ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်၌ ပုဂ္ဂလိက တန်ဖိုးနည်း အိမ်ရာစီမံကိန်းများကို The Infrastructure of Myanmar Group မှအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း၌ တိုက်ခန်းပေါင်း ၂၅၀၀ ပါဝင်မည်ဖြစ်ပြီး ကျပ်ငွေ သန်း ၁၀၀၀၀ ကျော် ရင်းနှီးမြှပ်နှံမည် ဖြစ်ကြောင်း The Infrastructure of Myanmar Group ကုမ္ပဏီမှ ဈေးကွက်နှင့် ရင်းနှီးမြှပ်နှံမှု ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။