ကျင့်သုံးနေသော အိမ်ခြံမြေဆိုင်ရာဥပဒေများ ပိုမိုခိုင်မာရန် လိုအပ်

ကျင့်သုံးနေသော အိမ်ခြံမြေဆိုင်ရာဥပဒေများ ပိုမိုခိုင်မာရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
23 Apr 2015 9:52 am တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် အိမ်ခြံမြေလုပ်ငန်းသည် အဆင့်မြင့်အိမ်ရာ
စီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်နေမှုများဖြင့် ပြည်တွင်းပြည်ပ
လုပ်ငန်း ရှင်များ၏ စိတ်ဝင်စားမှုကို ရရှိထားသော် လည်း ယခုထက် နည်းစနစ်တကျပိုမိုဖွံ့ဖြိုး တိုတက်ရန်မှာ လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံ မြေဆိုင်ရာဥပဒေ၊
မြေယာဥပဒေများပိုမိုခိုင်မာရန်လိုအပ်ကြောင်း ပြည်တွင်း
ပြည်ပ လုပ်ငန်းကျွမ်းကျင်သူများက ပြော သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု များ အထူးသဖြင့် အဆင့်မြင့်အိမ်ရာ
တည်ဆောက်ရေးကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မူဘောင်သတ်မှတ်ချက်များနှင့်
ပတ်သက်၍ ဥပဒေများ ယခုနှစ်ပိုင်းအတွင်း ပေါ်ပေါက်ခဲ့သော်လည်း ခိုင်မာသည့်ဥပဒေများ
ရှိနေသေး ကြောင်း VDB Loi အိမ်ခြံမြေဥပဒေရေးရာနှင့် အမြတ်ခွန်အတိုင်ပင်ခံကုမ္ပဏီမှ
ဒါရိုက်တာ Edwin Vanderbruggen ကပြောသည်။

"မြန်မာနိုင်ငံ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံ
တာတွေမှာ အခုဥပဒေတွေက ကောင်းပေမယ့် ဒီထက်ပိုကောင်းတဲ့ဥပဒေတွေ ထပ်ပြဋ္ဌာန်းဖို့
လိုအပ်ပါတယ်။ ဒေါ်လာ ဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်နေကြတဲ့အချိန် မှာ
ပိုကောင်းတဲ့ဥပဒေအသစ်တွေ ထပ်မံ ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို နေရာစုံ
ကဆွဲဆောင်ရန် အကောင်းဆုံး အခြေ အနေ ဖြစ်နေသည့်အတွက် အိမ်ခြံမြေကဏ္ဍ
တွင်လည်း ရင်းနှီးမြှုပ်နှံမှုပိုမိုအားကောင်း လာစေရန် ကောင်းမွန်သည့် နည်းဥပဒေ များ
အမြန်အကောင်အထည်ဖော် ဆောင် ရွက်သင့်ကြောင်း Edwin Vanderbruggen ကပြောသည်။

"နည်းဥပဒေကောင်းတွေက နေထိုင်သူ တွေကို ကာကွယ်မှု ပေးနိုင်မယ့်အပြင် စီးပွားရေးနဲ့
ခရီးသွားအခြေခံ အဆောက်အအုံတွေကိုလည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့
ကျွန်တော်ယုံကြည်ပါတယ်"ဟု ၎င်းကပြောသည်။ ထို့ပြင် အဆင့်မြင့်အိမ်ရာ တည်ဆောက်မှု
များနှင့်ပတ်သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကြားခံဆောင်ရွက်ပေးနေခြင်း
သည် ကောင်းမွန်သော လက္ခဏာတစ်ခု ဖြစ်သော်လည်း ကော်မရှင်သို့တင်ပြသော စီမံကိန်းအရေအတွက်မှာ အလွန်နည်းနေသေးကြောင်း ကျွမ်းကျင်သူများကပြောသည်။

"ရန်ကုန်မြို့မှာအကြီးစားအိမ်ရာစီမံကိန်း နဲ့ ပတ်သက်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုမိန့်ကိုရရှိထားတဲ့ စီမံကိန်းက ငါးရာခိုင်နှုန်း မကျော်ပါဘူး။ ဒါဟာကော်မရှင်ရဲ့ မြေငှားရမ်းမှုဆိုင်ရာ
မူဝါဒကြောင့်ဖြစ်သလို ကော်မရှင်ရဲ့စိစစ်မှု ကို မလိုက်နာနိုင်တာကြောင့်လည်း ဖြစ်နိုင်
တယ်"ဟု အိမ်ခြံမြေဥပဒေရေးရာနှင့် အမြတ်ခွန် အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သော
VDB Loiကုမ္ပဏီဒါရိုက်တာက ပြောသည်။

စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်မှာ ဥပဒေအရ လိုအပ်သည်ဖြစ်စေ၊မလိုအပ်
သည်ဖြစ်စေ ခွင့်ပြုချက်နှင့် လိုအပ်သော အထောက်အပံ့များ ရရှိစေရန် အိမ်ရာစီမံကိန်း
များကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြကာ လုပ်ငန်းရှင်များ၏ ပွင့်လင်းမှုကို
ပြသသင့်ကြောင်း ၎င်းကပြောသည်။

"အစိုးရမြေငှားရမ်းသူတွေက မြေငှားရမ်းမှုဆိုင်ရာ
ဥပဒေတွေနဲ့ စည်းကမ်းတွေကို ပြင်ဆင်ဖို့ ၀န်လေးနေတဲ့အတွက် ပြည်တွင်း ဆောက်လုပ်
သူတွေက နိုင်ငံတကာက ချေးငွေရယူဖို့ ခက်ခဲနေတယ်။ ဒါကြောင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ
မှုကော်မရှင်က ဒီကိစ္စကို ပါဝင်ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

အစိုးရထံက မြေငှားရမ်းထားသည့် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များ ၏လိုအပ်ချက်
တစ်ခုဖြစ်သော ငွေကြေးမလုံလောက်ခြင်းများနှင့် ရင်ဆိုင်ရသည့်အခါ ပေါင်နှံခြင်းနှင့်
တစ်ဆင့်ငှားရမ်းခြင်းများကို ပြုလုပ်ရန် အခက်အခဲဖြစ်စေသည့်အတွက် အစိုးရက မြေဆိုင်ရာ
အခွင့်အရေးများကို ပြောင်းလဲပေးရန် လိုအပ်ကြောင်း ပညာရှင်များက ပြောသည်။

"နိုင်ငံခြား ချေးငွေကို အဓိကထား တည်ဆောက်တဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်း က
မြန်မာနိုင်ငံမှာ မရှိသလောက် ရှားနေ သေးတယ်။ ဒီကနိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့
အိမ်ရာစီမံကိန်းတွေက ရှယ်ယာတွေ၊ ရှယ်ယာ ရှင်တွေရဲ့ ချေးငွေတွေ တိုက်ခန်းကြိုရောင်းပြီးမှရတဲ့ဝင်ငွေတွေနဲ့
ဆောက်တာများတယ်။

နိုင်ငံခြားချေးငွေဆိုင်ရာဥပဒေနဲ့ အိမ်ရာ ပေါင်နှံခြင်းဥပဒေတွေကို ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းပြီးသားဖြစ်ပေမယ့် ခုချိန်ထိ
လက်တွေ့ အသုံးမချနိုင်သေးဘူး" ဟု Edwin Vanderbruggen ကပြောသည်။

နိုင်ငံခြားချေးငွေဆိုင်ရာ ဥပဒေနှင့် အိမ်ရာပေါင်နှံခြင်း ဥပဒေများတွင် ပိုမိုရှင်းလင်း တိကျသော
စည်းကမ်းချက်များကို အသုံးပြု ကာ လက်ရှိအခြေအနေကို တိုးတက်အောင် ပြုလုပ်သင့်ကြောင်း
အိမ်ခြံမြေ ပညာရှင်များ က ပြောသည်။ ထို့ပြင် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ပြုလုပ်ရာတွင်
ဝယ်ယူသူများအတွက် အကာ အကွယ် ဖြစ်သော ဥပဒေများကိုလည်း ပြဋ္ဌာန်း ရန် လိုအပ်နေသေးကြောင်း
အိမ်ခြံမြေဥပဒေ ရေးရာနှင့် အမြတ်ခွန်အတိုင်ပင်ခံကုမ္ပဏီ တစ်ခုဖြစ်သောVDB Loiကုမ္ပဏီက
တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အခုလို အိမ်ခြံမြေကဏ္ဍ သိသိသာသာ ကြီး တိုးတက်လာတဲ့ခေတ်မှာ သတိထားရမယ့်
အချက်တွေထဲက တစ်ခုကတော့ ကြိုပွိုင့် ၀ယ်ထားတဲ့ သူတွေအတွက် တည် ဆောက်တဲ့
လုပ်ငန်းရှင်တွေဘက်ကလည်း အချိန်မီ မတည်ဆောက်နိုင်တာတွေ၊ လုပ်ငန်းရှင်က
ဒေ၀ါလီခံတာမျိုးတွေကနေ အကာအကွယ်ပေးနိုင်ဖို့ လိုအပ်တယ်။

အာဆီယံနိုင်ငံတွေမှာဆောင်ရွက်နေတဲ့အတိုင်း ၀ယ်ယူသူတွေအတွက် စည်းကမ်းချက်တွေထုတ်ပြန်ပေးသင့်တယ်" ဟု ၎င်းက
ပြောသည်။ လက်ရှိအခြေအနေ၌ မြန်မာနိုင်ငံတွင် ဥပဒေကြမ်းပြဋ္ဌာန်းထားသည့် ကွန်ဒိုမီနီယံ
ဥပဒေကဲ့သို့ သာမန်လူနေတိုက်ခန်းများ အတွက်လည်း ဥပဒေပြဋ္ဌာန်းနိုင်ရန် အကြံပြုချက်ကို
နိုင်ငံတော်သမ္မတဆီ တင်ပြသွား မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံသည် အိမ်ခြံမြေ ရင်နှီး မြှုပ်နှံရန် ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သော်လည်း
လက်ရှိဖြစ်ပေါ်နေသည့် မြေဈေးနှုန်း ကြီးမြင့်မှုများနှင့် အိမ်ခြံမြေ ဆိုင်ရာ နည်းဥပဒေ
လိုအပ်ချက်များကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ ၀င်ရောက်သင့် သည်ထက် နည်း
ပါလျက်ရှိကြောင်း နိုင်ငံ တကာအိမ်ခြံမြေ အကြံပေးကုမ္ပဏီတစ်ခု ဖြစ်သော
ဆားဗေးလ်စ်မြန်မာလီမိတက်၏မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ရစ်ချက်အီမာ ဆင်က ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service