စတင် စည်ကားစပြုလာ သော၊ဒဂုံမြို့သစ် အရှေ့ ပိုင်းမှ ရွာသာကြီးရပ်ကွက်

စတင် စည်ကားစပြုလာ သော၊ဒဂုံမြို့သစ် အရှေ့ ပိုင်းမှ ရွာသာကြီးရပ်ကွက် - Property News in Myanmar from iMyanmarHouse.com
23 Apr 2015 9:14 am တွင် တင်ခဲ့သည်
1423 ကြိမ် ကြည့်ရှု့ပြီး
ရွာသာကြီးဟု ဆိုပါက မသိသူမရှိလောက်အောင် သိသောနေရာတစ်ခုဟု ဆိုလျှင်
မှားမည်မထင်ပါ။ အလွန်လှပသော ပန်းခြံများ၊ ကစားကွင်းများကြောင့် လူသိများခြင်းမျိုး
မဟုတ်ဘဲ ရွာသာကြီးတွင် တည်ရှိသော ရန်ကုန် မြို့၏ တစ်ခုတည်းသော စိတ်ရောဂါ
ကုဆေးရုံ ကြောင့် လူသိများကြခြင်းဖြစ်သည်။

ယခင်က ရွာသာကြီးသည် လူသူအရောက် နည်းပါးပြီး လူနေထိုင်မှု သိပ်မရှိသည့်
နေရာတစ်နေရာဖြစ်ခဲ့၍ ပတ်ဝန်းကျင်မှာ ခြောက်ကပ်ခဲ့ သော်လည်း ယခုအချိန်တွင်
စီးပွားရေးလုပ်ငန်း တွင်ကျယ်မှုများဖြင့် စည်ကားလျက်ရှိပြီး ယင်းနေရာရှိ အိမ်ခြံမြေများ
ကိုလည်း ဈေးနှုန်း သင့်တင့်မှုများကြောင့် စိတ်ဝင်စားမှုများကာ လူနေထိုင်မှုများပြား
လာကြောင်း ဒေသခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ရွာသာကြီးသည်၉၇ ဒသမ ၀၃ စတုရန်းကီလိုမီတာရှိသော ဒဂုံမြို့သစ် (အရှေ့ပိုင်း မြို့နယ်) ၏ ရပ်ကွက်
၅၄ ခုအနက်မှ ရပ်ကွက် တစ်ကွက်ဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်
စိတ်ရောဂါကုဆေးရုံကြီးနှင့် ရွာသာ ကြီး စက်မှုဇုန်တို့ကြောင့် ထင်ရှားသောနေရာ
တစ်ကွက်ဖြစ်လာခဲ့ပါသည်။ ရွာသာကြီးရပ်ကွက်မှ မြို့ခံတစ်ဦးဖြစ်သူ ဒေါ်ခင်မေက
"ရွာသာကြီးက အရှေ့ဒဂုံ မှာတော့တခြားရပ်ကွက်တွေထက်ကြီးတယ်။

စီးပွားရေးတက္ကသိုလ်၊ စိတ်ရောဂါကုဆေးရုံ တို့ကြောင့်လည်း ထင်ရှားလာတာပါ။ အရင်
ကတော့ ဆေးရုံတို့၊ ကျောင်းနားတို့လောက်ပဲ စည်ကားတာဖြစ်ပေမယ့် အခုချိန်မှာ
ရွာသာ ကြီးရဲ့ နေရာတိုင်းလိုလို စည်ကားနေပြီလို့ ပြောလို့ရနေပါပြီ"ဟု ပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အိမ်ခြံ မြေများကို ၂၀၁၂ နောက်ပိုင်းတွင် ပြည်သူ
များစိတ်ဝင်စားမှုများပြီး စတင်စည်ကားလာ ကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် လမ်းမ
တန်းများကိုလည်း ထိုအချိန်က စတင်စိတ် ၀င်စားခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင်
ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်း မြေဈေး နှုန်း မကြီးမြင့်သေးသောနေရာများ၊
အထူး သဖြင့် ရွာသာကြီးနားတစ်ဝိုက်ကိုလည်း နေထိုင်သူများ စိတ်ဝင်စားလာခဲ့ကြောင်း
အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"အခုအချိန်မှာ ဒဂုံမြို့သစ်မြို့နယ်ရဲ့ အိမ် ခြံမြေတွေကို သာမန်ပြည်သူအများစုက နေထိုင်ဖို့
စိတ်ဝင်စားလာကြပါတယ်။ မြောက်ဒဂုံမြို့သစ်တွေနဲ့ သူနဲ့နီးတဲ့ ဒဂုံမြို့သစ် လမ်းမတန်းတွေ
ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ၀ယ်လိုသူတွေရဲ့ အာရုံစိုက်မှုကို စရခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အိမ်ခြံမြေဈေးလည်း မကြီးမြင့်သေးတဲ့ အရှေ့ ဒဂုံမြို့နယ် ရွာသာကြီးရပ်ကွက်က
အိမ်ခြံမြေတွေကို ၀ယ်လိုသူတွေ ပိုစိတ်ဝင်စားလာကြတယ်"ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်
တစ်ဦးဖြစ်သူ ဦးသောင်းက ပြောသည်။ ထို့ပြင် ဒဂုံမြို့သစ်လေးမြို့နယ်တွင် တစ်ခု အပါအ၀င်ဖြစ်သည့်
ဒဂုံမြို့သစ် (အရှေ့ပိုင်း) သည်လည်း ယခုအခါတွင် မြို့ပြအင်္ဂါရပ်များ အနည်းငယ် ဖွံ့ဖြိုး
လာသည့်အတွက် ယခင်က ထက် လူနေပိုမိုထူထပ်လာခဲ့ကာ အိမ်ခြံမြေ ဈေးကွက်လည်း
အသင့်အတင့်ကောင်းမွန် လာကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

"အခု အရှေ့ဒဂုံက ကားလမ်းတွေလည်း ကောင်းလာတယ်။ လျှပ်စစ်မီးတွေလည်း နေရာ
တော်တော်များများမှာ ရလာတယ်။ အရင် တုန်းက အရှေ့ဒဂုံက လူနေနည်းပေမဲ့ အခု တော်တော်
များများ ပြောင်းပြီးနေလာကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဈေး မြေဈေး တွေက တခြားမြို့နယ်တွေလောက်
ဈေးမမြင့်တော့ လာပြီးနေကြတယ်။ မြို့က အရင်ထက် ပိုပြီး စည်ကားလာတယ်" ဟု ဒဂုံမြို့သစ်
(အရှေ့ပိုင်း) တွင်နေထိုင်ကာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိ သည့် မအိက
ပြောသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် အခြားမြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)
သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဗိုလ်မှူးဗထူးလမ်းမမှာလည်း နှစ်လမ်းသွားမှ လေးလမ်း
သွားလမ်းများတိုးချဲ့ခဲ့ပြီး ရပ်ကွက်တွင်းရှိလမ်းသွယ်များမှာလည်း ကွန်ကရစ်လမ်းများ ဖြစ်ပေါ်
လာသည့်အတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ခဲ့ ကာ လူနေထိုင်
မှုများလာခဲ့ကြောင်း ၎င်းက ပြောသည်။

"ဗိုလ်ဗထူးလမ်းကြီး လမ်းမကြီးချဲ့ပြီးက တည်းက အရှေ့ဒဂုံဘက်က တဖြည်းဖြည်း စည်
လာတာ။ နောက်ပိုင်း လမ်းသွယ်တွေက လည်း လမ်းတွေကောင်းလာသလို ဘတ်စ်ကား
လိုင်းတွေကလည်း ပိုများလာတော့ သွားရေး လာရေးကလည်း အဆင်ပြေလာတယ်။

အခု ဆို ဒီဘက်ကို တော်တော်များများ ပြောင်းပြီး နေလာတာကို တွေ့ရတယ်။ အိမ်ငှားတွေ
လည်း များလာသလို ၀န်ထမ်းတွေနေတာများတယ်" ဟု ၎င်းကပြောသည်။ ထို့ပြင်
လျှပ်စစ်မီးများမှာလည်း အရှေ့ ဒဂုံမြို့နယ်၏ မြို့ပြင်ဘက်ကျသော ရွာသာကြီးနှင့် အခြား
နီးနားပတ်ဝန်းကျင်ရပ်ကွက်များ အထိ လျှပ်စစ်မီးများရရှိလာသည့်အတွက် ယင်းနေရာများ
သည်လည်း လူလာရောက်နေထိုင်မှုများရှိလာကြောင်း မအိက ပြောသည်။ "အခု လျှပ်စစ်
မီးတွေကလဲ ရလာတော့ အခြေချနေထိုင်လိုသူတွေ နေထိုင်ဖို့ စိတ်ဝင်စားလာကြတယ်။

မြေဈေးကလည်း မြောက်ဒဂုံမြို့သစ်နဲ့ ယှဉ်ရင်တောင် သိသိသာသာ ဈေးနည်းနေသေးတဲ့
အတွက် လက်လုပ်လက်စားလူတန်းစားတွေ၊ သာမန်ဝန်ထမ်းတွေ ၀ယ်နိုင်တယ်။ ရွာသာကြီးဘက်ကို
ပြောင်းတဲ့သူတွေ များလာတော့ စည်လာသလို စီးပွား ရေးလုပ်ဖို့ အခွင့်အလမ်းလည်း
ပိုကောင်းလာတော့ ပြောင်းချင်သူများလာတယ်"ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ သိန်း ၁၀၀ ကျော်မှ
သိန်း ၄၀၀ နှင့် ၅၀၀ ကျော်အထိရှိပြီး လမ်းသွယ် များရှိ ယင်းဈေးနှုန်းများမှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်မှ
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်ကောင်းချိန်တွင် စတင်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဒဂုံ မြို့သစ် (အရှေ့ပိုင်း)ရှိ အိမ်ခြံမြေများမှာ ကျပ် သိန်း ဆယ်ဂဏန်း
အတွင်းသာရှိကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက ပြော
သည်။

ရွာသာကြီး ရပ်ကွက်တွင်မှု ယခုလက်ရှိ အိမ်ခြံမြေ ပေါက်ဈေးမှာပေ ၄၀x၆၀ အကျယ်
ရှိမြေတစ်ကွက်လျှင် ကာလပေါက်ဈေးကျပ်သိန်း ၄၀ နှင့် ၅၀ ကြားတွင်သာ ရှိသည့် အတွက်
လာရောက်ဝယ်ယူနေထိုင်လိုသူ များပြားကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service