ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ လုပ်သားများ အတွက် ဇုန်အတွင်းရှိ လစ်လပ်မြေနေရာ တွင်တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မှု များ စတင် အကောင်အထည်ဖော်နေပြီ ဖြစ်ကာ အဆိုပါစီမံကိန်းသည် ရန်ကုန် မြို့တွင်းလည်ပတ်နေသည့် စက်မှုဇုန်စီမံကိန်း များ၏ ရှေ့ပြေးစီမံကိန်း
လည်း ဖြစ်ကြောင်းစီမံခန့်ခွဲရေးကော်မတီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဧပြီလ၃ရက်နေ့၌ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ကြီးကြပ်မှုဖြင့်စတင်တည်ဆောက်နေ ပြီဖြစ်သည့် ရွှေလင်ပန်းစက်မှုလုပ်သား အိမ်ရာ အောင်မြင်သွားပါကကျန်ရှိနေသေး သည့် ဇုန်ပေါင်း ၃၀ ကျော်ရှိ လစ်လပ်နေရာ များတွင်ပါ တန်ဖိုးနည်းလုပ်သားအိမ်ရာများ ထပ်မံဆောက်လုပ်သွားမည့် စီမံချက် အတိုင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး၏ လမ်းညွှန်မှုဖြင့် ဆောက် ရွက်သွားမည်ဖြစ်ကြောင်း ရွှေလင်ပန်းစက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး (၂) ဦးနေလင်းဇင်က ပြောသည်။ "အစိုးရက ဇုန်အတွင်းက လစ်လပ်မြေ မိုးလုံလေလုံအားကစားကွင်းနဲ့ ဘောလုံးကွင်း အပါအ၀င် စုစုပေါင်း ၁၅
ဧကရှိတာကို တစ်ဧက သုံးသိန်းနှုန်းနဲ့ အငှားချပေးတယ်။ အိုးအိမ်နဲ့ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီတွေနဲ့ တစ်ပတ်အတွင်း စာချုပ်ချုပ်မယ်။ ပြီးရင် ဆောက်လုပ်လိုတဲ့ ကန်ထရိုက်တွေကို တင်ဒါခေါ်ပြီး လေးလခွဲအတွင်းမှာ အပြီး သတ်ဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်" ဟု
၎င်းကပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမင်းစိန်ကအဆိုပါစီမံကိန်းသည်ဌာန၏လုပ်ငန်းတာဝန်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပြီး အစိုးရ၏ မြေယာ ယာယီအသုံးပြုခွင့်ရရှိထားခြင်းကြောင့် ၂၀၁၂ ခုနှစ်မှစတင်၍ အဆင့်သုံးဆင့်ဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး
ပထမအဆင့်ပြီးဆုံး၍ ဒုတိယအဆင့်အဖြစ် အဆိုပါစီမံကိန်း စတင်ဆောက်ရွက်နေခြင်းဖြစ်ကြောင်းပြောသည်။
"ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုလုပ်သားပြည်သူတွေနေဖို့သင့်တင့်တဲ့ အိမ်ရာတစ်ခု ဖြစ်ပေါ်လာဖို့ ဆောင်ရွက် နေတာဖြစ်တယ်" ဟု၎င်းကပြောသည်။အဆိုပါ အိမ်ရာစီမံကိန်းအတွင်း ၇၅ သိန်းမှ သိန်း ၉၀ အတွင်းရှိ ၁၈ ပေပတ်လည် တိုက်ခန်းများပါဝင်သည့် တိုက်အလုံးပေါင်း ၃၁ လုံးပါဝင်ပြီး လေးလုံးကို အိုးအိမ်က ကိုယ်တိုင်တာဝန်ယူဆောက်လုပ်နေကာ လှိုင်သာယာစက်မှုဇုန်အတွင်း လုပ်သားများ အတွက် ရှစ်တိုက်ပါဝင်ပြီးကျန်တိုက်ခန်း များကို ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက ဦးစီးဆောက်လုပ်
မည်ဖြစ်ကြောင်းဦးနေလင်းဇင်က ပြောသည်။
"လာမယ့် ၂၃ ရက်နေ့ကစပြီး လျောက်လွှာ တွေ စတင်လက်ခံမယ်။ ၀ယ်ယူမှာ သေချာပြီဆိုရင်ကနဦး ၃၀ ရာခိုင်နှုန်းကိုအရင် ပေးချေရမှာပါ။ အိုးအိမ်နဲ့စာချုပ်ထားတဲ့ အထဲမှာဝယ်ယူပြီးတဲ့ငါးနှစ်အတွင်း ပြန်လည်ရောင်းချခွင့်မရှိလို့ ပါတဲ့အတွက်ဒါကိုဝယ်ပြီး
ဈးကစားတာမျိုးမဖြစ်နိုင်လောက်ဘူး။ ပြီးတော့ လှိုင်သာယာဘက်ခြမ်းက တိုက်ရှစ်လုံးမှာဆိုရင် တစ်တိုက်မှာ အခန်း ၆၀ ပါ တဲ့အတွက် အခန်းပေါင်း ၄၈၀ ပေါ့။ အဲဒါကိုဝယ်ဖို့ လျှောက်ထား တာက ၁,၂၀၀ ရှိတယ်။
Credit: Myanmar Times