အိမ်ခြံမြေဈေးကွက်အတွင်းတွင် အရောင်းအ၀ယ်ရပ်တန့်နေပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ဈေးနှုန်းများ ဖွင့်လှစ်ရောင်းချနေ၍ အငှားဈေးကွက်သာ အလုပ်ဖြစ်နေသည်ကို တွေ့ရသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ကာလကျော်လွန်ခဲ့ပြီးနောက် လက်ရှိအိမ်ခြံမြေ အငှားဈေးကွက် အထူးသဖြင့် ငွေကျပ် ၁သိန်းမှ ၄သိန်းကြားတွင် မိသားစုအများအပြားမှာ အိမ်ငှားရမ်းမှုဈေးနှုန်း မြှင့်တက်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။
“စိန်မရှိပေမဲ့ အိမ်ရှိဖို့လိုတယ်” ဟူသော စကားအတိုင်း အိမ်ငှားမှုများလည်းတစ်နှစ်ထက်တစ်နှစ် မြင့်တက်နေသည်ကို တွေ့ရသည်။ မြို့နေအခြေခံနှင့် လူလတ်တန်းစား လူထုအများစုမှာအိမ်ဈေးများအဆမတန် မြှင့်တက်နေသဖြင့် မ၀ယ်နိုင်ကြ၍ အိမ်ငှားဖြင့်သာ နေကြရပါသည်။
အဆိုပါ အိမ်ငှားခများ မြှင့်တက်နေသောကြောင့် မြို့နေအခြေခံနှင့်လူလတ်တန်းစားတို့မှာ ဈေးနှုန်းမြှင့်
တက်နေသော အိမ်လခကို မဆန့်ကျင်နိုင်ဘဲ ကြိုးစားရှာဖွေ၍ ငှားရမ်းနေထိုင်နေရသည်ကို တွေ့ရသည်။
နိုင်ငံခြားသားများသည်လည်း မြို့တွင်းရှိ ကွန်ဒို၊ လုံးချင်း၊ အိမ်ရာများတွင် ငှားရမ်းနေရာမှ ဈေးနှုန်းအနည်းငယ် သက်သာသည့် မြို့စွန်ပိုင်းများအထိပါငှားရမ်း
လာကြပါသည်
မကြာမီ ၀ါတွင်းကာလသို့ ရောက်ရှိလာတော့မည်ဖြစ်၍ အိမ်ငှားရမ်းခ ဈေးကြီးမှုကိုမတတ်နိုင်ပေမယ့်အပြောင်း
အရွေ့ရာသီမကုန်ဆုံးခင် အိမ်ရှာသူများလည်း အများအပြားရှိနေပါသည်။
Credit: Myanmar Property News