ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေ ၁၈၃ ဧကကျော်တွင် တန်ဖိုး နည်း အိမ်ရာဆောက်လုပ်ရန် ပြည်တွင်း လုပ်ငန်းရှင်များကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က တင် ဒါခေါ်ယူနေကြောင်း သတင်းရရှိ သည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံခန့်ခွဲခွင့်ရှိသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ မြေပေါ်တွင် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မည်ဖြစ်ပြီး လုပ်ကိုင်လိုသည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများသည် ဧပြီ ၂၄ ရက်တွင် အဆိုပြုလွှာ နောက်ဆုံးတင်သွင်းရမည်ဟု တိုင်းဒေသကြီး တင်ဒါခေါ်ယူစိစစ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
ထိုအဆိုပြုလွှာတွင် အိမ်ာ ဒီဇိုင်း၊ ကြီးကြပ်ဆောင်ရွက်မည့် အစီအမံ၊ လုပ်ငန်းအကောင် အထည်ဖော်မှု အစီအစဉ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းအတွေ့အကြုံများနှင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် တိုင်းဒေသကြီးအစိုးရနှင့် ကုမ္ပဏီကြား နှစ်ဖက်အကျိုးခံစားခွင့်များ ဖော်ပြပါရှိရမည်ဖြစ်သည်။
မြို့ပြပညာရှင် ဒေါက်တာ ကျော်လတ်က အထက်ပါ စီမံ ကိန်းကို ရန်ကုန်မြို့တွင် လိုအပ်သည့် ကားပြင်ရုံအစရှိသောလုပ်ငန်းများအတွက် လိုအပ်သော အလုပ်ရုံများ တည်ထောင်ရန် စီမံကိန်းတင်ပြခြင်းသာဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အိမ်ရာနှစ်သောင်းခန့် အကောင်အထည်ဖော်ရန် ရှိသဖြင့် အိမ်ရာစီမံကိန်းကို အဓိက မထားဘဲ မြို့ပြအတွက် လိုအပ်သည့် အလုပ်ရုံနှင့် ဈေးဝယ်စင်တာများ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အစိုးရထံ အကြံပြုခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။
သို့သော် အဆိုပြုထားသည့် စီမံကိန်းကို ဖယ်ထားပြီး အစိုးရက အိမ်ရာစီမံကိန်းလုပ် ဆောင်ခြင်း ဖြစ်သည်ဟု ဒေါက်တာ ကျော်လတ်က ပြောသည်။
‘‘ဒီစီမံကိန်းကို အိမ်ရာနည်း နည်းနဲ့ စက်ရုံ၊ အလုပ်ရုံလို စီမံ ကိန်းတွေ၊ မြို့ပြကျပ်တည်းမှုကို လျှော့ချဖို့၊ ဈေးဝယ်စင်တာတွေ လုပ်ဖို့ အစိုးရကို အကြံပြုထား တာ’’ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
တင်ဒါသွင်းသူသည် လွန် ခဲ့သည့် သုံးနှစ်အတွင်း ငွေကြေး စာရင်းစစ်ဆေးပြီး အစီရင်ခံစာ နှင့် ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအ တွက် အရင်းအမြစ်ကို ဖော်ပြရ မည်။ တင်ဒါတင်သွင်းမှု အာမခံ ကျပ်သိန်းတစ်ထောင် ကြိုတင် တင်သွင်းရမည်ဖြစ်သည်။ တင်ဒါ သွင်းသည့် ကုမ္ပဏီသည် မြေငါး ဧကလျှင် တစ်ကွက်နှုန်း ကွန်က ရစ်လမ်း၊ ရေနုတ်မြောင်း၊ လျှပ် စစ်မီသွယ်တန်းခြင်းနှင့် လမ်းမီး တိုင်များပါ ထည့်သွင်းတွက်ချက် ရမည်ဖြစ်သည်။
Credit: 7 day daily