ဘယ်လိုမြေမျိုး ကျွန်တော် ဝယ်ရမှာလဲ

ဘယ်လိုမြေမျိုး ကျွန်တော် ဝယ်ရမှာလဲ - Property News in Myanmar from iMyanmarHouse.com
18 May 2015 11:23 am တွင် တင်ခဲ့သည်
2675 ကြိမ် ကြည့်ရှု့ပြီး
ဒီနေ့ရာသီဥတုကတော့နည်းနည်းပူပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လာမယ်ဆိုလို့ မျှော်နေ တုန်းမှာပဲ “ဆရာအပြင်မှာ ဧည့်သည်ရောက်နေတယ်။ ဆရာနဲ့ချိန်းထားပြီးသားပဲလို့ ပြောတယ် လွှတ်လိုက် ရမလားဆရာ” အဲဒီလိုကျွန်တော့်စာရေးမက ပြောလိုက် တော့
““အေး.. အေး.. ပြောထားပြီးသားပါ”လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။
နောက်စက်္ကန့် ၂၀ လောက်အကြာမှာ ကျွန်တော့်သူငယ်ချင်း ကျွန်တော့်စားပွဲနားရောက်လာတယ်။

“ကဲ သူငယ်ချင်းထိုင်ပါ”
“ဒါနဲ့ ပြန်ရောက်တာဘယ်လောက်ကြာသွားပြီလဲ” လို့ ကျွန်တော်မေးတော့ သူက..သူပြန်ရောက်နေတာနှစ်ပတ်ရှိသွားပါပြီ။ ပြီးတော့ ဒီမှာ ရာသီဥတုက နည်းနည်းပူကြောင်းလည်း ပြောပါတယ်။
““ ကဲပါ မိတ်ဆွေကြီးရယ် ရာသီဥတုပူတာအသာထားလို့ မိတ် ဆွေကြီး ကျွန်တော်နဲ့ ဘာကိစ်္စပြောချင်လဲ”” လို့
ကျွန်တော်မေးလိုက်တော့
မိတ်ဆွေကြီး ကိုတင်မောင်မြင့်က ““ကိုကြည်စိုးရေ ခင်ဗျားဆီလာ တာ ဘာကိစ်္စနဲ့လာရမှာတုန်း အိမ်ခြံမြေ ကိစ်္စဆွေးနွေးစရာရှိလို့ လာတာပေါ့ဗျာ”” ဟု အဲဒီလိုပြန်ပြောပါသည်။ ကျွန်တော်ကလည်း ““ဟုတ်ပါပြီဗျာ အိမ်ခြံမြေကိစ်္စမှန်းသိပြီးသားပါ။ ခင်ဗျားစပြောလို့ရအောင် စကားခံတာပါ”” အဲဒီလိုပြောတော့ကိုတင်မောင်မြင့်က-
““ကျွန်တော်ဖုန်းဆက်ထားတဲ့ အကြောင်းပါပဲဗျာ။ ကျွန်တော့်မိန်းမက ဒီတစ်ခါ ၀ယ်ဖြစ်အောင်ဝယ်ပါတဲ့ ၀ယ်ရင်လည်း ခင်ဗျားနဲ့ဝယ်ပါတဲ့ မြေ၀ယ်မှာလေ””

““ဟုတ်ပါပြီ မြေ၀ယ်မှာ ကျွန်တော်သိပါတယ်။ မြေ၀ယ်တာများအဆန်း လုပ်လို့ဗျာ ခင်ဗျားထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”” ကျွန်တော် မှတ်မိသလောက်တော့အနှစ် ၂၀ လောက်ရှိပြီထင်တယ်””
ကိုတင် မောင်မြင့်က ““မကပါဘူးဗျာ..၂၅ နှစ်တောင်ကျော် ပါပြီ”” ““ဟုတ်လား ဒါဆိုရင် ခင်ဗျားမြေ၀ယ်မယ်ဆိုတော့ ဟိုနိုင်ငံ သား၊ ခင်ဗျားတို့သွားနေတဲ့ နိုင်ငံသားခံယူလိုက်ပြီလား”” လို့ အဲဒီ လိုကျွန်တော် မေးလိုက်တော့
““ကိုကြည်စိုးရေ ကျွန်တော်ဒီလောက်မအပါဘူး ကျွန်တော်ဟိုမှာ ခင်ဗျားတို့အခေါ် ဏျွ ပေါ့ဗျာ။ွမနနည ဃမေိ နဲ့ပဲ ကျွန်တော်နေပါတယ်။ ဒီနေ့ထိ နိုင်ငံသားမခံယူပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့လင် မယား ရဲရဲတင်းတင်းပြန်လာမယ်၊ ဒီမှာမြေ၀ယ်မယ်၊ အေးအေးဆေးဆေး နေမယ်လို့ ဆုံးဖြတ်ပြီးလို့ လာခဲ့ကြတာပါ””
““ကဲ ဟုတ်ပါပြီဗျာ။ ခင်ဗျားမြေ၀ယ်ရင် ကျွန်တော်ကကူညီဖို့ အဆင် သင့်ပါပဲ။ ဘယ်လိုနေရာမှာ လိုချင်လဲသာ အရင်ပြောပါဗျာ။ အခုလော လောဆယ် ဟော့နေတဲ့နေရာတွေကြိုက်လား၊ အေးအေးဆေးဆေး နေရမယ့် (ဆိတ်ငြိမ်ရပ်ကွက်) နေရာမျိုးကြိုက်လားလို့သာ မေး တာပါ။ ကိုတင်မောင်မြင့်က ကျွန်တော်မေးတာကို စိတ်မ၀င်စားဘူး ဗျ။ မဟုတ်သေးဘူး ကိုကြည်စိုးရဲ့ ကျွန်တော့်မိန်းမက သေချာမှာ လိုက်တယ်။ ကျွန်တော်တို့ဟိုမှာ နှစ်ပေါင်းများစွာ စုဆောင်းလာတဲ့ ပိုက်ဆံတွေကို မြန်မာပြည်ပြန်ရောက်တော့ သေသေချာချာခိုင်ခိုင် မာမာ နေလို့ရမယ့် ဘိုးဘွားပိုင်မြေပဲလိုချင်တယ်””

““ဗျာဘိုးဘွားပိုင်မြေပဲ လိုချင်တယ်ပြောရအောင် ကိုတင်မောင်မြင့် ဇနီးက မြေတွေအကြောင်းကို တော်တော်လေးများ တီးခေါက်မိလို့ပါလား”” ကိုတင်မောင်မြင့်က ပြုံးနေသည်။

““မြေတွေအကြောင်းကို ကျွန်တော့်မိန်းမနားလည်တာ၊ မနားလည်တာ ကျွန်တော်မသိပါဘူးဗျာ။ ကျွန်တော့် အပေါ် အနိုင်ကျင့်တာ တော့ အခုအသက်အရွယ်အထိ သေချာနေတုန်းပါပဲရှင်။ ဘိုးဘွားပိုင်မြေတွေပဲ ၀ယ်ရမယ်လို့ သတ်မှတ်ပေးလိုက်တယ်ကိုကြည်စိုးရေ”” သူအဲ့လိုလည်း ပြောလိုက်တော့ ကျွန်တော်က ““ကိုတင်မောင်မြင့်ရေ လွယ်တာကို ခက်အောင်မလုပ်နဲ့လေဗျာ ဘိုးဘွားပိုင်မြေဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဘိုးဘွားပိုင်မြေဆိုတာ ဘယ်လိုပြောရမလဲမသိဘူးဗျာ။ ဘိုးဘွားပိုင်မြေ ဆိုတာ သီးခြားမွေးထုတ်ထားတာ မရှိဘူးဗျ””
““ဟင်”” ကိုတင်မောင်မြင့်ကဟင်ဆိုပြီးတော့ ““ဒီလိုဆိုရင် ဘိုး ဘွားပိုင်ခင်ဗျား ရှာမပေးနိုင်ဘူးလား””

““ကျွန်တော် ဘိုးဘွားပိုင်မြေကို ရှာမပေးနိုင်ဘူးလို့ မပြောပါဘူး ကိုတင်မောင်မြင့်ရေ”” လို့ ကျွန်တော်က ပြန်ဖြေပါတယ်။
““ရှာမပေးနိုင်ရင်လည်း ပြီးရောပေါ့ဗျာ”” ဟု ကိုတင်မောင်မြင့် က ပြန်ပြောတယ်။ ကျွန်တော်က “ပြီးတော့ပြီးပါတယ်” ကိုတင်မောင်မြင့် ရေ ..ခင်ဗျားဘိုးဘွားပိုင်မြေကို မရမကလိုက်ရှာရင် နံပါတ် (၁) ခင်ဗျားလိုချင်တဲ့ နေရာကောင်းမရနိုင်ဘူး။ နံပါတ်(၂) ဘိုးဘွား ပိုင်မြေဆိုတာကြီးကိုက လက်ရှိကျွန်တော်တို့ .. အင်း ..ကလေးစကားနဲ့ ပြော ရရင်လက်ရျှွိကည နေတဲ့ ဥပဒေမှာ အဓိကမကျတော့ဘူး။ ဇာတ် ကောင်တစ်ကောင် မဟုတ်တော့ဘူး။ ဘိုးဘွားပိုင်မြေအကြောင်း ကို ကျွန်တော်သိသလောက် ခင်ဗျားကို နဲနဲပြောမယ်။ ကျွန်တော် လည်း ဥပဒေသမားတော့ မဟုတ်ပါဘူးဗျာ ဒါပေမဲ့ ဒီလုပ်ငန်းကို နှစ် ပေါင်း ၂၆ နှစ်ကျော်လုပ်လာပြီဆိုတော့ အထိုက်အလျောက်တော့ ပြောနိုင်ပါတယ်။ ခင်ဗျားသိအောင် အလွယ်ပြောရရင် ဘိုးဘွားပိုင်မြေဆို တာ ၁၈၅၃ခုနှစ်တုန်းက အင်္ဂလိပ်အစိုးရက မြေကွက်တွေရိုက်တယ်။ တတ်နိုင်တဲ့ ပုဂ်္ဂလိက လူပုဂ်္ဂိုလ်တွေကို မြေကွက်တွေ ရောင်းခဲ့တယ်ပေါ့ဗျာ။ အဲဒီလိုရောင်းစားစဉ်တုန်းက ၀ယ်ခဲ့တဲ့မြေတွေကို ဘိုးဘွားပိုင်မြေလို့ ခေါ်တယ်။ အဲဒီအခေါ်အဝေါ်ကြီးကလည်း အဲဒီအမျိုးအစားကလည်း သူ့ခေတ်နဲ့သူ့အခါမှာ အင်မတန်အဆင့်တန်းမြင့်တဲ့ သဘောဖြစ် နေတော့ လူတိုင်းက ဘိုးဘွားပိုင်မြေတွေကို ကြိုက်ခဲ့ကြတာပေါ့ဗျာ။

နောက်တစ်မျိုး ကျွန်တော်တို့ ရန်ကုန်မဟုတ်ဘဲနဲ့ မြန်မာပြည် အနှံ့ပေါ့ဗျာ အဲဒီမှာ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေဆိုတာရှိတယ်။ အဲဒီအက်ဥပဒေထဲမှာလည်း ကျွန်တော်တို့ရဲ့ အဘိုးအဘွား၊ အဆင့် ဆင့် လက်ထက်ကနေပြီးတော့ ဓားမဦးချလို့ ခေါ်တာပေါ့ဗျာ။ အဘိုး အဘွားရဲ့ အမွေဆက်ခံရရှိထားတဲ့ မြေတွေကိုလည်း ဘိုးဘွားပိုင်မြေလို့ သတ်မှတ်နိုင်ကြပါတယ်။ အဲဒီတော့ ဘိုးဘွားပိုင်မြေဆိုကြိုက်ကြတာ ပေါ့ဗျာ။ အဲဒီလို ဘိုးဘွားပိုင်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ မြေတွေဟာ နိုင်ငံတော်ကို မြေငှားရမ်းခပေးစရာမလိုဘူး ဒါပေမဲ့ မြို့မြေစာရင်းကြီးကြပ်ကောက်ခံတဲ့အဖွဲ့ကိုတော့ မြေခွန်ပေးကြရတယ်။ အဲဒီခေတ် အဲဒီအခါကစပြီး ခင်ဗျားတို့မြန်မာပြည်မှာ အကြာကြီးနေခဲ့တဲ့အချိန်ထိတော့ ဘိုးဘွားပိုင်မြေဆိုတာ စူပါစတားပေါ့ဗျာ။ ဘိုးဘွားပိုင်မြေ၊ ဘိုးဘွားပိုင်မြေ ဒီနေ့အထိတော့ နည်းနည်းလေး အသံလေးရှိသေးတာပေါ့။ ဒါပေမဲ့ လက်ရှိ ဥပဒေတွေအရ ကျွန်တော်ပြောတော့မယ်။ ဒါကတော့ ကျွန် တော်သိနေတဲ့အတိုင်း ကျွန်တော်ကိုတင်မောင်မြင့်ကို မပြောရင် အလွဲတွေရောက်ကုန်မှာစိုးတယ်။ သိသလောက်ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က ခုနှစ်နှင့်ပြောရင် ၁၉၇၄ ခုနှစ်အရ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ (နိုင်ငံတစ်နိုင်ငံဆိုတာ လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီနေရပါတယ်) အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အပိုဒ်- ၁၈ (က) မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်၊ လေထုအတွင်း သယံဇာတပစ်္စည်းအားလုံးနှင့် မြေယာ အားလုံးတို့၏ ပင်ရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကတည်းက ဖွဲ့စည်းပုံဥပဒေမှာ မြေအားလုံးကို နိုင်ငံတော်ပိုင်လို့ပါရှိခဲ့ပါတယ်။ အဲဒါအပြင် သိပ်မကြာသေးခင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ် ၃၇ (က) မှာလည်း နိုင်ငံတော်ရှိမြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေထုအတွင်း သယံဇာတ ပစ်္စည်းအားလုံးနှင့် မြေယာအားလုံးတို့၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါတယ်။ အဲဒီလို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်အုပ်မှာဆက်ပြီးတော့ ခိုင်ခိုင်မာမာ ပြဋ္ဌာန်း လာတော့ ကျွန်တော်တို့နိုင်ငံရဲ့ မြေအားလုံးရဲ့ ပင်ရင်းပိုင်ရှင်နိုင်ငံ တော်ပိုင်ဖြစ်တယ်လို့ ကျွန်တော်သိ လာရတယ်။

ကဲ ကိုတင်မောင်မြင့်ရေ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်နှစ် အုပ်စလုံးမှာ ကွင်းစကွင်းပိတ်နဲ့ ခြွင်းချက် ဘိုးဘွားပိုင်မြေများနှင့်မသက်ဆိုင်ပါလို့လည်း မပါဘူးဗျာ။ ဘိုးဘွားပိုင်မြေနှင့် ရှိရှိသမျှမြေတွေအားလုံး နိုင်ငံပိုင်မြေလို့ သတ်မှတ်ပြီးတဲ့နောက်မှာတော့ မြေကိစ်္စပြောရတာတော်တော်ရှင်းသွားပါပြီဗျာ။ မြေအားလုံးသည် နိုင်ငံတော်ပိုင်မြေ ပဲပေါ့””

““နေပါအုန်း ကိုကြည်စိုးရဲ့ ဒီလိုဆိုရင် ခင်ဗျားတို့ ကျွန်တော် တို့ မြန်မာပြည်မှာ နေနေကြတဲ့လူတွေရဲ့ မြေတွေဟာ သက်ဆိုင်ရာလူတွေ မပိုင်ကြတော့ဘူးလား””

““ကျွန်တော် အဲဒီလိုမပြောပါဘူး ကိုတင်မောင်မြင့်ရယ် ကျွန် တော်ပြောချင်တာက ဥပဒေအရ မြေထု၊ လေထု အားလုံးက နိုင်ငံ တော်ပိုင်တယ်ဆိုတာ ကျွန်တော်တို့က လက်မခံလို့မရဘူး။ လက်ခံ လိုက်ပါ။ ဒါပေမဲ့ ခင်ဗျားပြောသလို မြန်မာနိုင်ငံအတွင်းမှာရှိရှိသမျှ သောမြေအားလုံး။ ကျွန်တော်တို့ခင်ဗျားတို့ အပါအ၀င်ပိုင်ဆိုင်ကြတဲ့ မြေတွေဟာ အဲ..နေထိုင်ခွင့်ကို ပိုင်ဆိုင်တာလေဗျာ။ အဲဒီမြေရဲ့ ““နေထိုင်ခွင့်၊ အသုံးပြုခွင့်”” ကို ပိုင်ဆိုင်တယ်။ အဲ့ဒါကို ခင်ဗျားတို့ ကျွန်တော်တို့ရှေ့မှာသိပြီးသား ဂရန်ဆိုတာနဲ့ ဆက်လက်သတ်မှတ်တယ်။ ဂရန်ဆိုတာ မြန်မာလို မြေငှားစာချုပ်လေဗျာ။ အဲတော့ ကျွန်တော်တို့ကို နိုင်ငံတော်က သူပိုင်တဲ့မြေကို ခင်ဗျားတို့၊ ကျွန်တော်တို့ နေလို့ရအောင် နှစ်ရှည်လများ နေထိုင်သုံးစွဲခွင့် ကျွန်တော်တို့ကို ပေးထားတာပဲဗျ။

အဲဒီလို ခင်ဗျားတို့ ကျွန်တော်တို့ နှစ်ရှည်လများနေထိုင်သုံးစွဲခွင့်တွေကို ရောင်းလို့ရတယ်။ ပေါင်လို့ရတယ်။ ငှားလို့ရတယ်။ လဲ လို့ရတယ်ဗျာ။ စီးပွားရေးလုပ်လို့ရတယ်။ ကိုယ်ကြိုက်တာကိုယ်လုပ် လို့ရတာပဲ။ ဒီတော့ မြေကိုပိုင်ဆိုင်ပါတယ်ဆိုတဲ့ ဝေါဟာရကိုသာလူနေ အိမ်ပဲဖြစ်ဖြစ်၊ စက်ရုံလုပ်တာပဲဖြစ်ဖြစ် အဲဒီမြေကိုတော့ ကျွန်တော်တို့က နေခွင့်ရှိတယ်။ သုံးစွဲပိုင်ခွင့်ရှိတယ်။ အမွေပေးလို့ရတယ်။ ကိုယ် ကြိုက်တာကိုယ်လုပ်လို့ ရတယ်။ အဲဒါ ပိုင်တာပဲပေါ့။ သူ့အရပ်နဲ့သူဆိုတော့ အဲဒါပါဝါမြင့်ပါတယ်။ ခင်ဗျားနေခဲ့တဲ့ အမေရိကကို ကျွန်တော်လည်း ရောက်ဖူးပါတယ်ဗျာ။ ကျွန်တော်လည်း နှစ်ရှည်နေခဲ့ဖူးပါတယ်။ ကျွန် တော်လည်း ခင်ဗျားလွိုမနနည ဃမေိ နဲ့နေခဲ့ဖူးတာပါ။ အဲဒီမှာရော အပိုင်ရှိတယ်လို့ ခင်ဗျားကြားဖူးလား။ ခင်ဗျားပိုင်ပြီဆိုတာနဲ့ ခင်ဗျားရော။ ကျွန်တော်ရောသိတဲ့ ဏမသစနမအငနျွှထေ ဆိုတာမပေးလို့ မရဘူးလေ။့ှဗရဲ့ ဥပဒေကျွန်တော်အပိုင်မသိဘူးနော်။ ဏမသစနမအငနျွှထေ ပေးနေရတယ်ဆိုကလည်းက သူတို့နိုင်ငံကပိုင်နေလို့ ပေးနေရတာမျိုးပဲလေ။ အဲဒါတွေ လျောက်ပြောမနေနဲ့လေ။ ခင်ဗျားအေးအေးဆေးဆေးနေချင် လျှင် လူနေထိုင်ခွင့်ရပြီး သားမြေတွေသာ ၀ယ်လိုက်ရင်ပြီးတဲ့ဥစ်္စာ။ ကျွန် တော်လည်း အဲဒီလိုပြောလိုက်ရာ ကိုတင်မောင်မြင့်က-

““ကိုကြည်စိုး ရှင်းနေတာကို ရှုပ်အောင်မလုပ်နဲ့ လူနေထိုင်ခွင့်ဆို တာ ပါလာပြန်ပြီ လူနေထိုင်ခွင့်ဆိုတာဘာလဲ””
““မှန်တယ် ကိုတင်မောင်မြင့်ရေ လူနေထိုင်ခွင့်ဆိုတာ လယ်ယာ မြေမဟုတ်ဘူး။ တခြားဟာပေါ့ဗျာ။ ပလပ်မြေ တို့ တခြားမြေအမျိုးအစား တွေ မဟုတ်ဘူးဆိုရင် လူနေမြေ လို့ခေါ်တာပေါ့ဗျာ။ လူနေမြေဆိုတာ ပြောရရင် အရှည်ကြီး ခင်ဗျားပြောရတာ သင်တန်းပေးနေရတာကြနေတာပဲ””

““ကိုကြည်စိုးရေ ကျေးဇူးပြုပြီး ဆက်သာပြောပါတော့”” ကျွန် တော်က- ““ကိုတင်မောင်မြင့်ရေ ခင်ဗျားတို့သွားစဉ်လောက်တုန်းက ရန်ကုန်မြို့မှာ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ အရှေ့ဆိပ်ကမ်းမြို့တွေ အိုး မြောက်များစွာသောမြို့တွေ စပြီးတည်နေတယ်လေ။ အဲဒီမြို့တွေကလည်း အစကလူနေထိုင်ခွင့်မရှိတဲ့ လယ်ယာမြေတွေလေဗျာ။ အဲဒါကို အဲဒီ ခေတ်အဲဒီအခါနဲ့ ဥပဒေတစ်ခုရှိတယ်။ အဲဒီဥပဒေက ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပါ။ အဲဒီအက်ဥပဒေထဲက ပုဒ်မ တစ်ခုရှိတယ်ဗျာ။ အဲဒီပုဒ်မက ခင်ဗျားကြားဖူးတဲ့ လူတိုင်းသိတဲ့ (လန-၃၉) လေဗျာ။ (လန-၃၉) ထဲက နိုင်ငံတော် သမ်္မတ(သို့) သမ်္မတ မှ ခန့်အပ်တာဝန်ပေးသော အာဏာပိုင်သည် မည်သည့်မြေကိုမဆို မြေအမျိုးအစားပြောင်းလဲ သတ်မှတ်နိုင်သည်။ ဥပမာလေဗျာ- လယ် မြေတစ်ကွက်ကိုလည်း လူနေအိမ်အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်တဲ့ ပုဒ်မပေါ့ဗျာ။ အဲဒီပုဒ်မက လူပုဂ်္ဂိုလ်တစ်ဦးကို တာဝန်ပေးနိုင်တဲ့ ပုဒ်မနော်။

ခင်ဗျားတို့ပြောပြောနေကြ ၃ြ ဆိုတာ ပုဒ်မ-၃ခ အရ သတ် မှတ်ထားတဲ့လယ်ယာမြေတွေကို အဲဒီအချိန်မှာ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဆိပ်ကမ်းမြို့နယ်အစသဖြင့် အသီးသီးကို နည်းလမ်းအတိုင်း အဆင့်ဆိုပြီး တော့ မြေအမျိုးအစားပြောင်းလဲသတ်မှတ်ပေးလိုက်တယ်။ အဲဒီတော့ လယ်ယာမြေအားလုံးဟာလူနေမြေတွေ ဖြစ်သွား တယ်ပေါ့ဗျာ။ နောက်တစ်မျိုးပြောရင် မြို့မြေတွေဖြစ်သွားတယ်ပေါ့ဗျာ။ မြို့မြေဖြစ်သွားရင်ပြီးတာပဲ။ သူ့ဟာသူ ပါမစ်ပဲပေးပေး၊ စလစ်ပဲပေးပေး၊ ဂရန်ပဲပေးပေး၊ ပေးချင်တာပေး အားလုံးဟာ လူနေမြေပဲ ပါမစ်တို့ စလစ်တို့ဆိုတာ ဥပဒေအရတော့ တစ်နှစ်ကျော်ကြာလျှင် ဂရန်လျောက် လိုက်တာနဲ့ လူနေမြေအဖြစ် ပိုမို ခိုင်မာလာတယ်။ ပြန်ပြောမယ်ဆိုရင် လူနေမြေဖြစ်ရင် ခင်ဗျားမှာပါမစ်ရှိရင်ရှိမယ်။ စလစ်ရှိရင်ရှိမယ် အဲဒါတွေကို ဂရန်ပြန်ပြောင်းလိုက်မယ်ဆိုရင် အလွန်တရာခိုင်မာတဲ့လူ နေမြေဖြစ်လာရောဗျာ ဒီတော့ကာ ခင်ဗျားက မြန်မာပြည်နဲ့ စိမ်းနေ လို့ပါမြေ၀ယ်မယ်ဆိုရင် ဂရန်ရှိရဲ့လား။ ဂရန်ရှိရင် လူနေမြေဖြစ်တာ သေချာတယ်လေ။ ဒါပြီးရောပေါ့ဗျာ။ ဂရန်ဖြစ်တဲ့မြေတစ်ခုကို ၀ယ် လိုက်ရင် သေချာပြီလေ”” အဲ့ဒီလိုလည်း ပြောရာ...
““ဟို ကျွန်တော့်မိန်းမက သိပ်စွဲလမ်းနေတဲ့ ဘိုးဘွားပိုင်မြေများ၊ တည့်တည့်မတ်မတ်တွေ့ရင် ဘယ်လိုလုပ်ရမလဲ ဆရာဦးကြည်စိုး”” လို့ သူကငေါ့ပြီးတော့ ကျွန်တော့်ကို ဆရာဦးကြည်စိုးလို့ ခေါ်လိုက်ပါတယ်။
““ဟား...ဟား ကိုတင်မောင်မြင့်ရေ ငေါ့မနေနဲ့နော်။ ခင်ဗျား မိန်းမပြောတဲ့ ဘိုးဘွားပိုင်မြေလို့ အခေါ်ခံရထားရတဲ့မြေတွေ အများ ကြီးရှိပါသေးတယ်။ အဲဒါက အင်္ဂလိပ်လက်ထက်က တိုက် ရိုက်ဝယ်ထားတဲ့ ဘိုးဘွားပိုင် မြေတွေရယ်၊ လယ်ယာမြေတွေကနေ (လန-၃၉) အရ လူနေ မြေအဖြစ်ပြောင်းထားတဲ့ ဘိုးဘွားပိုင်မြေတွေရယ် ရှိပါသေးတယ်။ ကျန်ပါသေးတယ်။ ဒါပေမဲ့ အဲဒီဘိုးဘွားပိုင်မြေတွေကတော့ ကျွန်တော် တို့ သိသလောက်တော့ဗျာ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကိုသွားပြီးတော့ ဂရန်လျောက်ကုန်ကြပါပြီ။ ဘိုးဘွားပိုင်မြေက ဂရန်လာလျောက်ရင် ကြည်ကြည်ဖြူဖြူပေးတယ်။ လွယ်လွယ်ကူကူလဲရတယ်။ အထောက်အထားတွေ ပိုင်ဆိုင်မှုတွေ သေချာတယ်။ ခိုင် မာတယ်။ အတိုင်းအတာတွေလည်း သေချာတယ် မြေပုံရာဇ၀င်တွေလည်း မှန် တယ်ဆိုရင် သူတို့ကို ဂရန်ထုတ်ပေးတဲ့အပြင် ဂရန်ရှိဘိုးဘွားပိုင်မြေလို့ သတ်မှတ်ပေး လိုက်ပါတယ်။ ဂရန်မြေတော့ ဂရန်မြေပေါ့ဗျာ။ ဘိုးဘွား ပိုင်မြေကပြောင်းလာတဲ့ ဂရန်မြေပေါ့””
““ကဲကိုတင်မောင့်မြင့်ရေ။ ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ပါ ခင်ဗျာ။ လိုချင်တဲ့မြေကိုရအောင် အကူအညီလဲပေးပါ့မယ်။ ကျွန်တော် သွားစရာ လေးရှိနေလို့ နောက်နေ့ ဒီအချိန်ရောက်အောင်သာခဲ့ပါဗျာ ...။


““ကိုကြည်စိုး ဒီလိုဆိုရင် ဂရန်မြေမှာ ဘိုးဘွားပိုင်မြေဆိုတော့ ဘယ်လိုလည်းဗျာ။ ခင်ဗျားပြောတာ ကျွန်တော် နားမလည်ဘူးဗျာ”” လို့ သူကပြောတော့ ကျွန်တော်က
ကိုတင်မောင်မြင့် ဂရန်တော့ဂရန်ပဲ ဘိုးဘွားကနေပြောင်းလာတဲ့ ဂရန်မို့ အဲဒီမြေတွေကို ဂရန်ရှိဘိုးဘွားပိုင်မြေလို့ ပြောတာ။ ဂရန်မလျောက်ရသေးတဲ့ ဘိုးဘွားပိုင်မြေကိုလည်း ဘိုးဘွားပိုင်မြေအဖြစ်နဲ့အသာရှိနေတာ ပေါ့။ ခင်ဗျားကတော့ ကျွန်တော့်စာအုပ်တွေဖတ်ဖူးမှာ မဟုတ်ပါဘူးလေ။စာအုပ်တွေအများကြီးရေးလိုက် တော့ အဲဒီစာအုပ်ထဲမှာ ပါထားပြီးသားပါ။ နောင်တစ်ချိန်မှာတဲ့ ကြည်စိုှးုဃ ဆိုတဲ့လူ ၀ါရင့်ပွဲစားကြီးက မြန်မာပြည်မှာလူနေမြေမှန်သမျှ ဂရန်မြေဖြစ်ရမယ်လို့ မှန်းထားပြီးသားပါ။ ရှေ့မှာ ပါမစ်၊ စလစ်၊ ခဏဖြစ်ချင်ဖြစ်မယ် ပြီးရင်ဂရန်ပဲ။ ဘိုးဘွားပိုင်မြေဆိုတာက မည်သည့်ဥပဒေစာအုပ်က မည်သည့်အပိုဒ်ကမှ အခု ကာလမှာ သူ့အတွက်ရပ်တည်ထားတာမရှိ သေးဘူးလေ။ လူနေထိုင်ခွင့်ရှိသည့်မြေမျှသာဖြစ်သည့်အတွက် နောင်အခါမှာတော့တဖြည်းဖြည်းနဲ့ ဂရန်မြေဖြစ်လာကြမယ်လို့ ကျွန်တော်မှန်းထားပြီး စာအုပ်တွေမှာ ရေး ထားပြီးသားဗျ။ ခင်ဗျားကို နိဂုံးပြောရင် အရှည်ကြီးခင်ဗျားမြေတစ်ကွက်ဝယ်မယ်ဆိုရင် ခင်ဗျားကဂရန်ရှိတဲ့ မြေသာဝယ်လိုက် ဘိုးဘွားဆိုလည်းဝယ်ဗျာ။ ခင်ဗျား စိတ်ချမ်းသာအောင်လေ။ သို့သော်လည်း အဲဒါလည်း တစ်ချိန်ကျရင် ဂရန်ဖြစ်မှာပဲ။
““ဟင်း”” ကိုခင်မောင်မြင့်က ဟင်းတစ်လုံးချပါတယ်။

““ခင်ဗျားပြောတော့ ကျွန်တော်သဘောပေါက်ပါတယ်။ ခင်ဗျားကျောင်းဆရာဟောင်းဆိုတော့ ခင်ဗျားကတော့ ပြောမှာပဲ ကျွန်တော် လည်း မေးမှာပဲ”” အဲဒီလိုကွန့်လာပါသေးတယ်။
“ကဲလိုဆိုရင်တော့ ကိုကြည်စိုးရေခင်ဗျားပြောတဲ့ဂရန်ပဲဖြစ်ဖြစ်၊ကျုပ်မိန်းမအမိန့်ပေးလိုက်တဲ့ဘိုးဘွားပိုင်မြေပဲ ဖြစ်ဖြစ် ရရာဝယ်ပါတော့မယ်”

““ကောင်းပြီကြိုက်သွားပြီ။ ကိုတင်မောင်မြင့် ခင်ဗျားမေးမှမေးပါ့မလားလို့ အဲစိတ်အချရဆုံးဂရန်မြေကတော့ မိမိကိုယ်တိုင် အမည် ပေါက်ဂရန်မြေပေါ့ဗျာ။ အဲဒါကို နံပတ်တစ်ထားလိုက်ပေါ့ဗျာ”” လို့ ပြောလိုက်ပါတယ်။
““မိမိကိုယ်တိုင်အမည်ပေါက်ဆိုတာ ဘာကိုဆိုတာလဲလို့”” ကိုတင်မောင့်မြင့်က ထပ်ကွန့်လာပါတယ်။ အကွန့်တက်လာ၍ ကျွန်တော်က-

““ကိုယ်တိုင်အမည်ပေါက် ဂရန်မြေဆိုတာ နိုင်ငံတော်ကပေးလို့ပဲဖြစ်ဖြစ် ၀န်ထမ်းလုပ်ခဲ့တဲ့ ခံစားခွင့်ကြောင့် ပဲ အငြိမ်းစားယူလို့ပဲရရ ဒါမှမဟုတ် အမွေပဲရရ၊ ရစရာနည်းလမ်းတွေ အများကြီးရှိတယ် အဓိကတော့ ကိုယ့် နာမည်ပေါက်နဲ့ ရထားတာကို ပြောတာပေါ့ဗျာ””

““နာမည်ပေါက်ကတော့ ဘယ်လိုပိုထူးလို့လဲ ကိုကြည်စိုးရဲ့”” လုပ်ပြန်ပြီ။
““ကိုတင်မောင့်မြင့်ရယ် ခင်ဗျားနာမည် ကိုတင်မောင်မြင့်ဆိုတဲ့ နာမည်ပေါက်လိုက်တာနဲ့ ခင်ဗျားဂရန်စာရွက် ထဲပဲ ဦးတင်မောင်မြင့်လို့ နာမည်ပေါက်တာမဟုတ်ဘူး။ မြို့တော်စည်ပင်ရဲ့ မြို့ပြစီမံကိန်းနဲ့မြေစီမံခန့်ခွဲမှုဌာန မြို့မြေစာရင်းထဲမှာပါ အမည်ပေါက်တာဗျာ။ အဲဒီမြို့မြေစာရင်းရုံးလက်ခံမှာ ခင်ဗျားနာမည် အမည်ပေါက် မရှိရင် ခင်ဗျားလက်ထဲက ဂရန်မှာ ခင်ဗျားနာမည် ဘယ်တော့မှမပေါက်နိုင်ဘူး အဲဒါကြောင့် မြို့တော် စည်ပင် မြို့မြေစာရင်းထဲမှာ အမည်ပေါက်မှ ခင်ဗျားနာမည်အမည်ပေါက်တာ။ အဲဒါကြောင့် အမည်ပေါက် ၀ယ်ရင် စိတ်ချရတယ်လို့ ပြောတာပေါ့””

““ဟုတ်ပါပြီ ကိုကြည်စိုးရဲ့”” ဟု စကားတစ်ခုထွက်လာပါတယ်။
““ဟုတ်ပါပြီဗျာ ဒီလိုအမည်ပေါက်မဟုတ်ရင်တော့ ဒုတိယအတန်းအစားလေး ပြောပါဦး””
““ဒုတိယ အတန်းအစားကတော့ အမည်ပေါက်လူတစ်ဦးတစ်ယောက်ဆီကနေ တရားဝင်စပ်ဆက်စာချုပ် တွေနဲ့ဝယ်ပြီးတော့ အမည် ပေါက်ဖြစ်လုဆဲဆဲ သူပေါ့ဗျာ။ သူကစပ်ဆက်စာချုပ်ပြည့်စုံတယ်ဆိုရင် အမည် ပေါက်လိုပဲ သူကသေချာပြီ။ တရားဝင်စပ်ဆက်စာချုပ်တွေဆိုတာ ခင်ဗျားအရောင်းအ၀ယ်လုပ်နေတဲ့ စပ်ဆက်စာချုပ်လေ တစ်ဦးတစ် ယောက်က ပေးကမ်းစွန့်ကြဲတယ်ဆိုရင်လည်းရတယ်။ ကိုယ့်ရဲ့ဦးလေးတွေ၊ အဖေတွေ၊ အမေတွေ၊ အဖိုးအဖွားတွေကနေ ကိုယ့်ကိုပေးကမ်းလို့လဲရတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ညီအကိုမောင်နှမအရင်းစွန့်လွှတ်ဖို့ ကိုယ်ကလက်ခံလို့ရတယ်။ အဲဒါက စပ်ဆက်စာချုပ်ပဲ။ စပ်ဆက်စာချုပ်တွေနဲ့ ပိုင်ဆိုင်လာပြီး အမည်ပေါက်ဖြစ်တော့မယ့် မြေမျိုးလည်းဝယ်လိုရတယ်ဗျာ။
ကဲ ဆက်ပြောမယ်ဗျာ။ တတိယမြေမျိုးက တရားရုံးတစ်ရုံးရုံးမှ အနိုင်ဒီကရီအရ ပိုင်ဆိုင်ခွင့်ရရှိပြီး အမည် ပေါက်ဖြစ်လာတော့မည့် သူ ဖြစ်ပါတယ်။ သူ့နာမည်တော့ မပေါက်သေးဘူး။ သို့သော်လည်း တရားရုံး တစ်ရုံးက သူ့ကိုပေးစေဆိုပြီးတော့ ဥပမာဗျာ- အမျိုးမျိုးသောအမှုတွေ၊ အမွေအမှုအခင်းတွေဖြစ်ပြီးတော့ အမှုနိုင်တဲ့သူကို တရားရုံးကပေးစေဆိုပြီးတော့ အဲလိုအနိုင်ဒီကရီရထားတဲ့သူကလည်း အမည်ပေါက်သာ မဖြစ်သေးတာ အမည်ပေါက်ဖြစ်တော့မယ့်သူလေ။ အဲဒီလို ပိုင်ဆိုင်ထားတဲ့ အဆင့်ဆိုရင်လည်း ခင်ဗျား ၀ယ်ယူလို့ရတာပဲ”” ကိုတင်မောင်မြင့် က-

““ဟုတ်ပါပြီ ကိုကြည်စိုးရယ် ခင်ဗျားပြောတော့ နောက်တစ်မျိုးရှိသေးတယ်ဆို””
““ဟုတ်ပါတယ်ဗျာ။ နံပါတ် (၄) အမျိုးအစားကတော့ တရားရုံးကျမ်းကျိန်လွှာဖြင့် ပိုင်ဆိုင်ခွင့်ရရှိပြီး အမည်ပေါက်ဖြစ်လာတော့မယ်မြေ။ ကိုယ်ပိုင်အမည်ပေါက်လည်းမဟုတ်ဘူး၊ စပ်ဆက်စာချုပ်လည်းမရှိဘူး။ တရားရုံးအနိုင်ဒီကရီလည်းမရှိဘူး အဲဒါဆိုရင် သူကတရားရုံးကျမ်းကျိန်လွှာနဲ့ ပိုင်ဆိုင်လို့ရသေးတယ်ဗျ။
ဥပမာဗျာ- ကောင်လေးတစ်ယောက်ရှိတယ်ပေါ့။ ကိုဖြူတဲ့၊ ကိုဖြူဆိုတာက သူ့မှာ အဘိုးအဘွားပိုင်ခဲ့တဲ့ မြေရှိခဲ့တယ်။ သူ့အဘိုးအဘွားမှာလည်း တစ်ဦးတည်းသောသား၊ သူကလည်းတစ်ဦးတည်းမြေး၊ အဘိုးအဘွားလည်းမရှိတော့ဘူး၊ အဖေအမေလည်းမရှိတော့ဘူး။ အဲဒီမြေကို နာမည်လည်းမပြောင်းဖြစ် တော့ဘူး ကျန်တာလည်းဘာအစပ်အဆက်မှ မရှိဘူး။ သူကလည်း နားမလည်ဘူး။ အဲတော့ နားလည်တဲ့လူတွေက သူ့ကို ကဲဒါဆိုရင် မင်းနာမည်ပေါက်အောင် တရားရုံးမှာ ကျမ်းကျိန် ဆိုလို့ တရားရုံးမှာ ကျမ်းကျိန်ရတယ်အဲဒီလိုကျမ်းကျိန်တဲ့အခါမှာ တရားသူကြီးကနေ စစ်ဆေးကြားနာပြီးတော့ လိုအပ်တဲ့ သတင်းစာကြော်ငြာလည်း လုပ်လို့ရတယ်ဗျာ။ှုညလနျအငါအေငသည ပေါ့ဗျာ။ သူလိုတဲ့စုံစမ်းစစ်ဆေးမှုတွေ အကုန်လုပ်ပြီးရင် ကျမ်းကျိန်လွှာဖြစ်လာပါပြီ။ အဲဒီကျမ်းကျိန်လွှာကလည်း ကိုဖြူကိုအမည်ပေါက် ပိုင်ဆိုင်နိုင် အောင် လုပ်ပေးပါတယ်။
အဲဒီကျမ်းကျိန်လွှာပိုင်ဆိုင်တဲ့သူကလည်းမြေကိုခင်ဗျားကိုရောင်းတော့မယ်ဆိုတော့ ခင်ဗျားစိတ်ချလက်ချ ၀ယ်လို့ရတာပေါ့ဗျ။ ဒါကြောင့်လေ တရားရုံးကျမ်းကျိန်လွှာဖြင့် ပိုင်ဆိုင်ပြီး အမည် ပေါက်ဖြစ်လာနိုင်တာပေါ့။”
“အော် ဒါဆိုရင် ရှင်းသွားပါပြီ”

“ခင်ဗျားကလည်း စာတတ်တိုင်းအများကြီးသိချင်တော့ ကျွန်တော်ကလည်း ပြောရတော့တာပေါ့ ခင်ဗျားနဲ့ ကျွန်တော်က အိမ်ပွဲစားနဲ့ အိမ်ဝယ်သူနဲ့ မတူဘူး။ သင်တန်းသားနဲ့ ဆရာနဲ့တူသွားပြန်ပြီဗျာ။ ကဲဖြစ်ချင်တာ ဖြစ်ပါစေတော့ဗျာ။ ခင်ဗျားကိုကျွန်တော်ပြောမယ် ခင်ဗျားစိတ်ချရတဲ့ ဂရန်မြေကတော့ နံပါတ် (၁) အမည် ပေါက်ဂရန်မြေ၊ နံပါတ်(၂) က စပ်ဆက်စာချုပ်ရှိတဲ့ဂရန်မြေ၊ နံပါတ် (၃) ကတော့ တရားရုံးအနိုင်ဒီကရီ ဂရန်မြေ၊ နံပါတ်(၄)ကတော့ တရားရုံးကျမ်းကျိန်လွှာရှိတဲ့ ဂရန်မြေ အဲဒါတွေအားလုံးကသူ့ရဲ့ အဆင့်ဆင့် လုပ်ထုံးလုပ်နည်းများအတိုင်း တရားဝင်လုပ်ရမှာတွေနော်။ စာရွက်ထဲမှာတွေ့ကရာလျောက်ရေးထားတဲ့ အကြံအဖန်တွေနဲ့မရဘူး။
အမည်ပေါက်နဲ့ စပ်ဆက်စာချုပ်၊ ဒါမှမဟုတ် တရားရုံးဒီဂရီ၊ မရှိဘူးဗျာကျမ်းကျိန်လွှာ ဒါတော့ကျွန်တော်က သင်တန်းဆရာဆိုတော့ မတတ်နိုင်ဘူး။ ကိုတင်မောင်မြင့်ရေ ကျွန်တော်ကလည်း သင်တန်းသားတွေ ကိုဒီလိုပြောတာဒါတောင်မှ နည်းနည်းပဲမှတ်မိတာ။ အမည်ပေါက်ရှိရင် ကောင်းတယ်။ စပ်ဆက်စာချုပ် လည်းကောင်းတယ်။ ဒါမှမဟုတ် တရားရုံးအနိုင်ဒီဂရီနဲ့လည်းကောင်းသေးတယ်။ဟာဘာမှမရှိဘူးဆိုရင်လည်း တရားရုံးကျမ်းကျိန်လာနဲ့ဆိုရင်လည်း အဲဒါက အလွန်တရာမှခိုင်လုံတဲ့ ဂရန်မြေတွေပေါ့ဗျာ။ အဲတော့ ကိုတင်မောင်မြင့်ရေ ခင်ဗျားကျွန်တော်နဲ့ ၀ယ်ရမယ်လို့ မပြောဘူး။ ခင်ဗျားဝယ်ချင်သလိုသာဝယ် အဲဒီလေး မျိုးထဲက တစ်မျိုးမျိုးရှိထားရင် ပြည့်စုံတဲ့ ဂရန်မြေဖြစ်လာပါတယ်။ ဂရန်မြေဆိုတာ လူနေထိုင်ခွင့်ရပြီးသားကို ပြောတာနော်။ လူနေထိုင်ခွင့်ရထားပြီးဖြစ်တဲ့ အဲဒီ (၄) မျိုးဆိုရင်တော့ ခင်ဗျားပိုင်ပြီပေါ့နော်။ နောက် ဒီထက်ပိုင်ဆိုင်မှုသိပ်မသေချာတာကို နည်းနည်းလေးပျော့တာလိုချင်ရင်တော့ ပါမစ်တို့၊ စလစ်တို့ ဆင်းဝယ် ရုံပေါ့ဗျာ။ ပါမစ်တို့၊ စလစ်တို့ဝယ်ရင် ခင်ဗျားက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ချုပ်ဆိုလို့မရတာက အား နည်းချက်တစ်ခုဖြစ်ပြီး အဲ စာချုပ်စာတမ်းဆိုလို့မရလို့ အခွန်မဆောင်ရဘူးဆိုပြီး ခင်ဗျားသက်သာတယ် မထင်နဲ့နော်။ ခင်ဗျားလက်ထဲမှာ ဂရန်ပြန်လျောက်ရင်လည်း အဲဒီမှာတောက်လျောက် ကုန်ရမယ့်စရိတ်ထက် ပိုမိုအကုန် ခင်ဗျားခံရနိုင်စရာရှိတယ်။ ဒီကိစ်္စတွေကိုလည်း ခြွင်းချက်နဲ့ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး တစ်ချို့က ပါမစ်၊ စလစ်ဝယ်ရင် သက်သာတယ်လို့ ထင်နေကြတာ။ လက်တွေ့ကြတော့ကိုယ့်နာမည်ဖောက်ရင်သက်သာ စရာအကြေင်းမရှိဘူး။ ဒါကြောင့် အရေးအကြီးဆုံးက ပိုင်ဆိုင်မှုလည်း သေချာတယ်။ မှန်မှန်ကန်ကန်လည်း ဆောင်သင့်တာတွေဆောင်ထားပြီးဖြစ်တဲ့ မြေအမျိုးအစားကိုပဲဝယ်ဖို့ ကျွန်တော်အကြံပြုတယ်ဗျာ” အဲဒီလိုလည်း ကျွန်တော်က သေချာရှင်းပြလိုက်တော့ ကိုတင်မောင်မြင့်က
“ကိုကြည်စိုးရေ ကျွန်တော် သဘောပေါက်သွားပါပြီ။ ဘယ်လိုမြေမျိုးကျွန်တော်ဝယ်ရမလဲဆိုတာ သဘောပေါက်သွားပါပြီဗျာ။ ခင်ဗျားဆီလာလည်တာက ခင်ဗျားဆီမြေ၀ယ်ရအောင်လာတာမဟုတ်ဘူး ကျွန်တော် ပြောရင်း ပြောရင်းနဲ့ ခင်ဗျားဘယ်လိုမြေ၀ယ်မှာလဲဆိုတာ ခေါင်းစဉ်တပ်ပြီး ကျွန်တော့်ကို စာသင်နေသလိုကြီးပါပဲဗျာ။ အင်း .. ဒါကြောင့်လည်း ခင်ဗျားအိမ်ခြံမြေအကျိုးဆောင်သင်တန်းဆရာကြီး ဖြစ်နေတာကိုးဗျ။ ကျေးဇူးတင်တယ် ကိုကြည်စိုးရေ” လို့ ပြောပြီး ပြန်ဖို့သူပြင်ဆင်တော့ ကျွန်တော်က
“ကဲ ကိုတင်မောင်မြင့် ခင်ဗျားသိချင်တာသိပြီးပြန်တော့မှာလား။ သိပါတယ်ခင်ဗျားတို့တွေကမေးချင်တာလေး မေးပြီး ကျွန်တော်နဲ့ ၀ယ်မှာမဟုတ်ပါဘူးဗျာ။ ကျွန်တော်ကလည်း အသက်ကလေးရလာတော့ အဲဒီလို လိုက်ပြရတာထက် ခင်ဗျားဝယ်မယ့်မြေတွေကို စာရွက်ပေါ်မှာ ပြတာက ကျွန်တော် အားသန်ပါတယ်ဗျာ။ ဒီတော့ ခင်ဗျားကို ရှင်းပြရသလို လူတွေကိုလည်း ရှင်းပြရတာအားသန်လို့ ဒီလိုသင်တန်းကျောင်းဖွင့်ရတာ ပေါ့ဗျ။ ကဲရ ဘိုင့်ဘိုင်ဗျာ”
“ဘိုင့်ဘိုင်ပါ သူငယ်ချင်း”
“မင်္ဂလာပါဗျာ” လို့ ကျွန်တော်ကထပ်ပြီး နှုတ်ဆက်လိုက်ပါတယ်။

ဦးကြည်စိုး (IC) မှ iMyanmarHouse.com အိမ်ခြံမြေ မဂ္ဂဇင်းအတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service