ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှ အိမ်ခန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရစ်ကျစနစ် အသုံးပြုရောင်းချရန် အိုးအိမ်ဘဏ်နှင့် ညှိနှိုင်းနေ

ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှ အိမ်ခန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အရစ်ကျစနစ် အသုံးပြုရောင်းချရန် အိုးအိမ်ဘဏ်နှင့် ညှိနှိုင်းနေ - Property News in Myanmar from iMyanmarHouse.com
22 Apr 2015 11:20 am တွင် တင်ခဲ့သည်
1636 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ် ဆိပ်ကမ်းမြို့နယ်တွင် တည် ဆောက်နေသည့် အထပ်မြင့် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာ စီမံ ကိန်းများမှ အိမ်ခန်းများကို အရစ်ကျ စနစ်အသုံးပြု၍ တိုင်းဒေသကြီး အစိုးရ၏ စီစဉ်ညွှန်ကြားမှုဖြင့် ရောင်း ချရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

”အဲဒီသတင်းက မှန်ပါတယ်။ တခြားအိမ်ရာစီမံကိန်းတွေ ရောင်း သလိုပါပဲ။ အာမခံတာကတော့ အိုးအိမ်က လုပ်မှာပါ။ ချေးလည်း ချေးပေးနိုင်ပါတယ်။ ဝယ်တဲ့ လူတွေ က အပေါင်ပေးစရာ မလိုပါဘူး။ အရင်အတိုင်းပဲ လုပ်မှာပါ။ အိမ်ကိုပဲ အာမခံထားရမယ့် စနစ်ပါ။

ဘယ် တော့လောက် စရောင်းပေးမလဲ ဆိုတော့ သူတို့က မပြီးသေးဘူးလေ။ ဒီကိစ္စက သိပ်ပြီးတော့လည်း မပြီး ပြတ်သေးဘူး” ဟု ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ဧပြီလ ၇ ရက်တွင် The Trade Times ကို ပြောသည်။

အိမ်ခန်းများအား အများပြည်သူ တို့ကို အရစ်ကျစနစ်ဖြင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရောင်းချရန်အတွက် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးဘဏ်တို့နှင့် ညှိနှိုင်းဆောင်ရွက်နေသည့် သတင်း များမှာ မှန်ကန်မှုရှိကြောင်း ဦးဝင်း ဇော်က ထပ်လောင်း အတည်ပြုခဲ့ သော်လည်း လုပ်ငန်းများ ပြီးပြတ် ခြင်း မရှိသေးသည့် အခြေအနေ ကြောင့် အတိအကျ ပြောဆိုရန် ခက်ခဲ နေကြောင်း၊

အိုးအိမ်ဘဏ်မှ အခြား အိမ်ရာစီမံကိန်းများတွင်မူ ကနဦး ပေးသွင်းငွေ၏ ၃ဝ ရာခိုင်နှုန်းနှင့် ဘဏ်နှင့် ချိတ်ဆက်ကာ လေးနှစ် အရစ်ကျ ရောင်းချပေးသည့် ပုံစံဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။

ဧရာဝဏ်နှင့် ရတနာအိမ်ရာကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ရှိ မြေ ဧက ၂၂ဝ ပေါ်တွင် ၁၈ ထပ်အမြင့် ၂၄ ခန်းတွဲ တိုက်အလုံးပေါင်း ၂၅ လုံး တည်ဆောက်နေပြီး တိုက်တိုင်းတွင် စတုရန်းပေ ၆ဝဝ ကျယ်ဝန်းသည့် အိမ်ခန်းပေါင်း ၁ဝ,၈ဝဝ ရှိသည့် အတွက် လူဦးရေ ၁ဝဝ,ဝဝဝ ခန့် အဆင်ပြေပြေ နေနိုင်မည် ဖြစ်ပြီး ယင်းသို့ နေထိုင်နိုင်ရန် အခြေခံ အဆောက်အဦများပါ ထည့်သွင်း တည်ဆောက်လျက် ရှိကြောင်း သိရ သည်။

”ဝယ်မယ့်သူက သူ ပေးသွင်း နိုင်တဲ့ income တော့ ပြရမှာဖြစ် တယ်။ တန်ဖိုးအနေနဲ့ များလာတာ ရယ်။ ပေးဆပ်ရမယ့် အချိန်များလာ တာလောက်တော့ ကွာလာနိုင် တယ်”ဟု ၎င်းက ဆက်လက်ပြော သည်။

အိမ်ရာလိုအပ်ချက်များ အများ အပြားရှိနေသည့်အတွက် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများကို မြန်မာ နိုင်ငံအနှံ့တွင် အများအပြား တည် ဆောက်ပေးနေပြီး ယင်းစီမံကိန်း များအနက်မှ ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းများမှာ ပမာဏ အကြီးဆုံးနှင့် လူနေထိုင်နိုင်မှုပမာဏ အကြီးမားဆုံး စီမံကိန်းကြီးလည်း ဖြစ်သည်။

ယင်းစီမံကိန်းအား မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကုမ္ပဏီများ ပူးပေါင်း၍ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာရေးနှစ်မှ စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၈ ထပ်အမြင့် ၂၄ ခန်းတွဲ အဆောက်အအုံ တစ်လုံး လျှင် ကျပ် ၅ ဘီလျံ ကုန်ကျမှုများ ရှိသည့်အပြင် အခြေခံအဆောက် အဦများဖြစ်သည့် ရေ၊ လျှပ်စစ်၊ ကျောင်း၊ ရေနုတ်မြောင်းများ၊ ဘတ်စ် ကားလိုင်းများပါ တစ်ပါတည်း ထည့် သွင်း တည်ဆောက်ပေးထားပြီး

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း အသုံး စရိတ် ရန်ပုံငွေမှ ခန့်မှန်း ကုန်ကျ စရိတ် ကျပ် ၂၈၈ ဒသမ ၂၄ ဘီလျံ အထိ လျာထားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသည့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများကို ဆောက် လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုရေးဦးစီးဌာန နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီတို့မှ လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတို့တွင် စဉ်ဆက်မပြတ် တည်ဆောက်လျက် ရှိနေကာ အိမ်ရာ အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများအတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။

Credit: thetradetimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service