မန္တလေးတွင် စည်ပင်ခွင့်ပြုချက်နှင့် ကိုက်ညီမှုမရှိသော အဆောက်အအုံ ၅၀ ကျော် အရေးယူဖျက်သိမ်းမည်

မန္တလေးတွင် စည်ပင်ခွင့်ပြုချက်နှင့် ကိုက်ညီမှုမရှိသော အဆောက်အအုံ ၅၀ ကျော် အရေးယူဖျက်သိမ်းမည် - Property News in Myanmar from iMyanmarHouse.com
15 Mar 2015 1:04 pm တွင် တင်ခဲ့သည်
400 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တွင် စည် ပင်သာယာရေးကော်မတီ ခွင့်ပြု ချက်နှင့် ကိုက်ညီမှုမရှိဘဲ တည် ဆောက်ထားသော အဆောက် အအုံ ၅၀ ကျော်ကို အရေးယူ ဖျက်သိမ်းရန် သက်ဆိုင်သူများထံ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တော် စည်ပင် သာယာနယ်နိမိတ်အတွင်း ကော် မတီ၏ ခွင့်ပြုချက်များနှင့် ကိုက် ညီမှုမရှိသော အထပ်မြင့် ပိုမို ဆောက်လုပ်ခြင်း၊ ခွင့်ပြုပုံစံနှင့် ကွဲလွဲနေခြင်း၊ ခွင့်ပြုချက်မရှိဘဲ တရားမ၀င်ဆောက်လုပ်ခြင်း စသည့် အဆောက်အအုံများကို စိစစ်အရေးယူခြင်း၊ ဖျက်သိမ်း ခြင်းများ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူက ပြောသည်။

‘‘ခွင့်ပြုချက်တင်တုန်းက တော့ သုံးထပ်၊ လေးထပ်စသဖြင့် တင်ကြတာပေါ့။ တကယ်ဆောက် တဲ့အချိန်မှာ ပိုဆောက်ကြတယ်။ ဒါတွေက ကာယကံရှင်တွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ သက်ဆိုင် ပါတယ်။ ကျွန်တော်တို့ကတော့ လိုက်လံစိစစ်ပြီး ခွင့်ပြုချက်နဲ့ မညီတာတွေကို အရေးယူတာ၊ ပြန်ပြီးဖျက်သိမ်းခိုင်းတာတွေ လုပ်နေပါတယ်’’ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေးကော် မတီအတွင်းရေးမှူးဦးခင်မောင် တင်က ပြောသည်။

စည်ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်နှင့် ကိုက်ညီမှုမရှိ ဆောက်လုပ်ထား၍ ပြန်လည် ဖျက်သိမ်းရန် အသိပေးအကြောင်း ကြားထားသည့် အဆောက်အအုံ ၅၀ ကျော်ထိရှိနေပြီး အများစုမှာ ချမ်းအေးသာစံမြို့နယ်အတွင်း ဖြစ်ကာ အချို့ကို စတင်ဖျက်သိမ်း နေပြီဟု ၎င်းကဆိုသည်။

စည်ပင်သာယာရေးကော် မတီက ခွင့်ပြုချက်နှင့် ကိုက်ညီမှု မရှိသော အဆောက်အအုံ ၅၀ ကျော်ရှိနေကြောင်း ပြောကြားထား သော်လည်း ယင်းထက်အရေအ တွက် ပိုမိုများပြားနိုင်ကြောင်း မန္တလေးဒေသခံများက သုံးသပ် ကြသည်။

‘‘အရင်က စည်ပင်ကဘာမှ သိပ်မစစ်ဘူးဗျ။ အဆောက်အအုံ ဆောက်တဲ့သူနဲ့ လာစစ်တဲ့စည် ပင်ဝန်ထမ်း အဆင်ပြေရင် ပြီး တာပဲ။ ထင်သလို လုပ်နေကြ တာ။ အခုဒီဘက်နှစ်ပိုင်းမှ စည် ပင်က နည်းနည်း တင်းကျပ်လာ တာ’’ဟု မန္တလေးမြို့ခံရှေ့နေ တစ်ဦးက ပြောသည်။

မန္တလေးစည်ပင်သည် လေး ထပ်အမြင့် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြုပြီး ယင်းအ ထက်မှ ၁၂ ထပ်အမြင့်ထိ အ ဆောက်အအုံများကို တိုင်းဒေသ ကြီး အထပ်မြင့်ကြီးကြပ်ရေးကော် မတီက ခွင့်ပြုကာ ယင်းထက်ပိုမို မြင့်မားသော အဆောက်အအုံကို ပြည်ထောင်စုအဆင့်က ခွင့်ပြု ခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့ နန်းတော်ကျုံး ဘေးပတ်လည်တွင် ငါးထပ်မြင့် နှင့်အထက် အဆောက်အအုံများ တည်ဆောက်ခြင်းမပြုရန် မန္တလေးမြို့ စည်ပင်သာယာရေး ကော်မတီက ကန့်သတ်ထား သည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service