ရှေးခေတ်အငွေ့အသက်တွေ ထင်ဟပ်နေဆဲ မြို့တော်အော်စလိုရဲ့ အဆောက်အအုံတွေ

ရှေးခေတ်အငွေ့အသက်တွေ ထင်ဟပ်နေဆဲ မြို့တော်အော်စလိုရဲ့ အဆောက်အအုံတွေ - Property News in Myanmar from iMyanmarHouse.com
23 Apr 2015 10:19 am တွင် တင်ခဲ့သည်
875 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်တဲ့ ဥရောပနိုင်ငံရဲ့ မြို့တော်ဖြစ်ပေမယ့် ရှေး
အငွေ့အသက်တွေ လွှမ်းခြုံမှုများပြီး အစိုးရ ရဲ့ အထပ်မြင့် ထိန်းချုပ်မှုတွေကြောင့်
အထပ်နိမ့် တိုက်များကိုသာ ပိုမိုတွေ့မြင်နိုင် တဲ့မြို့ကတော့ ဥရောပတိုက် မြောက်ဘက်ပိုင်း
မှာ တည်ရှိတဲ့ နော်ဝေးနိုင်ငံရဲ့ မြို့တော် အော်စလိုပဲ ဖြစ်ပါတယ်။

မြို့လယ်ခေါင်နေရာမှာ နေထိုင်စရိတ်အလွန်ကြီးမြင့်ပေမယ့်လည်း ဥရောပနိုင်ငံ များရဲ့ ပင်လယ်ရေကြောင်း
ကုန်သွယ်ရေး မှာ အော်စလိုမြို့က အဓိကကျတဲ့မြို့တော် ဖြစ်တာကြောင့် ဥရောပနိုင်ငံတွေရဲ့
ကမ္ဘာ့ အကြီးဆုံး ရေကြောင်းကုန်သွယ်ရေးကုမ္ပဏီ တွေနဲ့ အာမခံကုမ္ပဏီတွေ အခြေစိုက်ရာ
မြို့တော်လည်း ဖြစ်ပါတယ်။

"အရင်တုန်းက အစိုးရက အထပ်မြင့် ထိန်းချုပ်တဲ့ မူဝါဒကိုကျင့်သုံးပြီး အထပ်မြင့် ဆောက်ခွင့်
လုံးဝမပေးခဲ့ပေမယ့် အခုချိန်မှာ တော့ မြို့လယ်ခေါင်မှာနဲ့ တခြားအထင်ကရ နေရာတွေမှာ
အထပ်မြင့်ဆောက်ခွင့်ကို စတင်လက်ခံနေပါပြီ"လို့ အော်စလိုမြို့ခံ ကျောင်းသူတစ်ဦးဖြစ်တဲ့
ဆာရာက ပြောပါ တယ်။ အော်စလိုမြို့ခံတွေက ရှေးဟောင်းအဆောက်အအုံတွေကို ပိုနှစ်
သက်ပြီး အဆောက်အအုံ ဟောင်းနွမ်းပျက်စီးသွား ရင်တောင် အသစ်ပြန် မဆောက်ကြဘဲ
ထိုအဆောက်အအုံကိုသာ ပြန်ပြင်ပြီး နေထိုင် ရတာကို ပိုနှစ်သက်ကြောင်း သူကပြောပါ တယ်။

ဥရောပနိုင်ငံမြို့တော်တွေထဲမှာ ပါဝင်တဲ့ အော်စလိုမြို့တော်မှာ အဆောက်အအုံပုံစံဒီဇိုင်းတွေ
မဆန်းကြယ်ပေမယ့် အဆောက် အအုံ အရည်အသွေးကတော့ အံ့မခန်း ကောင်းမွန်ပါတယ်။
တစ်နိုင်ငံလုံး ဓာတ် ရထားနဲ့ ဘတ်စ်ကားတွေကိုသာ အသုံးပြုကာ ကားပါကင် မလိုအပ်တာကြောင့်
နေရာ အကုန်သက်သာရုံသာမက ယာဉ်ကြော ပိတ်ဆို့မှုလည်း မရှိတာကြောင့် တစ်နိုင်ငံလုံး
ကို နာရီပိုင်းအတွင်း သွားလာနိုင်ပါတယ်။ အဆောက်အအုံတိုင်းကို မြေအောက် များ တစ်ထပ်မက
ထည့်သွင်းတည်ဆောက် ထားတာကိုလည်း ထူးခြားစွာတွေ့နိုင်ပါသေး တယ်။

အထပ်မြင့်အဆောက်အအုံတွေ ရှားပေမယ့် အဆောက်အအုံတိုင်းမှာ မြေ အောက်ထပ်နှစ်ထပ်လောက်ထိထည့်သွင်းတည်ဆောက်တာကလည်း နော်ဝေနိုင်ငံရဲ့ ထူးခြားတဲ့ ပြယုတ်တစ်ခုအနေနဲ့ တွေ့မြင် ရမှာ ဖြစ်ပါတယ်။
အော်စလိုမြို့တော်မှာ နိုင်ငံခြားသားတွေအတွက် အိမ်ရာဝယ်ယူမှုနှုန်း ကန့်
သတ်မှုဥပဒေမရှိဘဲ ဈေးနှုန်းလည်း ကန့်သတ်မထားခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ
မျက်စိ ကျတဲ့ မြို့တော် တစ်ခု လည်း ဖြစ်ပါတယ်။

နိုင်ငံစုံမှ ကုမ္ပဏီ ရုံးခန်းများကို မြို့လယ်ခေါင်မှာ လာရောက် ဖွင့် ကြတာကြောင့် အော် စလို
မြို့လယ်ခေါင်က မြေဈေးအလွန်ကြီးမြင့် တဲ့ နေရာတစ်ခုပဲ ဖြစ်ပါ တယ်။ "အော်စလိုမှာ ကျောင်း
လာတက်တဲ့ ကျောင်းသားအများစု က မြေဈေးမကြီးတဲ့ အော်စလို မြို့တော်မြောက်ဘက်ပိုင်းမှာ
နေကြတာများပါတယ်"လို့ ဆာရာက ပြော ပါတယ်။

"သယ်ယူပို့ဆောင်ရေးစနစ်က အရမ်း ကောင်းပြီး ယာဉ်ကြောပိတ်ဆို့မှု မရှိတာကြောင့်
အချိန်တိုတိုအတွင်းမှာပဲ သွားလိုတဲ့ခရီးကို မြန်မြန်ရောက်အောင်သွားနိုင်တယ်။ ယာဉ်တွေကလည်း ငါးမိနစ်တစ်ကြိမ်လောက်ကိုလာနေတော့ မြို့စွန်မြို့နယ်တွေမှာနေပြီး မြို့ထဲမှာအလုပ်လုပ်လည်း
အဆင်ပြေပါတယ်"လို့ ဆာရာကပြောပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်
သယ်ယူပို့ဆောင်ရေးကမှာ အများသုံး ယာဉ်များနှင့် မီးရထားများ ကိုသာ အများပြည်သူ
အသုံးပြုရလွယ်တဲ့ဈေးမျိုး သတ် မှတ်ပေးထားပြီး ကိုယ်ပိုင်ယာဉ် နှင့် တက္ကစီအသုံးပြုသူများ
ကို ဈေးနှုန်းအဆမတန်ကြီးမြင့်အောင် သတ်မှတ်ပေးထားပါတယ်။

အော်စလိုမြို့တော်အတွင်း
မိနစ်၂၀ ခန့်မျှ လမ်းလျှောက်ရတဲ့ခရီးတစ်ခုအတွက် တက္ကစီငှားစီးမယ်ဆိုပါက နော်ဝေပိုက်ဆံ
၁၅၀၀ နော့ခ် (အမေရိကန်ဒေါ်လာ ၂၀၀ ကျော်) ကျသင့်မှာ ဖြစ်ပါတယ်။ ထိုခရီးကိုပင်
ဓာတ်ရထားနဲ့သွားပါက နော်ဝေပိုက်ဆံ ၃၀ နော့ခ် (အမေရိကန် လေးဒေါ်လာ) သာ ကုန်ကျမှာ ဖြစ်ပါတယ်။

အော်စလိုမြို့တော်က နေထိုင်စရိတ်ကြီးမြင့်ပေမယ့်လည်း အလုပ်အကိုင်
အခွင့် အလမ်းများ ပေါများတဲ့အတွက် နိုင်ငံစုံက မတူညီတဲ့လူမျိုးတွေ လာရောက်နေထိုင်ကြ တဲ့
မြို့တော်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံစုံ အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပ ပေးလေ့ရှိတဲ့
ငြိမ်းချမ်းရေး မြို့တော်လို့နာမည်ကြီးတဲ့ နော်ဝေနိုင်ငံမှာ ဘာသာရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုလည်း
မရှိတာကြောင့်လူမျိုးပေါင်းစုံ ပျော် ပျော်ရွှင်ရွှင်နေထိုင်နေတာကို နေရာတိုင်းမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
အော်စလိုမြို့တော်က နေထိုင်စရိတ်ကြီးမြင့် ပြီး အစိုးရကို အခွန်ဆောင်ရတာများပေမယ့်
အလုပ်အကိုင်အခွင့်အလမ်းပေါတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်လို့ အော်စလို မြို့တော်မှာနေထိုင်တဲ့
မြန်မာနိုင်ငံသားတစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောပါတယ်။

"အော်စလိုမှာအလုပ်အကိုင်အခွင့်အလမ်းပေါလို့ ရောက်လာတဲ့သူတွေလည်း ရှိပေမယ့်
နိုင်ငံရေးခိုလှုံခွင့်တောင်းပြီး ရောက်လာတဲ့သူတွေလည်း များပါတယ်။

၈၈ ကျောင်းသားအရေးအခင်းတုန်းက မြန်မာ နိုင်ငံ
ကနေ အော်စလိုမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်နေသူတွေ
အခုချိန်ထိရှိနေပါသေးတယ်"လို့ ၎င်းကပြောပါတယ်။

၂၀၁၂ ခုနှစ် မဂ္ဂဇင်းထုတ်ပြန်ချက်တွေ
အရ ဥရောပမြို့နယ်တွေထဲမှာ အော်စလိုမြို့ က လူနေမှုအဆင့်အတန်းအမြင့်မားဆုံး မြို့တစ်မြို့လည်းဖြစ်ပါတယ်။
ပညာရေးကို ဦးစားပေးတဲ့မြို့တော်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ကြွယ်
ဝတဲ့မြို့ တော်အဖြစ်ကို ရောက်ရှိလာခြင်း ဖြစ်ပါတယ် လို့ မြို့ခံတွေက ပြောပါတယ်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service