ပွင့်လင်းကာလ အိမ်၊ ခြံ၊ မြေဈေးကွက် နှင့် မြို့ပြမြေယာဈေးနှုန်းများမြှင့်တက်လာမှု

ပွင့်လင်းကာလ အိမ်၊ ခြံ၊ မြေဈေးကွက် နှင့် မြို့ပြမြေယာဈေးနှုန်းများမြှင့်တက်လာမှု - Property News in Myanmar from iMyanmarHouse.com
20 Feb 2015 2:27 pm တွင် တင်ခဲ့သည်
1966 ကြိမ် ကြည့်ရှု့ပြီး
ယခုလက်ရှိ အချိန်မှာတော့ အိမ်၊ ခြံ၊ မြေဈေးကွက်တွေမှာ အိမ်၊ ခြံ၊ မြေဈေးတွေမြင့်မားတာကတစ်ကြောင်း၊ ၀ယ်ယူသူတွေ ဘက်က ငွေကြေးများ၊ စီးပွားရေးများ၊ မကောင်းတာကတစ်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ရင်းနှီးမြုပ်နှံဖို့အတွက် အေးစက်နေရပါသည်။ ယခုလက်ရှိ စက်မှုဇုန်များကို လေ့လာကြည့်တဲ့အခါမှာ ဂိုဒေါင်အလွတ်တွေ၊ မြေကွက်အလွတ်တွေ အများအပြား တွေ့ရပါသည်။

သို့သော်လည်း ရင်းနှီးမြုပ်နှံမည့်သူ နည်းပါးလို့နေပါသည်။ အကယ်၍ ထိုမြေကွက်များမှာ အဆောက်အဦးများ၊ စက်ရုံများ ဆောက်လုပ်ပြီး လုပ်ငန်းလည်ပတ်နိုင်မည်ဆိုလျှင် ကျွန်တော်တို့ နိုင်ငံ၏ အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်များ ရရှိနိုင်ရန် အခွင့်အရေးများလည်း ကောင်းမွန်လာနိုင်မည်ဟု ယူဆမိပါသည်။

ယခုဆိုလျှင် ကုန်ဈေးနှုန်းများ မြင့်မားလာပြီး အလုပ်အကိုင် အခွင့်အလမ်းများနည်းပါးလာမှုကြောင့် စီးပွားရေးကြပ်တည်းမှုများနှင့် ရင်ဆိုင်နေရပြီး ၀င်ငွေ နည်းပါးမှု၊ ကုန်ဈေးနှုန်းကြီးမားလာမှု၊ လတ်တလောစီးပွားရေးများ ကျဆင်းလာမှုကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်များမှာလည်း အေးစက်နေရခြင်း၏ အဓိကပြဿနာတစ်ခုဖြစ်ပါသည်။

နိုင်ငံတော်အစိုးရမှ အိမ်ယာ စီမံကိန်းများ အမြောက်အများ ဆောက်လုပ် ပေးနေသော်လည်း ဈေးနှုန်းတွေများမှာ အခြေခံ လူတန်းစားများအတွက် လက်လှမ်းမမီနိုင်သည့် အနေအထားတစ်ခုဖြစ်နေသည်။

အစိုးရမှာ ဆင်းရဲမှုလျော့ချနိုင်ရေးစီမံကိန်းအတွက် တန်ဖိုးနည်း အိမ်ယာအမြောက်အများ တည်ဆောက်ပေးနေသော်လည်း လူအများစုမှာ နေရေးထက် စားရေးကိုသာ ဦးစားပေးနေရသည့်အခါ အတွက် ကိုယ်ပိုင်ခြံများ၊ ကိုယ်ပိုင် အိမ်များနှင့် ဝေးကွာလျက်ရှိသည်။ အကယ်၍ စီးပွားရေးဈေးကွက်များ တိုးတက်လာမှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်လာမှုများ ဖြစ်လာမည်ဆိုလျှင် အိမ်၊ ခြံ၊ မြေဈေးကွက်များ ပြန်လည်အသက်ဝင်လာနိုင်မည်လို့ ယူဆမိပါသည်။

လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်လိုသူများမှ အချိန်ကာလ တစ်ခုတွင်ဖြစ်ပေါ်လာမည့် စီမံကိန်းများကို မျှော်မှန်း၍ အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ယခုအချိန်မှစ၍ မြေယာများကို အရောင်းအ၀ယ် ပြုလုပ်သောကြောင့် မြေဈေးနှုန်းမှာလည်း မြှင့်တက်လျှက်ရှိပါသည်။ လမ်းတခုပေါ်ရှိ မြေကွက်များတွင် အများအားဖြင့် ထောင့်ကွက်သည် ဈေးအများဆုံးဖြစ်ပါသည်။ အဓိက လမ်းမကြီး၏ ဘေးဆိုလျှင် ပိုမို မြင့်တက်လျက်ရှိပါသည်။

ထို့ကြောင့် မြို့နယ်အလိုက် မြေယာဈေးနှုန်းများမှာလည်း မတူညီကြပေ။ မြို့လယ်ကောင်နှင့်ပိုနီးသော မြို့နယ်များမှ မြေကွက်များသည် အခြား မြို့နယ်များထက် ပို၍ ဈေးမြှင့်တက်လာလျက်ရှိပြီး အခြားမြို့နယ်များရှိ မြေကွက် ဈေးနှုန်းများသည်လည်း သူ့အတိုင်းအတာနှင့်သူ တစ်နှစ်ထက် တစ်နှစ်ပို၍ ဈေးနှုန်းများ မြှင့်တက် လာကြပါသည်။

မြေဈေးနှုန်းတက်ခြင်းသည် လုပ်ငန်းရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တစ်နိုင်စီးပွားရေးလုပ်ကိုင်နိုင်ခြင်း၊ ဆိုင်များဖွင့်လှစ်၍ စီးပွား ရှာနိုင်ခြင်း၊ တခြားသောစီးပွားရေး လုပ်ငန်းများလုပ်ကိုင်လာနိုင်ခြင်း၊ စီးပွားရှာနိုင်ရန် လွယ်ကူသော အနေအထား ရှိခြင်းကြောင့် မြေယာများမှာ ၀ယ်သူမရှားသော အနေအထားတွင်ရှိပါသည်။ မြို့လယ်ကောင်နှင့် နီးလေလေ ဈေးနှုန်းမြှင့်လေဖြစ်ပြီး၊ မြို့လယ်နှင့် မနီးလွန်း၊ ဝေးလွန်းသောမြို့နယ် များတွင်လည်း မြေယာ ဈေးနှုန်းများ မြင့်တက်လျက်ရှိပါ
သည်။

Credit: Myanmar Property News- MPN

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service