ရန်ကုန်မြစ်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်း အမှန်တကယ် ရပ်တန့်နေတာလား

ရန်ကုန်မြစ်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်း အမှန်တကယ် ရပ်တန့်နေတာလား - Property News in Myanmar from iMyanmarHouse.com
23 Apr 2015 10:07 am တွင် တင်ခဲ့သည်
1349 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရက သဘော ထားတောင်းခံခဲ့သည့်
ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများတွင် မြို့သစ်စီမံကိန်းပြုလုပ်ရန်အဆိုသည် လွှတ်တော်အမတ်များ၊ ပြည်သူများ၏ ဝေဖန်ကန့်ကွက်မှု များကြောင့်တစ်ပတ်
အတွင်းမှာပင် ယင်း အဆိုကိုအကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့သည်။

သို့သော် ယခုအခါတွင် ယင်းကျေးရွာ များ၌ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ပေါ်နေသေး
သည့်အတွက် အဆိုပါ စီမံကိန်း ရုပ်သိမ်းခဲ့ခြင်းသည် အမှန်တကယ် ဖြစ်နိုင်ခြေမရှိကြောင်း
ယင်းဒေသခံများက မြန်မာတိုင်း(မ်)ကို ပြောသည်။

"မြို့သစ်စီမံကိန်း ရပ်သွားပြီလို့ပြောကြ ပေမယ့် ရွာထဲမှာတော့ ပြောင်းလဲလာတာ လေးတွေ
ကျွန်တော်တို့ တွေ့နေရပါတယ်။ လျှပ်စစ်မီးတိုင်တွေထောင်ပြီး လျှပ်စစ်မီး သွယ်တာတွေ၊
ရွာအ၀င်လမ်းတွေကို ကွန်ကရစ်လမ်းခင်းတာတွေ၊ ချောင်းတွေမှာ တံတားဆောက်တာတွေ
လုပ်နေကြပြီး တချို့ဆို တော်တော်တောင်ပြီးနေပါပြီ" ဟု မြို့သစ်စီမံကိန်း ဧရိယာတွင် ပါဝင်သော
ခလောက်ချိုင်တိုက်နယ် တမာတဂေါကျေးရွာ ဒေသခံ ဦးသန်းဌေးက ပြောသည်။

ဒေသခံများ၏ အဆိုအရ အဆိုပါစီမံကိန်း အတွင်း ပါဝင်သည့် တမာဂေါကျေးရွာ၊
တမံကြီးကျေးရွာတို့တွင် လျှပ်စစ်မီးများ သွယ်တန်းလျက်ရှိပြီး ရွာသို့သွားလာသည့် လမ်းများ
ကိုလည်း လေးမိုင် နှစ်ဖာလုံ အရှည်ရှိသည့် နှစ်လမ်းသွား ကွန်ကရစ်လမ်းများ ခင်းလျက်ရှိကြောင်း
၎င်းကပြောသည်။ ထို့ပြင် ယင်းကျေးရွာများ အတွင်းသို့ စီးဆင်းလျက်ရှိသည့် ချောင်းလက်သွယ်များကို
ကျော်ဖြတ်ရန် တည်ဆောက်လျက်ရှိသည့် တံတား ခုနစ်စင်းခန့်ရှိကြောင်း ဒေသခံများ က ပြောသည်။

"အရင်တုန်းက ကျွန်တော်တို့ ရွာတွေမှာ လျှပ်စစ်မီးမရှိပါဘူး။ ဒါပေမဲ့ မြို့သစ်စီမံကိန်း အကြောင်းတွေ
ပေါ်ထွက်လာပြီးတော့မှ အခုဆိုရင် လျှပ်စစ်မီးတွေသွယ်နေတာ မီးတိုင်တွေ ထောင်နေတာတွေကို
လုပ်လာ ကြတယ်။ ကျွန်တော်တို့ရွာက သူတွေက လည်း ကိုယ်ထူကိုယ်ထနဲ့ မီးအားမြှင့်စက်ဝယ်ပြီး
မီးသွယ်ဖို့တောင် လုပ်နေပါပြီ။ အရင် က လျှပ်စစ်မီးလုံးဝမရှိတဲ့နေရာမှာ လျှပ်စစ် မီးတွေ သွယ်တယ်
ဆိုတာ အကြောင်းတစ်ခုခု ရှိလို့ ဖြစ်မှာပါ။ မြို့သစ်စီမံကိန်းက ပါးစပ် က ရပ်နေပေမယ့် လက်ကတော့
လုပ်နေတယ် လို့ ကျွန်တော်ထင်တယ်" ဟု ဦးသန်းဌေး က ပြောသည်။

စီမံကိန်းတည်ရှိရာကျေးရွာများသည်
လှိုင်မြစ်ဘေးတွင်တည်ရှိပြီး လက်ရှိတွင် အဆိုပါလှိုင်မြစ်အတွင်း မြစ်ကောနေသည့်နေရာ
များကို ပြန်လည်တူးဖော်မှုများလည်း ပြုလုပ်နေကြောင်း တမာတဂေါကျေးရွာနေ ဦးဝင်းမြင့်
ကပြောသည်။

"ဘယ်သူတွေ လုပ်နေလဲဆိုတာ သေချာမသိပေမဲ့ လှိုင်မြစ်က ကောနေတာတွေကိုတော့
ပြန်တူးနေကြတယ်။ အနက် ရှစ်ပေ၊ အကျယ် ၂၅၀ လောက်ရှိတယ်။ အဲဒီ လိုတူးတာ
တစ်လ နှစ်လလောက်တောင် ရှိနေပြီ။ ဒီလိုမြစ်တူးတာကလည်း တစ်ခုခု လုပ်စရာရှိလို့
ပြန်တူးနေကြတာလို့ ထင် တယ်" ဟု ၎င်းကပြောသည်။

သို့သော်လည်း ဒေသခံများမှာ ၎င်းတို့ ဒေသများတွင် မြို့သစ်စီမံကိန်းကြီးတစ်ခု ပေါ်ပေါက်
လာစေရန် မျှော်လင့်နေကြသည့် အတွက် စီမံကိန်းကို အကောင်အထည် ဖော်စေချင်ကြောင်း
ဒေသခံ ရွာသူ ရွာသား များက ပြောသည်။ "ကျွန်တော်တို့ကတော့ စီမံကိန်းကြီးကို
ဖြစ်စေချင်ပါတယ်။ စီမံကိန်းကြီး ရပ်လိုက် တဲ့နောက်ပိုင်းမှာလည်း ကျွန်တော်တို့တွေ
ဆန္ဒပြခဲ့တာ သုံးခါရှိပါပြီ။ တကယ်လို့ ကျွန်တော်တို့ ကျေးရွာတွေမှာသာ မြို့သစ်တစ်ခု
တည်ပေးမယ်ဆိုရင် ကျွန်တော်တို့လို ဒေသခံရွာသူရွာသားတွေရဲ့ စီးပွားရေးလည်း
တော် တော်အဆင်ပြေမှာပါ" ဟု ဦးသန်းဌေးက ပြောသည်။

လက်ရှိ မြို့သစ်စီမံကိန်းအတွင်း ပါရှိ သည့် ကျေးရွာများသည် လယ်ယာစိုက်ပျိုး ခြင်းကို
အဓိက လုပ်ကိုင်လျက်ရှိသော်လည်း
ယင်းဒေသရှိ လယ်မြေများမှာ မြေဆီလွှာ မကောင်းမွန်တော့သည့်အတွက် စိုက်ပျိုးရေး
လုပ်ကိုင်ရန် အလားအလာမကောင်းတော့ ကြောင်း ဒေသခံတောင်သူများက ပြောသည်။

"အရင်တုန်းက ကျွန်တော်တို့လယ်တွေ က တစ်ဧကကို တင်း ၅၀ ကနေ ၈၀ လောက်
ထွက်တယ်။ အခုနောက်ပိုင်းမှာ တင်း ၄၀ လောက်ပဲ ထွက်တော့တယ်။ လယ်မြေတွေ
က မကောင်းတော့ လုပ်ကိုင်စားသောက် ရတာလည်း အဆင်မပြေဘူး။ မြို့သစ်စီမံကိန်း
ကြီးလုပ်မယ်လို့ ပြောတဲ့အချိန်တုန်းက ဒီက လယ်မြေတွေလည်း ဈေးတွေတက်ပြီး ရောင်း
လိုက်တဲ့သူတွေက အခုဆို လှူနိုင် တန်းနိုင် ဖြစ်နေကြပြီ။

တကယ်လို့ မြို့သစ်သာ တည်မယ်ဆိုရင် ကျွန်တော်တို့လည်း တခြား စီးပွားရေးကို ပြောင်းလုပ်နိုင်ပြီး အဆင်ပြေ လာနိုင်မှာ"
ဟု တံခွန်ဒိုင်းအုပ်စု၊ တမံကြီး ကျေးရွာနေ လယ်သမားတစ်ဦးက ပြောသည်။ လယ်မြေများ
သည်လည်း စီမံကိန်း ရပ်ဆိုင်းသွားသည့် နောက်ပိုင်းတွင် မြို့ပေါ် က လာရောက်ဝယ်ယူသူများ
မရှိသလောက် နည်းပါးသွားပြီး ဈေးနှုန်းများ ပြန်လည် ကျဆင်းသွားကြောင်း ဒေသခံများကပြော
သည်။ စီမံကိန်းလုပ်ဆောင်မည်ဟု ကြေညာသည့် ကာလအတွင်း ယင်းကျေးရွာများ
ရှိလယ်မြေများမှာ တစ်ဧကလျှင် ကျပ် သိန်း ၇၀၀ မှ ၈၀၀ ကျော်ထိ ဈေးတက်ခဲ့ပြီး
ဝယ်ယူသူလည်းများပြားခဲ့သော်လည်း လက်ရှိတွင် တစ်ဧကလျှင် ကျပ် သိန်း ၂၀၀
ခန့်သာ ပေါက်ဈေးရှိတော့သည်။

ထို့ပြင် စီးပွားရေးအဆင်မပြေသည့် လယ်သမားများမှာ ၎င်းတို့၏ လယ်များကို
ယခင်လာရောက်ဝယ်ယူခဲ့သူ များထံ သွားရောက်ရောင်းချမှုများလည်း ရှိကြောင်း
ဒေသခံများက ပြောသည်။ ထိုသို့ ငွေကျပ် ဘီလျံ ၇,၀၀၀ ကျော် ကုန်ကျခံ တည်ဆောက်
သွားမည့် မြို့သစ်စီမံကိန်း ကြီးသည် မရေရာမသေချာသည့် ကုမ္ပဏီတစ်ခု၏ အစီအစဉ်ဖြင့်
တည်ဆောက်မည် ဆိုသည့် အချက်အလက်များအပြင် တိုင်း ဒေသကြီးအစိုးရ၏
ပွင့်လင်းမြင်သာမှုမရှိ သည့် လုပ်ရပ်များကြောင့် လွှတ်တော်အမတ်များနှင့် ပြည်သူလူထု
က ဝေဖန်ကန့်ကွက်မှုတို့ကြောင့် ရုပ်သိမ်းခဲ့ပြီးမှ တိုးတိတ်စွာ ပြန်လည်လုပ်ဆောင်ခြင်း
များရှိပါက အစိုးရ အနေဖြင့် ရိုးသားမှုလုပ်ရပ်မဟုတ်ကြောင်း ဗဟန်းလွှတ် တော်ကိုယ်စား
လှယ် ဒေါ်ညိုညို သင်းက ပြောသည်။

"အစိုးရက လွှတ်တော်မှာ ရုပ်သိမ်းတယ် လို့ ပြောထားပြီးရင် ဒီလို လူသိရှင်ကြားပြောထားပြီးသား ကိစ္စတစ်ခုကို ဘယ်သူမှ မသိဘဲ ဆက်လုပ်လို့ မရပါဘူး။ ဒါဟာ
ဥပဒေနဲ့မကိုက်ညီလို့ပါ။ ဒါကိုမှ ဆက်လုပ်နေတယ်ဆိုရင်တော့ ဒါဟာ အစိုးရ ရိုးသား
မှုမရှိတဲ့အပြင် လွှတ်တော်ကြီးကိုလည်း မလေး မစားပြုလုပ်တာပါပဲ။ လွှတ်တော်ဆိုတာ
က ကလေးကစားစရာနေရာ မဟုတ်ပါဘူး။ အစိုးရဆိုတာကလည်း ပြောပြီးသားစကားကို
တည်ရမှာပါ" ဟု ၎င်းကပြောသည်။

ထို့ပြင် ယခုနှစ်အတွင်း ပြည်လုံးကျွတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ခြင်းကြောင့် အစိုးရ
အပြောင်းအလဲဖြစ်လာပါက ယခုကဲ့သို့သော လုပ်ရပ်များကို အစိုးရသစ်က တာဝန်
ယူမည်မဟုတ်သည့်အတွက် ကျန်ရှိသူများ သာ အခက်အခဲများတွေ့နိုင်ကြောင်း၎င်းကပြောသည်။


"အစိုးရသစ်တက်လာရင်သူကတာဝန် ယူမှာ မဟုတ်ဘူး။ အဲဒါကြောင့် အခုအစိုးရက
ဘယ်လောက်ပဲ တိုးတိုးတိတ်တိတ်လုပ်နေလည်း သူ့သက်တမ်းကုန်သွားလို့ ဆက်
မလုပ်နိုင် တော့ဘူးဆိုရင် မပြီးပြတ်သေးတဲ့ အကျိုး ဆက်တွေကိုတော့ ပြည်သူတွေပဲခံရမှာပါ။
ဒါကြောင့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီနေရာမှာ အခြေချ နေထိုင်နေကြတဲ့ ဒေသခံတွေပြည်သူတွေ
ကိုယ်တိုင်ကလည်း ဉာဏ်နဲ့ချင့်ချိန်ပြီး ယုံသင့်မယုံသင့်ကို စဉ်းစား ကြဖို့ပဲပြောချင်ပါတယ်" ဟု ၎င်းက
ပြော သည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service