အိမ်ရာအတွက် ငွေချေးသူအများစု အထောက်အထားအပြည့်အစုံ မပြနိုင်

အိမ်ရာအတွက် ငွေချေးသူအများစု အထောက်အထားအပြည့်အစုံ မပြနိုင် - Property News in Myanmar from iMyanmarHouse.com
27 Feb 2015 9:43 am တွင် တင်ခဲ့သည်
1318 ကြိမ် ကြည့်ရှု့ပြီး
အခြေခံလူတန်းစားများ အိုးပိုင် အိမ်ပိုင်ဖြစ်စေရန် ရည်ရွယ်ကာ ထူထောင်ခဲ့သည့် ဆောက်လုပ်ရေး
နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ချေးငွေလျှောက် ထားသူများ၏ မပြည့်စုံသည့် မြေပိုင်ဆိုင်မှုများကြောင့်
လိုအပ်သည့်ချေးငွေကို ထုတ်ပေးနိုင်ခြင်း မရှိသေးပေ။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် သည် အိမ်ဆောက်လိုသူများနှင့် အိမ်ဝယ် လိုသူများကို ငွေချေးပေးရန် ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ငွေချေးရန် လျှောက်ထား လာသူ
အများစုသည် လိုအပ်သည့် အထောက် အထားမပြည့်စုံသဖြင့် ငြင်းပယ်နေရကြောင်း ထိုဘဏ်၏
ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဇော်က ပြောသည်။

"ဥပမာအားဖြင့် လူတစ်ယောက်က ကျွန်တော့်မှာ မြေရှိပါတယ်၊ ကျွန်တော့်ကို ငွေချေးပါလို့ပြော
လာမယ်။ အဲဒီလူမှာရှိတဲ့ မြေက လူ ၁၀ ယောက်လောက် လက်ဆင့် ကမ်း ရောင်းထားတဲ့မြေဖြစ်
နေတယ်။ အဲဒီမှာ နောက်ဆုံးရထားတဲ့ စာချုပ်မှာပါတဲ့ နာမည် ကတော့ သူ့နာမည်ပဲ ဖြစ်တယ်ဆို
ပေမယ့် အဲဒီမြေကြီးက သူ့နာမည်မပေါက်သေးဘူး။ အဲဒီလိုလူတွေက တစ်ပုံကြီးပဲ။ အဲဒီလိုဆို
ငွေချေးပေးလို့မရဘူး။ နောက်ဆုံးဝယ်ထား တဲ့သူရဲ့နာမည်နဲ့ မြေအမည်ပေါက်မှ ငွေချေး ပေးလို့
ရတာ" ဟု ဦးဝင်းဇော်က ပြောသည်။

အဆိုပါဘဏ်သည် အစိုးရနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက ဦးစီး ဆောက်လုပ်သည့်
အိမ်ရာစီမံကိန်းကြီးများ အတွက် ငွေထုတ်ချေးသကဲ့သို့ အိမ်ဆောက် ရန် ငွေချေးလိုသည့် မြေပိုင်
ရှင်များ၊ မိမိ စုဆောင်းငွေဖြင့် အိမ်၊ သို့မဟုတ် တိုက်ခန်း ၀ယ်ယူလိုသူများကို ငွေထုတ်ချေးရန်
ဆောင် ရွက်ပေးနေသော်လည်း လတ်တလောတွင် ငွေချေးလိုသူအများစုက အထောက်အထား
လုံလောက်စွာ တင်ပြနိုင်ကြခြင်း မရှိသေး ပေ။ ငွေချေးလိုသော်လည်း အထောက်အထား မလုံ
လောက်သဖြင့် ငြင်းပယ်ခံရသူဦးရေမှာ စုစုပေါင်း ချေးငွေလျှောက်ထားသူ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိ
ကြောင်းလည်း ဦးဝင်းဇော်က ပြောသည်။

"လာတော့တင်နေကြတာ အများကြီးပဲ။ တချို့က ဘောင်မ၀င်တာတွေရှိတယ်။ စာရွက် စာတမ်း
တွေ စစ်လိုက်ရင် မကိုက်ညီတာမျိုး တွေရှိတယ်" ဟုလည်း ယင်းဘဏ်၏ ဒုတိယ ဦးဆောင်ညွှန်
ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။ "ချေးတာတော့ဟုတ်ပါပြီ။ ဘယ်လို ပြန်ဆပ်မလဲလို့ မေး
တဲ့အချိန်မှာ မဖြေနိုင်ဘူး ဖြစ်နေတာမျိုးတွေရှိတယ်" ဟုလည်း ယင်း ဘဏ်၏ တွဲဖက်အတွင်းရေးမှူး
ဦးအောင်စိုးက ပြောသည်။

လက်ရှိအချိန်တွင် ယင်းဘဏ်သို့ ငွေချေး လျှောက်လွှာ တင်ထားသည့် တစ်သီး ပုဂ္ဂလပုဂ္ဂိုလ် ၂၀၀
ခန့်ကို ငွေးထုတ်ချေးရန် သင့်၊ မသင့် ဘဏ်က ကွင်းဆင်းစစ်ဆေးနေပြီ ဖြစ်ပြီး ထိုသူများအနက်
ဦးရေမည်မျှ ချေးငွေ ရမည်ကိုမူ မသိရသေးပေ။ အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် လတ်တလော တွင်
အိမ်ရာစီမံကိန်းကြီးများကို ငွေထုတ် ချေးထားသကဲ့သို့ ဆက်လက်၍ မိမိတွင် မြေပိုင်ရှိပြီး အိမ်
ဆောက်ရန် ငွေလိုနေသူ များနှင့် အိမ်၊ တိုက်ခန်းများဝယ်လိုသည့် ပုံမှန်ဝင်ငွေရှိသူများကိုလည်း
ငွေထုတ်ချေး ပေးမည်ဖြစ်ရာ ထိုကိစ္စအတွက် အဆိုပါဘဏ် က စည်းမျဉ်းများလည်း သတ်မှတ်
ထားပြီး ဖြစ်သည်။

မြေပိုင်ရှိပြီး အိမ်ဆောက်ရန် ငွေလိုနေသူ က ငွေချေးလိုလျှင် မိမိအမည်ပေါက်ဂရန်ကို ဘဏ်သို့
တင်ပြနိုင်ရမည်ဖြစ်သကဲ့သို့ ထိုမြေ ပေါ်တွင် ဆောက်လုပ်မည့်အိမ်၏ ၂၀ ရာခိုင် နှုန်းကို မိမိဘာ
သာစိုက်ထုတ် ဆောက်လုပ် ထားပြီးဖြစ်ရမည် ဖြစ်သည်။ ထိုအခြေအနေတွင် ဘဏ်သို့ချေးငွေ
တင်ပြပါက ဘဏ်က အိမ်ကို နောက်ထပ် ၂၀ ရာခိုင်နှုန်း ထပ်မံဆောက်လုပ်ရန် ငွေထုတ်ချေး
မည်ဖြစ်ပြီး ထိုငွေကုန်လျှင် ထပ်မံ၍ ၂၀ ရာခိုင်နှုန်းထုတ်ချေးမည်ဖြစ်ကာ အိမ်ပြီးစီးသည်အထိ
ထိုစနစ်အတိုင်း ဆင့်ကဲ ဆင့်ကဲ ချေးငွေထုတ်ပေးသွားမည်ဖြစ်သည်။

ချေးယူထားသည့်ငွေကိုလေးနှစ်အတွင်း ပြန်ဆပ်နိုင်သည့် ၀င်ငွေရှိကြောင်းကိုမူ အထောက်အထား
ခိုင်မာစွာ ပြနိုင်ရန် လိုအပ် မည်ဖြစ်သည်။ ပုံမှန်ဝင်ငွေရှိသော်လည်း အိမ် သို့မဟုတ် တိုက်ခန်း
ဝယ်ရန် ငွေမပြည့်မီသဖြင့် ငွေချေး လိုသူများမှာမူ အဆိုပါဘဏ်တွင် မိမိဝင်ငွေ ၏ ၃၀ ရာခိုင်နှုန်း
ခန့်ကို ကာလ အတိုင်းအတာ တစ်ခုအထိ ပုံမှန်စုဆောင်း နေရန်လိုအပ်ပြီး မိမိဝယ်လိုသည့်အိမ်
အတွက် ကနဦး တစ်လုံး တစ်ခဲတည်း ပေးချေရမည့် ငွေပမာဏကို ပြည့်မီသည်အထိ ဘဏ်တွင်
ငွေစုမိပါက ကျန်ငွေကို ဘဏ်ကထုတ်ချေးပေးမည် ဖြစ်သည်။

ထိုသူများသည်လည်း ချေးငွေကို လေးနှစ်အတွင်း အကျေဆပ်နိုင်သည့် ပုံမှန် ၀င်ငွေရှိကြောင်း
ခိုင်လုံစွာ ပြသနိုင်ရမည် ဖြစ်သည်။ အခြားလိုအပ်သည့် စာရွက်စာတမ်းများ မှာမူ အခြားဘဏ်
များတွင် ငွေချေးစဉ်လိုအပ် သည့် စာရွက်စာတမ်းများအတိုင်း တင်ပြ ရမည်ဖြစ်သည်။

ငွေချေးယူသူနှစ်မျိုးစလုံး၏ အိမ်ပိုင်ဆိုင်မှု အထောက်အထားများကို ငွေအကျေ မဆပ် နိုင်မီအထိ
ဘဏ်ကသိမ်းဆည်းထားမည် ဖြစ်ပြီး ငွေအကျေဆပ်ပြီးမှသာ ထိုစာရွက် စာတမ်းများကို ပြန်လည်
ပေးအပ်မည် ဖြစ်ကြောင်းလည်း ဘဏ်အရာရှိကြီးများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှစ်ဆန်းက စတင် တည်ထောင်ခဲ့သည့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် သည်
ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ကြီးကြပ်စီမံပြီး အစိုးရထည့်ဝင်ငွေ နှင့် ပုဂ္ဂလိက
ဆောက်လုပ်ရေးကုမ္ပဏီကြီးများ ပူးပေါင်း ထူထောင်ထားခြင်းဖြစ်ကာ မတည် ရင်းနှီးငွေ
ကျပ်ဘီလျံ ၁၀၀ ခန့်ရှိသည်။ ဘဏ်ရုံးချုပ်တည်နေရာမှာ ဒဂုံမြို့နယ်၊ န၀ဒေးလမ်း၊ ဆောက်
လုပ်ရေးမှတ်တိုင်အနီး တွင် တည်ရှိပြီး ဘဏ်ရုံးခွဲမှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်
လမ်းထောင့်တွင် တည်ရှိသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service