၂၇ ထပ်မြင့် စတီးပေါင်အဆောက်အအုံကို မင်းဓမ္မဆောက်လုပ်ရေးက 'ကန်'ဒေါ်လာ သန်း ၅၀ မြှုပ်နှံကာ အချက်အချာကျသည့် လှည်းတန်းအနီးတွင် ဆောက်လုပ်သွားမည်

၂၇ ထပ်မြင့် စတီးပေါင်အဆောက်အအုံကို မင်းဓမ္မဆောက်လုပ်ရေးက 'ကန်'ဒေါ်လာ သန်း ၅၀ မြှုပ်နှံကာ အချက်အချာကျသည့် လှည်းတန်းအနီးတွင် ဆောက်လုပ်သွားမည် - Property News in Myanmar from iMyanmarHouse.com
28 May 2015 11:39 am တွင် တင်ခဲ့သည်
1019 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်ချက် အကြီးမားဆုံးဖြစ်နေသည့် ရုံးခန်းနေရာအဖြစ်
အသုံးပြုနိုင်မည့် ၂၇ ထပ်ရှိ အထပ်မြင့် အဆောက်အအုံတစ်ခုကို အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းမင်းဓမ္မကုမ္ပဏီ ဒါရိုက်တာ ဦးတင်မောင်ထွန်းက
ပြောသည်။

ထိုအဆောက်အအုံကို ရန်ကုန်မြို့၊ လှည်းတန်း ခုံးကျော်တံတားအဆင်း၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေး
ဘဏ်အနီးတွင် ဆောက် လုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သော စတီးပေါင်သုံး
အထပ်မြင့်အဆောက် အအုံ ဖြစ်လာမည်ဟုလည်း မေလ ၂၂ ရက်က မြန်မာနိုင်ငံ
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း MCEA တွင် ကျင်းပသော ဆောက်လုပ်ရေးပြပွဲကျင်းပရေးဆိုင်ရာ
သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောသည်။ "ဒီအဆောက်အအုံရဲ့ ထူးခြားချက်က စတီးပေါင်နဲ့
အသုံးပြုတည်ဆောက်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးအထပ်မြင့်အဆောက် အအုံပါ။ တည်ဆောက်မှု
ကုန်ကျစရိတ်ကို ဒေါ်လာသန်း ၅၀ ကျော် လောက်ရှိနိုင်မယ်လို့ မှန်းထားတယ်။ အဓိကကတော့
Office Tower အဖြစ် ရောင်းချသွားဖို့ပါ" ဦးတင်မောင်ထွန်းက ပြောသည်။

ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လုပ်ကိုင်ရာတွင် အများစုတွေ့ကြုံ ရသည့်အခက်အခဲမှာ
ကုမ္ပဏီရုံးခန်းနေရာဖြစ်သည်။ ထို့အတူ ရုံးခန်းနေရာ ငှားရမ်းမှု အတွက် ဈေးနှုန်းကြီးမြှင့်ခြင်းကလည်း
အခက် အခဲဖြစ်စေသည်ဟု ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ထိုအတွက်
၎င်းအဆောက်အအုံသည် ရုံးခန်းနေရာလိုအပ်ချက်ကို ၀င်ရောက်ကူညီ နိုင်မည်ဖြစ်သည်ဟု
ဦးတင်မောင်ထွန်းက ပြောသည်။ တာဝါအုတ်မြစ်ချ တည်ဆောက်မှုကို ယခုနှစ် နှစ်ကုန်ပိုင်းတွင်
အပြီးဆောင်ရွက် မည်ဖြစ်ရာ စီမံကိန်းပြီးစီးရန် နှစ်နှစ်ခွဲခန့် ကြာမြင့်မည်ဟု သတ်မှတ်ထားကြောင်း
၎င်းကပြောသည်။

"အခုတောင် ဆောက်လုပ်ရေးက စနေပါပြီ။ ဒီနှစ်ကုန်မှာ ဖောင်ဒေးရှင်းအပိုင်းကို အပြီးလုပ်သွားမယ်။
မကြာခင်မှာလည်း ရုံးခန်း ရောင်းချမှုအပိုင်းကို ကြေညာသွားမှာပါ။ ရုံးခန်းနေရာ အတွက်ကို အဓိကထားတာပါ။
အောက်ပိုင်းအထပ်တွေမှာတော့ ဒိုးနတ်လို အစားအစာရောင်းတဲ့ဆိုင်တွေ ရှိလာမှာပါ"ဟု ဦးတင်မောင်ထွန်းက
ပြောသည်။ ၎င်းအဆောက်အအုံသည် မြေပြင်နှင့် အထက် အထပ်မြင့် ၂၄ ထပ်ရှိမည်ဖြစ်ပြီး မြေအောက်တွင်
သုံးထပ်ပါဝင်မည်ဖြစ်ကြောင်း လည်း ဦးတင်မောင်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် စတီးပေါင်
နည်းပညာ ကို အမြင့်ဆုံး ၁၀ ထပ်ရှိ အဆောက်အအုံများ တွင်သာ အသုံးပြုတည်ဆောက်ခဲ့ပြီး ၁၀ ထပ် နှင့်
အထက် အထပ်မြင့်အဆောက်အအုံများ ကို RC အဆောက်အအုံအဖြစ်သာ တည် ဆောက်နေကြခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ယခု အဆောက်အအုံသည် မြန်မာ့ဆောက်လုပ် ရေးလောက၏ နည်းပညာကို အဆင့်မြှင့်နိုင် မည့် ခြေလှမ်းအစဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး
ဦးတင်အောင်မြင့်က ပြောသည်။ "ဒီလိုတည်ဆောက် လာနိုင်တာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက
သူတို့ရဲ့ လုပ်ငန်းအဆောက်အအုံ တည်ဆောက်တဲ့နေရာမှာ ပြည်ပကနေ ဆောက်လုပ်ရေးပစ္စည်း အများကြီး တင်သွင်းလာစရာမလိုတော့ဘဲ ပြည်တွင်းကုမ္ပဏီနဲ့ ပူးပေါင်းလုပ်နိုင်လာမှာ ပါ။ ဒီလို ဆောက်လုပ်ရေး
နည်းပညာဖွံ့ဖြိုး လာဖို့အတွက် ပြပွဲတွေက အထောက်အကူအများကြီးဖြစ်ပါတယ်"ဟု ဦးတင်အောင်မြင့် က
ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏အိမ်ခြံမြေဈေးကွက် မှာ အရောင်းအ၀ယ် အေးနေသော်လည်း ပြည်တွင်း
စီးပွားရေးလုပ်ငန်းများအနက် အခွင့်အလမ်းကောင်းများရှိနေသည့် ကဏ္ဍတစ်ခု ဖြစ်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ
ဝင်ရောက်လာခြင်းဖြစ်သည်ဟု MCEA ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးလင်းက ပြောသည်။

"ဈေးကွက်ကတော့ ၀ယ်လိုအားနဲ့ ရောင်းလိုအား ချိန်ပြီးဖြစ်နေတော့ အေးနေတာပါ။ ၀ယ်လိုအားမရှိတဲ့
နေရာတွေမှာ စုပြုံပြီး ဆောက်ရင်တော့ အေးနေမှာပါ။ ဒါပေမဲ့ သီလ၀ါလို အထူးစီးပွားရေးဇုန်တွေရှိလာတဲ့အတွက်
ဆောက်လုပ်ရေးကဏ္ဍက ပိုပြီးအားကောင်းလာမှာပါ။ နည်းပညာအဆင့်မြှင့်တင် ဖို့လည်း လုပ်သွားရမှာပါ" ဟု
ဦးအေးလင်းက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ဆောက်လုပ်ရေး ကဏ္ဍအတွင်း နိုင်ငံသားများရင်းနှီးမြှုပ်နှံမှု မှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၄၁၅ ဘဏ္ဍာနှစ် နှစ်ဝက်အထိ လုပ်ငန်းပေါင်း ၆၁ ခုတွင်ကျပ် ငွေ ၇၅၆ ဘီလျံကျော် ၀င်ရောက်မြှုပ်နှံထား ပြီး ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တွင် လုပ်ငန်းနှစ်ခုကကန်ဒေါ်လာ ၃၇ သန်း ကျော် ၀င်ရောက်မြှုပ်နှံထားကြောင်းလည်း ဖော်ပြထားသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service