ဗိသုကာ ပညာရှင်တွေ ဖြစ်ကြတဲ့ ကင်စလို၊ ကိတ်နဲ့ တော့ပ်တို့ဟာ ထူးခြားတဲ့ စိတ်ကူးနဲ့ ဒီဇိုင်း တစ်ခုကို မိတ်ဆက် ပြသမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒါ ကတော့ လေဆင်နှာမောင်းပုံစံ အထပ်မြင့် အဆောက်အဦကို ရေးဆွဲပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအဆောက်အဦကို လေဆင်နှာမောင်း တာဝါလို့ အမည်ပေး သွားမှာ ဖြစ်ပါတယ်။
လေဆင်နှာမောင်း တာဝါကို အိုကလာဟိုးမားမှာ တည်ဆောက် သွားဖို့ စီစဉ်ထား ပါတယ်။ အိုကလာဟိုးမားဟာ လေဆင်းနှာမောင်းတွေ မကြာခဏ တိုက်ခတ်တတ်တဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ လေဆင်နှာမောင်း ပုံစံ အဆောက်အဦးကို ဆောက်လုပ်ဖို့ စိတ်ကူးရခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၃မှာ အိုကလာဟိုးမားမှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်း အရေအတွက်က အကြိမ် (၈၀)အထိ ရှိခဲ့ပါတယ်။ ၁၉၉၉ မှာတော့ စံချိန် တင်အဖြစ် (၁၄၅)ကြိမ် တိုက်ခတ်မှု ရှိခဲ့ပါတယ်။
လေဆင်နှာမောင်းတာဝါမှာ ပန်းခြံတွေ၊ ရာသီဥတုနဲ့ ဆိုင်တဲ့ လေ့လာမှု စင်တာတွေ၊ စားသောက်ဆိုင်တွေ ထည့်သွင်း တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အထပ်အမြင့်ကို (၂၀) ကနေ(၃၀)အထိ ထားရှိဖို့ စိတ်ကူးထားပါ တယ်။ လေတိုက်နှုန်းခံ နိုင်အောင်လည်း အထူး စီမံမှုတွေ ပြုလုပ်ပေး ထားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က ကြည့်မယ် ဆိုရင်တော့ လေဆင် နှာမောင်းတစ်လုံး တိုက်ခတ်လာတဲ့ ပုံစံမျိုး ဖြစ်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ မီးခိုးခေါင်းတိုင် ပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပြီး လှေကားထစ်တွေကိုလည်း ပတ်ရစ်ပြီး အဆင့်ဆင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်း တဲ့ အဆောက်အဦတစ်ခု ဖြစ်ပြီး တည်ဆောက်ဖို့ ကြိုးစားမှုတွေ ပြုလုပ်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Credit: messenger