လှိုင် အဆင့်မြင့်ကွန်ဒို ၀ယ်သူစိတ်ကြိုက် ငွေပေးချေနိုင်မည်

လှိုင် အဆင့်မြင့်ကွန်ဒို ၀ယ်သူစိတ်ကြိုက် ငွေပေးချေနိုင်မည် - Property News in Myanmar from iMyanmarHouse.com
19 Mar 2015 10:25 am တွင် တင်ခဲ့သည်
1096 ကြိမ် ကြည့်ရှု့ပြီး
အကောင်အထည်ဖော်နေဆဲ လှိုင်မြို့နယ်က အဆင့်မြင့်ကွန်ဒိုမီနီယံ စီမံကိန်းမှာ ထက်ဝက်ခန့်
ပြီးစီးနေပြီဖြစ်ပြီး ၀ယ်ယူသူများအနေဖြင့် မိမိတို့စိတ်ကြိုက် ငွေပေးချေနိုင် မည့်စနစ်ကို
မိတ်ဆက်ပေးသွားမည်ဟု တာဝန်ရှိသူများက ယခုလ ၆ ရက်နေ့တွင်ပြောသည်။

"အိမ်ဝယ်ယူမှု အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ၀ယ်သူတွေက မိမိတို့ငွေကြေးအင်အားပေါ်
မူတည်ပြီး စိတ်ကြိုက်ငွေပေးချေလို့ရတဲ့ စနစ်လုပ်ပေးထားပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့
အချိန်ကာလအတွင်းမှာ ဖြစ်ရမယ်" ဟု Capital Development Limited Deputy General
Manager ဒေါ်ခိုင်မီမီကြည် က ပြောသည်။

ဝယ်ယူသူများအနေဖြင့် မိမိတို့ ငွေပေးချေလိုသည့် ပမာဏနှင့်ပုံစံကို ကုမ္ပဏီတာဝန် ရှိသူများနှင့်
ဆွေးနွေးနိုင်သည်ဟု ဆိုသည်။

အခန်းတန်ဖိုးများကို အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပြီး အကြမ်းဖျင်းအားဖြင့် ၁၅ လ အထိ
ပေးသွင်းနိုင်ကြောင်း ယမန်နှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ
တစ်ခုတွင် ပြောခဲ့သည်။

အခန်းဈေးနှုန်းများမှာ အခန်းအရွယ်အစားပေါ်မူတည်ပြီး အနည်းဆုံး ကျပ်သိန်း ၁,၆၀၀ မှ
အများဆုံး ကျပ်သိန်း ၄,၈၀၀ အထိ ရှိမည်ဖြစ်သည်။

ကုမ္ပဏီက အကောင်အထည်ဖော်နေသည့် ပြည်လမ်းနှင့် အင်းစိန်လမ်းမကြားရှိ အဆင့်မြင့်
ဈေးဝယ်စင်တာ၊ ရုံးခန်းအဆောက်အအုံများနှင့် အဆင့်မြင့် လူနေတိုက်ခန်းများ ပါဝင်မည့်
Capital City စီမံကိန်း၏ ပထမအဆင့် ဖြစ်သည့် Gems Garden Condominium အထပ်မြင့်
၂၁ ထပ်စီပါဝင်မည့် ကွန်ဒိုမီနီယံ အဆောက်အအုံ လေးလုံးရှိပြီး အခန်းအရေအတွက်မှာ
စုစုပေါင်း ၅၈၄ ခန်းရှိမည်ကာ အဆောက်အအုံနှစ်ခုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

ကျန်ရှိသော ကွန်ဒိုယူနစ်နှစ်ခုပါ တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီထံသို့ လူနေထိုင်ခွင့် ပါမစ် လျှောက်ထားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် နွေရာသီတွင်
ဝယ်ယူသူများထံ အခန်းအပ်နှံ နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရန်ကုန်မြို့၏ မြောက်ဘက်ခြမ်း၊ ကိုးမိုင်အထိ လူနေထူထပ်မှု တိုးချဲ့များပြားလာသည်နှင့်အမျှ
အင်းစိန်လမ်းမနှင့် နီးကပ်စွာတည်ရှိမည့် Gems Garden Condominium သည် နေရာကောင်း
တစ်ခုဖြစ်လာမည် ဖြစ်လာနိုင်သည်ဟု ဆိုသည်။

အဆိုပါ ကွန်ဒိုမီနီယံ၏ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ် နှောင်းပိုင်းကတည်းက
စတင်ခဲ့ခြင်းဖြစ်ကာ ကျန်ရှိနေသည့် ကွန်ဒိုယူနစ် နှစ်ခုကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်
ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

Crecdit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service