အချိန်တိုအတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက် လာတဲ့ ရန်ကုန်မြို့စွန်က မြို့သစ် နှစ်မြို့

အချိန်တိုအတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက် လာတဲ့ ရန်ကုန်မြို့စွန်က မြို့သစ် နှစ်မြို့ - Property News in Myanmar from iMyanmarHouse.com
26 Mar 2015 10:03 am တွင် တင်ခဲ့သည်
2002 ကြိမ် ကြည့်ရှု့ပြီး
လူဦးရေတိုးပွားလာပြီး မြေနေရာလိုအပ်ချက်တွေ များလာတာကြောင့် မြန်မာနိုင်ငံရဲ့ မြို့တော်
ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လာကြသလို မြို့စွန်ဘက်က မြို့သစ်တွေ
ဆီလည်း ပြောင်းရွှေ့နေထိုင်မှုတွေ ပိုများလာကြပါတယ်။

တစ်နေ့တခြား စည်ပင်ဖွံ့ဖြိုးတိုးတက်လာတဲ့ ရန်ကုန်မြို့နယ်နိမိတ်ထဲမှာ မြို့သစ်ပေါင်း ဆယ်ဂဏန်း
ဝန်းကျင်သာရှိပြီး အခုချိန်မှာ မျှော်လင့်ထားတာထက် ပိုစည်ကားလာတဲ့ မြို့တော်တွေထဲမှာ
မင်္ဂလာဒုံမြို့နယ်ရဲ့ မြောက်ဘက်စွန်းအပိုင်းမှာ တည်ရှိတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေလည်း
အပါအ၀င် ဖြစ်လာပါတယ်။

အရင်က အစိုးရ၀န်ကြီးဌာနများ၊ ငါးမွေးကန်များ၊ စိုက်ပျိုးရေးခြံများနဲ့ စက်ရုံများသာ တည်ရှိခဲ့တဲ့
ပုလဲမြို့သစ်ကို ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အဓိကလမ်းမကြီးတွေကို ပြောင်းလဲ ဖောက်လုပ်ခဲ့ပြီးတဲ့
နောက်ပိုင်း နေထိုင်သူတွေ စတင်စိတ်ဝင်စားလာကြကာ တဖြည်းဖြည်း ပြောင်းရွှေ့သူလည်း
များပြား လာခဲ့ကြတာ ဖြစ်ပါတယ်။

"၂၀၁၂ နောက်ပိုင်းကစပြီး ဒီမြို့သစ် နှစ်ခုမှာ နေထိုင်ဖို့ ပြောင်းလာသူတွေ များခဲ့သလို
မြေဈေးကစားဖို့ ၀ယ်ရောင်းလုပ်သူတွေလည်း များလာတယ်။ ၂၀၁၂ နောက်ပိုင်းမှာ ပုလဲမြို့ရဲ့
အိမ်ခြံမြေ အရောင်းဈေးကွက်က သိသိသာသာ မြင့်တက်လာပြီး ဈေးတွေ တစ်ရက်ပြီးတစ်ရက်
ပိုမြင့်တက်လာခဲ့ပါတယ်"လို့ ပုလဲမြို့သစ် မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးကျော်အောင်က
ပြောပါတယ်။

"မင်္ဂလာဒုံမြို့နယ် အထည်ချုပ်စက်ရုံတွေ၊ မွေးမြူရေးခြံတွေ အများကြီးရှိတော့ အလုပ်အကိုင်
အခွင့်အလမ်းကောင်းတဲ့ မြို့သစ်တစ်ခုပေါ့။ ဒီစက်ရုံတွေမှာ အလုပ်လုပ်တဲ့ သူတွေက သူတို့
အလုပ်နဲ့လည်းနီးတဲ့ မြေဈေးလည်းနည်းတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်ကို ပြောင်းလာကြတာ
များတယ်။ ပုလဲမြို့သစ်က မြေကွက်တွေကကျယ်တော့ လူနေဖို့ဆိုရင် မြေကွက်မကျယ်တဲ့
ပတ္တမြားမြို့သစ်ကို တဖြည်းဖြည်း ပိုပြောင်းလာခဲ့ကြတယ်"လို့ သူကပြောပါတယ်။

ပတ္တမြားမြို့သစ် မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးဇော်ဇော်ကလည်း "ပုလဲမြို့သစ်ကို ၀ယ်ရောင်း
လုပ်မယ့်သူတွေ ပိုစိတ်ဝင်စားကြပေမယ့် ပတ္တမြားမြို့သစ်ကိုတော့ အခြေချနေထိုင်ချင်သူတွေ
ပိုစိတ်ဝင်စားကြတယ်။ ဒီမြို့သစ် နှစ်ခုစလုံးရဲ့ တစ်စတုရန်းပတ်လည် မြေကွက်ဈေးက
သိပ်မကွာပေမယ့် ပုလဲမြို့သစ်က မြေကွက်တွေက စတုရန်းပေ ၁၀,၀၀၀ လောက်ကျယ်တော့
စီးပွားရေး လုပ်မယ့်သူတွေ စိတ်ဝင်စားကြတယ်။ ပတ္တမြားမြို့သစ်က မြေကွက်တွေကတော့
၁,၈၀၀ စတုရန်းပေလောက်ပဲ ရှိတယ်ဆိုတော့ အခြေချနေထိုင်ချင်တဲ့ သာမန်ဝန်ထမ်းတွေအတွက်
သင့်တော်ပြီးအခြေချနေထိုင်သူလည်းများတယ်"လို့ ပြောပါတယ်။

ပုလဲမြို့သစ်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စတဲ့အစိုးရ၀န်ကြီးဌာနတွေ စက်ရုံတွေ၊ ငါးမွေးမြူရေး
ကန်တွေ၊ ကြက်ဘဲ မွေးမြူရေးခြံတွေ အစရှိတဲ့လုပ်ငန်းတွေကို ပိုမြင်တွေ့နိုင်ပြီး ပတ္တမြားမြို့သစ်
မှာတော့ လူနေအိမ်တွေကို ပိုတွေ့ရမှာပါ။

အိမ်ခြံမြေ အကျိုးဆောင်နဲ့ အာရှဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးရန်အောင်က "ပတ္တမြားနဲ့
ပုလဲမြို့သစ်တွေက လမ်းသစ်တွေ ဖောက်လုပ်ပြီးခဲ့တဲ့ အတွက် ၂၀၁၂ နှောင်းပိုင်းနဲ့ ၂၀၁၃ နှစ်
ဆန်းပိုင်းလောက်ကစပြီး မြေ၀ယ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရခဲ့တဲ့ မြို့သစ်တွေဖြစ်လာတယ်။
မြို့ထဲမှာ ကန်ထရိုက်တိုက်တွေ အဆောက်များပြီး မြေဈေးတွေမြင့်လာတဲ့အခါ မြို့ပေါ်က
လူတချို့က မြို့ထဲကအိမ်ကိုရောင်းပြီး မြို့စွန်ဘက်ကို ပြောင်းကြတာတွေများတယ်။ မြို့ထဲက
တိုက်ခန်းကို ရောင်းပြီး မြို့စွန်ဘက်မှာ လုံးချင်းအိမ်လေးတွေ ၀ယ်နေကြတယ်"လို့ ပြောပါတယ်။

လျှပ်စစ်မီး ရရှိမှုနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကလည်း ဒီမြို့နယ်နှစ်ခုကို
ဝယ်သူတွေ ပိုမိုစိတ်ဝင်စားလာစေတဲ့ အဓိကအချက်တွေဖြစ်ကြောင်း သူက ပြောပါတယ်။

ပုလဲမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဝင်းစိုးက "၂၀၁၀ လောက်ကစပြီး ဒီမြို့သစ်နှစ်မြို့ရဲ့ ကားလမ်းမတွေကို
စဖောက်ခဲ့တယ်။ လျှပ်စစ်မီးကတော့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စသုံးနိုင်ခဲ့တယ်။
ရေက လက်ယက်တွင်းနဲ့ ၁၀ ပေကနေ ၁၅ ပေ လောက်တူးရင်တောင် ရေထွက်တယ်။ အ၀ီစိ
ဆိုရင်တော့ ပေ ၄၀ လောက် တူးရတယ်။ ကားလမ်းမတွေ ဖောက်ပြီးချိန်ကစလို့ ဒီမြို့ကို
နေထိုင်ချင်သူတွေပိုစိတ်ဝင်စားလာတာ ဖြစ်ပါတယ်"လို့ ပြေပါတယ်။

ပုလဲမြို့သစ်ရဲ့ မြေဈေးတွေကတော့ လမ်းမတန်းဘက်တွေမှာ စတုရန်းပေ ၁၈,၀၀၀ အကျယ်
မြေတစ်ကွက်ကို သိန်း ၇,၅၀၀၊ ပေ ၂၀,၀၀၀ ရှိတဲ့ လမ်းမကြီး နောက်ကျောဘက်လမ်းက
မြေကွက်တွေကတော့ သိန်း ၃,၅၀၀ နဲ့ အတွင်းလမ်းတွေက စတုရန်းပေ ၄,၀၀၀ ရှိတဲ့
မြေကွက်တွေကတော့ တည်နေရာပေါ် မူတည်ပြီး သိန်း ၈၀၀ ကနေ ၁,၂၀၀ အထိ ရှိပါတယ်။

"မြေအရောင်းဈေးကွက်က ပုလဲမြို့နယ်မှာ အရမ်းကောင်းပါတယ်။ မြေဈေးကစားသူတွေက
ဒီမြို့သစ်တွေက မြေတွေ ၀ယ်ထားဖို့ အရမ်းစိတ်ဝင်စားကြတယ်။ အခုအချိန် အိမ်ခြံမြေဈေးကွက်
အရမ်းအေးနေလို့ ဒီမှာလည်း ဈေးကွက်နည်းနည်း အေးနေပေမယ့် လွန်ခဲ့တဲ့လထိ နေ့တိုင်း
မြေကွက် အရောင်းအ၀ယ်ဖြစ်တယ်"လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင် ဦးသန်းဝင်းက ပြောပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်း အိမ်ခြံမြေဈေးကွက် အေးစက်လာချိန်မှာ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေမှာလည်း အတွင်းလမ်းတွေမှာ မြေဈေးအနည်းငယ် ပြန်ကျခဲ့ပေမယ့် လမ်းမတန်းတွေမှာ
ဈေးပြန်မကျဘဲ တက်မြဲအတိုင်းသာ တက်ခဲ့ကြောင်း သူကပြောပါတယ်။

ပုလဲမြို့ခံတစ်ဦးဖြစ်သူ ဒေါ်ခင်မေက "ပုလဲမြို့သစ်မှာ နေလာတာ နှစ် ၄၀ ကျော် သွားပြီ။ ဒီကို
စပြောင်းလာတုန်းက ပုလဲမြို့သစ် စတည်တဲ့အချိန်ဖြစ်ပြီး လူနေတဲ့ အိမ်က အရမ်းကိုနည်းတယ်။
ဒီမှာ မြေကွက်ဝယ်ပြီး အိမ်စဆောက်တော့ စည်ပင်က အိမ်နံပါတ် လာတပ်ပေးတယ်။
ကျွန်မအိမ်နံပါတ်က အိမ်နံပါတ် (၂) ပါ။ မြေခွန်တွေ ရေခွန်တွေကလွဲရင် အိမ်ဆောက်လို့
ဘာဖိုးမှပေးဖို့ မလိုဘူး"လို့ ပြောပါတယ်။

"ကျွန်မတို့အိမ် အပါအ၀င် ဒီရပ်ကွက်ထဲက အိမ်အများစုက ဂရန်မရှိဘဲ အရပ် စာချုပ်နဲ့
ဝယ်ထားတဲ့ အိမ်တွေပဲ။ မြေကွက် ရောင်းချင်ရင် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ သွားရောင်းတယ်။
ဂရန်ရဖို့က ရုံးအဆင့်ဆင့်ကို လိုက်ရတာနဲ့ မလွယ်ဘူး။ ဂရန်ရထားတဲ့ မြေကွက်တွေလည်း
ရှိပါတယ်။ ဂရန် ရှိ မရှိကလည်း မြေကွက်ရောင်းတဲ့ဈေးကို သိသိသာသာ မကွာခြားစေပါဘူး"လို့
သူက ပြောပါတယ်။

ပုလဲမြို့ခံတစ်ဦးဖြစ်တဲ့ မကေသီက "ပုလဲမြို့နယ်မှာ နေရတာ အဆင်ပြေပါတယ်။ အခုချိန်မှာ
လျှပ်စစ်မီးလည်း ရှိတယ်။ အခြေခံအဆောက်အအုံတွေလည်း ရှိလာပြီ။ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းလာပါပြီ။ ဒီမြို့သစ်တွေကနေ မြို့ထဲကိုသွားမယ်ဆိုရင် ကားစီးချိန် နှစ်နာရီ
လောက်ကြာပေမယ့် တစ်ဆင့်တည်း စီးနိုင်တဲ့ ဘတ်စ်ကားတွေလည်း ရှိလာပါပြီ။ ဒီမြို့နယ်ရဲ့
လမ်းမကြီးမှာပဲ ဘတ်စ်ကားတွေရှိပြီး အတွင်းလမ်းမတွေကို သွားချင်ရင်တော့ ဆိုက်ကယ်ကယ်ရီနဲ့ပဲ သွားလို့ရပါသေးတယ်"လို့ ပြောပါတယ်။

ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေဟာ မင်္ဂလာဒုံမြို့နယ်ရဲ့ အစွန်းဆုံးဘက်တွေမှာ တည်ရှိပြီး
ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့လည်း ကပ်လျက်ဖြစ်ပါတယ်။

ဒီမြို့နယ်တွေမှာ အဆောက်အအုံကောင်းတွေ မရှိသေးပေမယ့် ဆေးခန်း၊ ကျောင်းစတဲ့ အခြေခံ
အဆောက်အအုံတွေတော့ ရှိလာပါပြီ။

ဒီပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေကို ၁၉၇၀ ခုနှစ်ဝန်းကျင်က စတင်တည်ထောင်ခဲ့ပြီး
ပါမစ်မြေတွေအဖြစ်သာချပေးထားခဲ့ရာက နောက်ပိုင်းမှာတော့ စလစ်မြေအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပြီး ကားလမ်းမပေါ်မြေတွေကို အခုအချိန်မှာတော့ဂရန်အဖြစ်တောင်
လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒီ မြို့သစ် နှစ်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ၂၀၁၂ နောက်ပိုင်းမှ စတင်ပြီး လျင်လျင်မြန်မြန်
တိုးတက်လာတာ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ် နယ်နိမိတ်ထဲမှာ တည်ရှိတဲ့ ပုလဲမြို့သစ်နဲ့ ပတ္တမြားမြို့သစ်တွေဟာမင်္ဂလာဒုံမြို့နယ်ရဲ့ ရပ်ကွက် ၃၁ ခုစာရင်းထဲမှာ အခုအချိန်ထိ မပါဝင်နိုင် သေးပေမယ့်လည်း
အချိန်တိုအတွင်း စည်ပင်ဖွံ့ဖြိုးလာတဲ့ မြို့သစ်တွေတော့ ဖြစ်ပါတယ်။

မင်္ဂလာဒုံမြို့နယ်ရဲ့ အရှေ့ဘက်မှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အနောက်ဘက်မှာ အင်းစိန်နဲ့
ရွှေပြည်သာမြို့နယ်၊ တောင်ဘက်မှာ မရမ်းကုန်းမြို့နယ်နဲ့ မြောက်ဘက်မှာ မှော်ဘီမြို့နယ်တွေနဲ့
ထိစပ်နေပါတယ်။

ဒါတင်မကပဲ မင်္ဂလာဒုံမြို့နယ်ဟာ မင်္ဂလာဒုံ လေယာဉ်ကွင်း၊ မင်္ဂလာဒုံစက်မှုဥယျာဉ်နဲ့ မင်္ဂလာဒုံ
ဂေါက်ကွင်းတွေကြောင့်လည်း နောက်ပိုင်းထင်ရှားတဲ့ မြို့နယ်တစ်ခု ဖြစ်လာပါတော့တယ်။

Cerdit: mmtimes
အချိန်တိုအတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက် လာတဲ့ ရန်ကုန်မြို့စွန်က မြို့သစ် နှစ်မြို့ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service