တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားမှုတွင် တစ်ဦးတည်းမှ အကြိမ်ကြိမ် လျှောက်ထားသူ (၁၀၀၀) ကျော် ပါဝင်နေ

တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားမှုတွင် တစ်ဦးတည်းမှ အကြိမ်ကြိမ် လျှောက်ထားသူ (၁၀၀၀) ကျော် ပါဝင်နေ - Property News in Myanmar from iMyanmarHouse.com
25 Feb 2015 9:04 am တွင် တင်ခဲ့သည်
1253 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားသူများ ထဲတွင် လူတစ်ဦးတည်းမှ အကြိမ်ကြိမ် ထပ်မံ လျှောက်ထားသူ တစ်ထောင်ကျော် ပါဝင် နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ကွန်ပျူတာနဲ့ စိစစ်လိုက်တဲ့ အခါမှာ တွေ့ရတာ။ အဲဒီလို ပိုလျှောက်တဲ့ သူတွေရဲ့ လျှောက်လွှာတွေကို ပယ်သွား မှာပါ ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တစ်ဦးတည်းမှ နှစ်ကြိမ် သုံးကြိမ် လျှောက်ထားသူ များကြောင့် အမှန်တကယ် အိမ်ရာ လိုအပ်နေသူများ အတွက် နစ်နာမှုများ ရှိလာနိုင်၍ နောင်တွင် မည်သူမဆို လျှောက်ထားခြင်းအား တစ်ကြိမ်သာ ပြုလုပ် သင့်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိ ရောင်းချပေးနေသည့် ဗိုလ်ဗထူး အိမ်ရာနှင့် ဗိုလ်မင်းရောင် အိမ်ရာတို့အား လျှောက်ထားသူ (၆၈၂၅၈) ဦးတွင် မဲပေါက်သူ (၆၆၆၀၅ )ဦးခန့်ရှိပြီး၊ ကျန်ရှိသည့် လျှောက်ထား သူများမှာ မဲပေါက်ခြင်း မရှိသူများ ဖြစ်ကြောင်း သိရသည်။

စီးပွားဖြစ် လုပ်တဲ့ သူတွေကို တကယ်တော့ အရေးယူသင့်တယ်။ သူတို့တွေ လုပ်ရပ်ကြောင့် တကယ် လိုအပ်တဲ့ သူတွေ အတွက် ထိခိုက်တယ် ဟု ဗိုလ်မင်းရောင် အိမ်ရာ လျှောက်ထားသူ ကုမ္ပဏီ ၀န်ထမ်း မသန္တာဦး က ပြောသည်။ တန်ဖိုးမျှတ အိမ်ရာ လျှောက်ထားရာတွင် နှစ်ကြိမ် သုံးကြိမ် လျှောက်ထားသူ များအား အရေးယူမှု မရှိသော်လည်း လျှောက်ထားသည့် လျှောက်လွှာ များကို ပယ်ဖျက် လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ထံမှ သိရသည်။ ရန်ကုန် တိုင်းဒေသကြီး အတွင်း အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်း နိုင်ရန် ထပ်မံ၍ ရွှေပြည်သာ၊ မြောက်ဥက္ကလာပနှင့် ဒဂုံအရှေ့ စသည် မြို့နယ်များတွင် တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာ စသည်တို့ကို ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service