မြို့ပြတိုင်းတွင် အထင်ကရ အမှတ်အသား၊ အဆောက်အအုံများ ရှိတတ်ကြသည်။ ရန်ကုန်မြို့၏ ပြယုဂ်သည်လည်း ရွှေတိဂုံ စေတီတော်ကြီးနှင့်အတူ မြန်မာနိုင်ငံ ၏ မြို့ပြကြီးတစ်ခုအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ရပ်တည်လာခဲ့သည်။
သို့သော် ပြောင်းလဲလာသည့် ခေတ်အခြေ အနေများနှင့်အတူ ရန်ကုန်မြို့၏ မြို့ပြပုံစံ မှာလည်း
ခေတ်သစ်မြို့ပြပုံစံသို့ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ဆောက်လုပ်ရေး လုပ်ငန်း
ဖွံ့ဖြိုးလာမှုများကြောင့် မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ သည်
ခေတ်မီတိုက်တာ အဆောက်အအုံ များဖြင့် မြို့လယ်ပတ်ဝန်းကျင်တွင် ပေါ် ပေါက်
နေရာယူလျက်ရှိလာသည်။ လွန်ခဲ့သည့် လေးနှစ်ခန့်မှ စတင်ပုံစံ ပြောင်းလာခဲ့သော
ရန်ကုန်မြို့၏ မြို့ပြအခြေအနေသည် ခေတ်မီအထပ်မြင့်အဆောက် အအုံများဖြင့် မြို့ပြ၏
သင်္ကေတဖြစ်သည့် ရွှေတိဂုံစေတီနှင့် အပြိုင်ဖြစ်လာနိုင်မည့် အရေးများကို ဗိသုကာပညာရှင်များ
၊ မြို့ပြ ပညာရှင်များအပြင် ပြည်သူများကပင် စိုးရိမ် လာကြသည်။ လက်ရှိအချိန်တွင်လည်း
ရွှေတိဂုံဘုရား ၏ မီတာ ၅၀၀ အကွာအဝေးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်းပုံစံများ
စတင်ဆောက်လုပ်ရန် အကောင်အထည်ဖော်မှုများကြောင့် ရွှေတိဂုံ ဘုရား၏ ရေရှည်တည်တံ
ခိုင်ခံ့မှုနှင့် မြင်ကွင်း ပျက်ပြားမှုများကို မဖြစ်ပေါ်လာစေရေး အတွက် မြန်မာနိုင်ငံဗိသုကာအသင်းက ဦးဆောင်ကာ ရွှေတိဂုံဘုရားထိန်းသိမ်းစောင့် ရှောက်ရေးဖိုရမ် ( Save Shwedagon Forum)
ကို မေလ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါဖိုရမ်တွင် ရွှေတိဂုံဘုရား ထိန်း သိမ်းစောင့်ရှောက်မှုသည် ဘာသာရေး ဆိုင်ရာ
တစ်ခုတည်းအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံသားအားလုံး အလေးထားသည့် ရန်ကုန်မြို့၏
မြို့ပြ အမှတ်အသားတစ်ခုကို မပျောက်ပျက်စေရန်ရည်ရွယ်ကာ ဗိသုကာပညာရှင်များ၊
မြို့ပြပညာရှင်များ၊ အင်ဂျင် နီယာများ၊ ရေအရင်းအမြစ်ပညာရှင်များနှင့်
သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များကပါဝင်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဗိသုကာအသင်းက ရွှေတိဂုံစေတီတော်နှင့် ရွှေတိဂုံပတ်ဝန်းကျင်ထိန်းသိမ်းရန်ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊
သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် အဖွဲ့အစည်းများထံ အကြံပြုစာတစ်စောင်လည်း ပေးပို့ခဲ့သည်။
"ရွှေတိဂုံဘုရားအနီးက စီမံကိန်းတွေကို ဆက်လက်အကောင်အထည်မဖော်ခင်မှာ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ စေတီတော်အနီးတစ်ဝိုက်ရဲ့ မြေပေါ် မြေ အောက်ဂေဟစနစ် လေ့လာမှုတွေ၊ မြေ အောက် ရေထုတ်ယူအသုံးချမှုစနစ်နဲပမာဏ တွေကိုပြုလုပ်သင့်တဲ့အကြောင်းကိုသမ္မတထံတင်ပြသွားမှာပါ။ နောက်ပြီးလူအများကြည်ညိုဖူးမျှော်နိုင်ပြီး မြင်ကွင်းထိခိုက်စေ နိုင်တဲ့ မြေအသုံးချမှု၊ အဆောက်အအုံဆောက်လုပ်မှု၊
အဆောက်အအုံအမြင့်၊ ထုထည်နဲ့ မြေ၀င်ပမာဏတို့ကို စနစ်တကျ လေ့လာထိန်းညှိကြဖို့နဲ
့ ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင်က နေရာလပ်တွေကို အများ ပြည်သူသုံး နေရာများအဖြစ်
ချန်လှပ်ထား သင့်ကြောင်းတွေလည်း ပါရှိပါတယ်" ဟု မြန်မာ နိုင်ငံ ဗိသုကာအသင်း၏
ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့၏ မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးများအတွက်
စနစ်တကျ လိုက်နာကျင့်သုံးသင့်သည့် ရန်ကုန်မြို့တော် မြေအသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ်မှုနှင့်
ရန်ကုန်မြို့မဟာဗျူဟာ စီမံကိန်း ၂၀၄၀ အစ ရှိသည့် ဥပဒေကြမ်းများမှာ အိုးအိမ်ဦးစီးဌာန နှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့ပြပညာရှင်များ ရေးဆွဲထားသော်လည်း
လက်ရှိ အချိန်ထိ အတည်ပြုနိုင် ခြင်း မရှိသေးပေ။
"အဲဒီစီမံကိန်းအားလုံးမှာ ရန်ကုန်မြို့ လယ်နဲ့
ဝေးကွာတဲ့နေရာတွေမှာပဲ အထပ် မြင့် ပေးဆောက်မယ်ဆိုတာပါတယ်။ မြို့ထဲပတ်လည်နေရာတွေကို
အထပ်မြင့်ဆောက် ခွင့်မပေးဘဲ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတစတဲ့ မြို့ထဲဧရိယာ
မဟုတ်တဲ့ မြို့နယ်တွေမှာပဲ အထပ်မြင့်ပေးဆောက်သင့်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းတွေကို အခုထိ
အတည်ပြုပေးမယ့် အဖွဲ့အစည်းမရှိသေးလို့ အတည်မပြုရသေးဘူး။ ၁၉၈၆ က စီမံကိန်း ကတော့
ကြာသွားလို့ မရှိတော့ပေမယ့် ၂၀၁၂ နဲ့ ၂၀၁၃ ကရေးဆွဲထားတဲ့ စီမံကိန်းကတော့ ခုထိရှိသေးတယ်"
ဟု Urban Research and Development Institute တွင် အကြီးတန်း အကြံပေးတာဝန်
ထမ်းဆောင်လျက်ရှိသည့် ဗိသုကာပညာရှင်ဦးသံမိုးက ပြောသည်။ ထို့ကြောင့် ယခုကဲ့သို့ ရွှေတိဂုံဘုရား
ပတ်ဝန်းကျင်အနီး တည်ဆောက်ရန်ပြင်ဆင် နေသည့် ဆောက်လုပ်ရေး စီမံကိန်းများ အတွက်
လိုက်နာကျင့်သုံးရမည့် ဥပဒေများ မရှိသေးသည့်အတွက် ယင်းစီမံကိန်းများ တည်ဆောက်ခဲ့ပါက
ဆောက်လုပ်ပြီးစီးသည့် အချိန်တွင် ရွှေတိဂုံစေတီတော်၏ မြင်ကွင်းများပိတ်ဆို့သွားမှုကို စိုးရိမ်ကြောင်း
ရန်ကုန် မြို့တော်မြေအသုံးချမှု၊ ဇုန်ခွဲခြားသတ်မှတ် မှုနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ အဆိုပြုပုံစံများ
စိစစ်အကြံပြုခြင်းလုပ်ငန်းကော်မတီအဖွဲ့ဝင် ဗိသုကာပညာရှင် ဒေါ်လှိုင်မော်ဦးက ပြော သည်။
"လေ့လာဆန်းစစ်မှုတွေအရ ရွှေတိဂုံ ဘုရားကို အဝေးကနေလှမ်းမြင်နိုင်တဲ့နေရာ ကိုးခုရှိပါတယ်။
အဲဒီနေရာတွေမှာ အထပ်မြင့် အဆောက်အအုံတွေကို ပေးဆောက်လိုက် မယ်ဆိုရင်
ရွှေတိဂုံဘုရားရဲ့အဝေးမြင်ကွင်း တွေ ပျောက်ကုန်မှာပါ။ အဲဒီအဆောက်အအုံထဲက အခန်းထဲကပဲ
တစ်ဦးတစ်ယောက် တည်းမြင်ရမယ့်မြင်ကွင်းထက် ပြည်သူအားလုံး မြင်နိုင်မယ့် မြင်ကွင်းက
ပိုပြီးမျှတ ပါတယ်" ဟု ၎င်းက ပြောသည်။
ထို့ပြင် ရွှေတိဂုံဘုရားအနီးတွင် အထပ်မြင့် အဆောက်အအုံများ ရှိလာပါက ယင်း
အဆောက်အအုံများ၏ အလင်းရောင်သည် ရွှေတိဂုံဘုရားနှင့် ဖက်ပြိုင်ဖြစ်လာမည့်အတွက်ဘုရား၏သွင်ပြင်လက္ခဏာနှင့်ရန်ကုန်မြို့၏သွင်ပြင်လက္ခာများ
ပျောက်ကွယ်မည့်အနေအထားဖြစ်ကြောင်း ဒေါ်လှိုင် မော်ဦးက ပြောသည်။ ထို့ပြင်
ရွှေတိဂုံဘုရား၏ သိင်္ဂုတ္တရ ကုန်းတော်နှင့် မြေအနေအထား၊ လက်ရှိ စေတီတော်၏
ခံနိုင်ရည်စွမ်းအား၊ မြေအောက် ရေ အခြေအနေများနှင့် သတ်ဆိုင်သည့် တိကျသည့်
လေ့လာမှုများ မရှိသေးပေ။ အများပြည်သူ စိုးရိမ်လျက်ရှိသည့် မြေ အောက်ရေ သုံးစွဲမှုများကြောင့်
စေတီတော် ထိခိုက်နိုင်မှု အနေအထားမှာလည်း သေချာ သည့် မြေအောက်ရေဆိုင်ရာ
လေ့လာဆန်းစစ်မှုများ သေချာစွာ မရှိသေးသည့်အတွက် ဘုရားအနီးပတ်ဝန်းကျင်တွင်
အဆောက် အအုံများဆောက်လုပ်နိုင်မည့် အခြေအနေ မှာ အာမခံနိုင်သည့်
အနေအထားမျိုးမဟုတ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ
ပညာရှင်အဖွဲ့ ရေအရင်းအမြစ် အတွင်းရေးမှူး ဒေါ်ခင်နီနီသိန်းက ပြော သည်။
"နည်းပညာအကူအညီနဲ့ ဆောက်မယ် ဆိုရင်တော့ ဆောက်လို့ရမယ်။ ဒါပေမဲ့
လက်ရှိ မြေအောက်ရေအနေအထားကို ဘယ်သူမှ တိတိကျကျမသိကြတဲ့အတွက်
ဆောက်လို့မရ ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုခုဖြစ်လာခဲ့ရင်ရော
ဘယ်သူက ဘယ်လို တာဝန်ယူမလဲ ဆိုတာတွေရှိတယ်။ နည်းပညာတွေနဲ့ ထိခိုက်ပျက်စီးမှုကို
ကြိုတင်ကာကွယ်စောင့်ရှောက်တဲ့ နည်းပညာတွေစီမံကိန်းတွေနဲ့ လုပ်မယ်ဆိုရင် အဲဒီအတွက်
ပိုက်ဆံစိုက်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အမြတ်တော့နည်းမှာပေါ့" ဟု ၎င်းကပြောသည်။
ရွှေတိဂုံစေတီသည် ရန်ကုန်မြို့လယ်ရှိ မြို့ပြအမွေအနှစ်ဇုန်နှင့် ရွှေတိဂုံပတ်လည်ရှိ ကာကွယ်ရမည့်
ဧရိယာတို့တွင် သက်ဝင်လှုပ်ရှားနေမည့် ၂၁ ရာစု ရန်ကုန်မြို့ပြမျှော်မှန်းချက်အတွက်
အတူအကွအရေးကြီးကြောင်း ဦးသန်းမြင့်ဦးက ပြောသည်။ "အထပ်မြင့် အဆောက်အအုံတွေဟာ
သင့်လျော်တဲ့ နေရာတွေမှာ ရှိရမှာဖြစ်တယ်။ အများလိုလားတဲ့ အနာဂတ်တိုးတက်မှုတွေနဲ့
ခေတ်မီဖွံ့ဖြိုးမှုများအတွက် နေရာများစွာ ရှိပါသေးတယ်။ တိုးတက်မှုနဲ့ပတ်သက်လို့ ၀ိရောဓိမဖြစ်ပါဘူး။
တိုးတက်မှုနဲ့ဆန့်ကျင် ပြီး သေချာမြှော်မြင်စီမံထားခြင်းမရှိတဲ့ ဖွံ့ဖြိုး တိုးတက်မှုကသာ
ရန်ကုန်ရဲ့ ရေရှည်ထိခိုက်မှု နည်းပါးစေမယ့် ဖွံ့ဖြိုးတိုးတက်မှုကို နောက် ပြန်ဆွဲ နှောင့်နှေးစေမှာ
ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့တွင် အများပြည်သူအနားယူနိုင်သည့်နေရာ ရှားပါးသည့်အချိန် တွင်
ရွှေတိဂုံဘုရားအနီးပတ်ဝန်းကျင်တွင် အများပြည်သူအတွက်သာ ဖန်တီးပေးသင့် သည့်
အကောင်းဆုံးနေရာဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြသည်။ မြန်မာနိုင်ငံ၏
အရေးကြီးဆုံး ယဉ်ကျေးမှုနေရာဖြစ်ပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ရန်
လွန်စွာထိုက်တန်သောနေရာဖြစ် သည့် ရွှေတိဂုံဘုရား ဘေးပတ်ဝန်းကျင် တွင် စီးပွားရေးဆိုင်ရာ
အထပ်မြင့်အဆောက် အအုံဆောက်လုပ်မှုများ ပိုမိုများပြားလားပြီး ဘုရားကို ထိခိုက်ပျက်စီးနိုင်မည့်
အရေးများ ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပညာရှင် များက အစိုးရ၏ စီမံခန့်ခွဲမှုများကို
ပြန်လည် စိစစ်ရန် အဆိုပါ ရွှေတိဂုံဘုရားထိန်းသိမ်းစောင့်ရှောက်ရေးဖိုရမ် (Save Shwedagon Forum)
က တညီတညွတ်တည်း တောင်းဆို ခဲ့ကြသည်။
Credit: mmtimes