား။ သိပါတယ် ခင်ဗျားတို့တွေက မေးချင်တာလေးမေးပြီး ကျွန်တော်နဲ့ ၀ယ်မှာမဟုတ်ပါဘူးဗျာ။ ကျွန်တော်ကလည်း အသက်ကလေးရလာတော့ အဲဒီလိုလိုက်ပြရတာထက် ခင်ဗျားဝယ်မယ့်မြေတွေကို စာရွက်ပေါ်မှာ ပြတာက ကျွန်တော် အားသန်ပါတယ်ဗျာ။ ဒီတော့ ခင်ဗျားကို ရှင်းပြရသလို လူတွေကိုလည်း ရှင်းပြရတာအားသန်လို့ ဒီလိုသင်တန်းကျောင်းဖွင့်ရတာပေါ့ဗျ။ ကဲ… ဘိုင်ဘိုင်ဗျာ”
“ဘိုင်ဘိုင်ပါ သူငယ်ချင်း”
“မင်္ဂလာပါဗျာ” လို့ ကျွန်တော်ကထပ်ပြီး နှုတ်ဆက်လိုက်ပါတယ်။

ကြည်စိုး (IC) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂင်ဇင်း အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service