အိမ်ဝယ်လျှင် အိမ်ပိုင်ရှင်အမျိုးသမီးကိုပါ လက်ထပ်ယူရမည်ဆိုတဲ့ အင်ဒိုနီးရှားနိုင် ငံက အိမ်အရောင်းကြော်ငြာကအခုဆိုရင် စိတ်ကြိုက်ဝယ်လက်တွေ့နေပြီဖြစ်ကြောင်းနိုင်ငံ ပိုင်ပြည်တွင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
အသက် ၄၆ နှစ်အရွယ် ရယ်ဒီအီကို အမည်ရှိ ကုမ္ပဏီပိုင်ရှင်မုဆိုးဖို အမျိုးသားတစ်ဦး က အဆိုပါ အိမ်အရောင်းကြော်ငြာ အိမ်ပိုင်ရှင် အမျိုးသမီး ဝီနာလီရာရဲ့ ကြော်ငြာနဲ့ ငွေရေးကြေးရေးအခက်အခဲအကြောင်းကို အင်တာနက်စာမျက်နှာမှာတွေ့ရှိခဲ့ပြီးစာ နာသနားစိတ်ဝင်ခဲ့ကာ အခက်အခဲကို ကူညီပေးနိုင်ဖို့အတွက် အတွင်းရေးမှူးကို အိမ် နဲ့ပတ်သက်တဲ့ဈေးနှုန်းနဲ့ အချက်အလက်တွေအားလုံးကို စုံစမ်းခိုင်းခဲ့ပါတယ်။
ယင်းနောက်မှ သားသမီးတွေနဲ့အတူနေ ထိုင်တဲ့ သူပိုင်ဆိုင်တဲ့ ဆူမားတြား၊ လန်ပေါင်း က နေအိမ်ကိုရောင်းချပြီး လီရာရဲ့နေအိမ်ကိုဝယ်ယူဖို့ စီစဉ်ခဲ့လိုက်တာပဲဖြစ်တယ်လို့ လီရာက ဆိုထားပါတယ်။
ရယ်ဒီကလည်း လီရာရဲ့ ဒေါ်လာ ၇၆၅၀၀နဲ့ဈေးခေါ်ထားတဲ့ ရော့်ရာဂါတာ၊ ဆေးလ် မန်းမှာရှိတဲ့ နေအိမ်ကို သဘောကျနေတာဖြစ်တာကြောင့် သိပ်မကြာခင်မှာ ဝယ်ယူ မှာဖြစ်ပြီး ဝယ်ယူပြီးပါက တစ်လအကြာမှာ လီရာနဲ့ လက်ထပ်ယူမှာဖြစ်ကာ ရော့်ရာဂါ တာသို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ကြမှာ ဖြစ်ကြောင်းတို့ကို ပြောပြသွားခဲ့ ပါတယ်။ လက်ရှိမှာသူတို့နှစ်ဦးက လူချင်းမဆုံဖြစ်ကြသော်လည်းပဲ ဖုန်းနဲ့စာအဆက် အသွယ်တို့ဖြင့် အချင်းချင်းအပြန်အလှန်စကားလက်ဆုံကြပြီး ဖြစ်တယ်လို့လည်းသိ ရပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)