ဒေသခံများ လက်မခံ၍ ကယားပြည်နယ်တွင် ဟိုတယ်ဇုန် ဆောက်လုပ်မည် မဟုတ်ကြောင်း ကယားပြည်နယ် အခြေပြု ခရီးသွားဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း စီမံချက် ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အမျိုးသား ပို့ကုန် မဟာဗျူဟာအရ ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်းများ ဘက်စုံဖွံ့ဖြို တိုးတက်ရေး စီမံချက်အား သုံးနှစ်တာ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ထိုစီမံကိန်းတွင် ဟိုတယ်ဇုန် ဆောက်လုပ်သွားမည် မဟုတ်ကြောင်း သိရသည်။
ဟိုတယ်ဇုန် ဆောက်မယ်ဆိုရင် ပြည် သူလူထုက သိပ်ပြီး လက်မခံဘူး။ ဧည့်သည်တွေက မြို့ထဲမှာပဲ တည်းချင်ကြတယ်။ ဒေသခံတွေနဲ့ တွေ့ချင်ကြတယ်။ ဇုန်ထားပေးရင် အပြင်ကို ပထုတ်တဲ့ သဘောမျိုးကို မြင်ကြတယ်။ အဆင်မပြေဘူး”” ဟု ကယားပြည်နယ် အခြေပြု ခရီးသွားလုပ်ငန်း ဘက်စုံဖွံ့ဖြိုး တိုး တက်ရေး လုပ်ငန်း စီမံချက် ကြီးကြပ်မှု ကော်မတီမှ ညှိနှိုင်းရေးမှူး ပါစကယ်ခူးသွယ်က ပြောသည်။ ထို့ပြင် ဟိုတယ်ဇုန် ထားပေးပါက လက်ရှိ အခြေအနေတွင် သွားရေးလာရေး အတွက် အခက်အခဲများလည်း ရှိကြောင်း ၎င်းကဆက် ပြောသည်။
ဒေသခံတွေ လက်မခံတာက သူတို့ကနေ တစ်ခုခုဆို တကယ် လုပ်မယ်လို့ တရားဝင် ကြေညာထားတာမျိုး မရှိဘူး။ အကယ်၍ အစိုးရကပဲ ဖြစ်ဖြစ် တစ်ခုခုကို လုပ်မယ်လို့ တရားဝင် ကြေညာ။ ဘယ်မှာ လုပ်မယ် ဆိုတာမျိုး ထွက်လာပြီးမှ လူထုနဲ့ တွေ့ဆုံညှိနှိုင်းမှ အဆင်ပြေလိမ့်မယ်”” ဟု လွိုင်ကော် ဒေသခံ ကောရိယိုက ပြောသည်။
လက်ရှိတွင် ကယားပြည်နယ်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများကို လွိုင်ကော် မြို့ပေါ်တွင်သာ တည်းခိုခွင့် ပြုထားပြီး၊ လွိုင်ကော်မြို့ပေါ်တွင် နိုင်ငံခြားသား ခရီးသွားများ တည်းခိုနိုင်မည့် အဆင့်မြင့် ဟိုတယ် နှစ်လုံးသာ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
Credit: messenger