တနင်္သာရီကျွန်း ၅ ကျွန်းတွင် ဟိုတယ်လုပ်ငန်း လုပ်ခွင့်ပြုရန် ရင်းနှီး မြှုပ်နှံမှု ကော်မရှင် စီစစ်နေ

တနင်္သာရီကျွန်း ၅ ကျွန်းတွင် ဟိုတယ်လုပ်ငန်း လုပ်ခွင့်ပြုရန် ရင်းနှီး မြှုပ်နှံမှု ကော်မရှင် စီစစ်နေ - Property News in Myanmar from iMyanmarHouse.com
10 Mar 2015 10:53 am တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး
တနင်္သာရီတိုင်းရှိ ကျွန်းစုများအနက် ကျွန်း ၅ ကျွန်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ဆောင်ခွင့်ပြုရန် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် MIC မှ စိစစ်နေကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။သဲကျွန်းလေး၊ စမတ်ကျွန်း၊ ငလုံးလက်ဖယ်ကျွန်း၊ ခက်ရင်းခွကျွန်းနှင့် ကျွန်းအမှတ် ၁၁၅ တို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ခွင့်ပြု ချက်တင်ထားရာ လက်ရှိတွင် MIC သို့ ရောက်ပြီ ဖြစ်ကြောင်း၊ MIC မှ ခွင့်ပြု ချက်ရသည်နှင့် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ မြေငှားရမ်းအ သုံးပြုခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုကြမည်ဖြစ်ကြောင်း တနင်္သာ ရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

”စာချုပ်ချုပ်ပြီးမှ မြေပြင် ကွင်းဆင်းပြီး အသေးစိတ်တိုင်းတာတွေ လုပ်ပါတော့မယ်”ဟု ၎င်းကုမ္ပဏီများ လုပ်ငန်းစတင်မည့်အချိန်ကို ပြောသည်။ အဆိုပါ ကျွန်းများတွင်လုပ် ငန်းလုပ်ခွင့်ပြုရန် တင်ထား သည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအသီးသီး၏ မှတ်ချက်များဖြင့် အစိုးရ အဖွဲ့အစည်းအဝေးတွင် ခွင့်ပြု၊ မပြုသဘော ထား ယူပြီး တိုင်းဒေသကြီး ဥပဒေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အား တင်ပြပြီးမှသာ MIC သို့တင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ လုပ်ငန်းရှင်များက ရင်းနှီး မြှုပ်နှံ မှုလုပ်ရန် ရွေးချယ်ရာတွင် လှေအဝင်အထွက်ကောင်းခြင်း၊ မိုးဒဏ်လေဒဏ် ခံနိုင်ခြင်း၊ သဘာဝပေါက်ပင်များစွာ ရှိခြင်းစသည့်အချက်များပေါ် မူတည်ရွေး ချယ်ခြင်းဖြ စ်ကြောင်း သိရသည်။

ကျွန်းများတွင် ခရီးသွားလုပ်ငန်းလုပ်ရန် စိစစ်နေမှုနှင့် ပတ်သက်၍ MIC မှ ညွှန်ကြားရေးမှူး ဦးသန့်စင်ကြိုင်က ”တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေမှ ဟိုတယ် လုပ်ငန်း လုပ်မယ့်ကျွန်းတွေ တင်ထားတာရှိပါတယ်။ ပါသင့်ပါထိုက်တာတွေ စိစစ်နေပါတယ်”ဟု ပြောသည်။ တနင်္သာရီတိုင်းတွင် ကျွန်းပေါင်း ၈ဝဝ ကျော် ရှိသည့်အနက် ကျွန်း ၃၂ ကျွန်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်လိုကြောင်း ကမ်းလှမ်းမှုများရှိကြောင်း၊ လက်ရှိ MIC မှ စိစစ်နေသော ကျွန်း ၅ ကျွန်း သည် ပြည် တွင်း လုပ်ငန်းရှင်များ ရင်း နှီးမြှုပ်နှံရန် တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

Credit: popular

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service