သီလ၀ါ စက်မှုဇုန်ရှိ အိမ်ထောင်စု (၁၆၀) ကျော်အား မြေနေရာ အစားထိုးပေးမည်

သီလ၀ါ စက်မှုဇုန်ရှိ အိမ်ထောင်စု (၁၆၀) ကျော်အား မြေနေရာ အစားထိုးပေးမည် - Property News in Myanmar from iMyanmarHouse.com
29 May 2015 10:58 am တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး
သီလ၀ါ စက်မှုဇုံ အတွင်းရှိ အကွက် အမှတ် (၂၀)နှင့် (၂၁) ၊ (၂၁) နှင့် (၂၂) ကြားရှိ အိမ်ထောင်စု (၁၆၃)စု ကျော်အား
မြေနေရာ အစားထိုး ချထားပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့က ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်း သာသနာ့ ဗိမာန်တွင်ပြုလုပ်သည့် ပြန်လည် နေရာချထားရေး အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

““သူတို့ကိုယ်တိုင် သူတို့ နေမယ့်နေရာကို သွားဝယ်တာပါ။ ပြီးတော့မှ အိမ်ဆောက်ခိုင်းတာတွေ၊ ဆေးပေးခန်း လုပ်ခိုင်းတာတွေ၊ဓမ္မာရုံလုပ်ခိုင်းတာတွေ၊သူတို့ တောင်းဆိုတာတွေကို လုပ်ပေးသွားမှာပါ။ ဒါပေမဲ့ ဒေသခံတွေနဲ့ ညှိနှိုင်းဖို့က သူတို့ရဲ့အသက်မွေး ၀မ်းကျောင်းဆိုင်ရာ ကိစ္စတွေကို ဘယ်လို ပြေလည်အောင် လုပ်ပေးနိုင်မှာလဲ ဆိုတာပါပဲ””ဟု အဆိုပါ စီမံကိန်းများပြုလုပ်သွားမည့် စင်ကာပူ အခြေစိုက် Wilmar Investment Holding Pte.Ltd နှင့် ပူးပေါင်းလုပ်ကိုင်မည့် Resources Group မှ
အထွေထွေ မန်နေဂျာ ဦးဝင်းမြင့်က The Messenger Media သို့ ပြောသည်။ လက်ရှိတွင် ဒေသခံများ နေထိုင်မည့် လယ်မြေများအားမြို့ပြမြေ အဖြစ် ပြောင်းလဲနေကြောင်း ၎င်းက ထပ်မံပြောသည်။

အဆိုပါ အကွက် အမှတ်များတွင် စင်ကာပူ အခြေစိုက် ကုမ္ပဏီ အနေဖြင့် ဘက်စုံသုံး နိုင်ငံတကာ အဆင့်မီ ဆိပ်ခံတံတား၊စိုက်ပျိုးရေးသုံးဆက်စပ်ပစ္စည်းများ၊ထုတ်
လုပ်ရေးနှင့် ဆက်စပ် အဆောက်အဦများ၊တည်ဆောက်ရေး စီမံကိန်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

““လက်ရှိအခြေအနေကဘယ်အချိန် ပြောင်းရမယ်၊ ရွှေ့ရမယ်ဆိုတာကုမ္ပဏီကတိတိကျကျမပြောသေးဘူး။ မြေနေရာတွေ ၀ယ်ထားတယ်ဆိုပေမယ့် အကွက်က အခုမှ ရိုက်တုန်း ရှိသေးတယ်။ ဒေသခံ ရွာသားတွေ တောင်းဆိုတဲ့ အတိုင်းကို ကုမ္ပဏီက ဆောင်ရွက်ပေးမယ်
လို့တော့ ပြောပါတယ်။ ဒေသခံတွေက အများဆုံး လုပ်ကိုင်တာက ရေလုပ်ငန်း ဖြစ်တဲ့အတွက် ဒီပေါ်မှာ ဘယ်လို ဖြေရှင်းပေးမလဲ ဆိုတာ ကြည့်ရမှာပါ””
ဟု သီလ၀ါ ဒေသခံ လူမှုဘ၀ ဖွံ့ဖြိုးရေး အဖွဲ့ဝင် ဦးစိုးသိမ်းက ပြောသည်။

အဆိုပါအိမ်ထောင်စုများသည် ကျောက်တန်း ဘေးပေါက်
ကျေးရွာတွင် နှစ်နှစ်ဆယ်နီးပါး နေထိုင်ခဲ့ပြီး၊ နေ့စား အလုပ်၊ ကျပန်း အလုပ်နှင့်ရေလုပ်ငန်းများကို လုပ်ကိုင်ကြရာ (၇၄) ရာခိုင်နှုန်းသည် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြောင်း သိရသည်။

လက်ရှိ ပြောင်းရွှေ့ရန်လျာထားသည့် နေရာသည် ညောင်ဝိုင်း ကျေးရွာအုပ်စု ဖြစ်ပြီး၊ အိမ်ထောင်စု တစ်စုလျှင် ပေ (၄၀)၊ (၅၀) အကျယ်ရှိသည့်မြေကွက်နှင့် သွပ်မိုးပျဉ်ကာ အိမ်တစ်လုံး၊အ၀ီစိတွင်းတစ်တွင်း၊လျှပ်စစ်မီး၊
သောက်ရေကန်၊ဓမ္မာရုံတို့ကို ဆောက်လုပ်ပေးမည်
ဖြစ်ကြောင်း သိရသည်။

Credit: messengernews

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service